လေကြမ်းချက်များ •••••••••••••••••••• မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဂျာမန်လူမျိုး တစ်ယောက်သည် ၄င်း၏ ဂိုက်လေးအား မေးမြန်းနေသည်။ " ဒီအဆောက်အဦးကို ဘယ်လို ခေါ်ပါသလဲ...? " " ဇရပ်လို့ ခေါ်ပါတယ် " " ဘာရည်ရွယ်ချက်နဲ့ လမ်းဘေးမှာဆောက်တာလဲ...? " " ခရီးသွားလာသူတွေ နားနားနေနေ နေရအောင်ပါ " " ဘေးက ကပ်လျက်က ဘာလေးလဲ..? " " ဟုတ်ကဲ့... သောက်ရေအိုးစင်ပါ " " ထားရတဲ့ ရည်ရွယ်ချက်လေးက..? " " ခရီးသွားတွေ မောပမ်းလာရင် ရေသောက်ရအောင်လို့ပါ ဗျ " " ကောင်းတယ်ဗျာ... ရေသောက်ပြီး အဆင်သင့်နားဖို့ ခဗျားတို့ လူမျိုးတွေရဲ့ စေတနာကောင်းမှု့၊ ရက်ရောမှု့၊ ဖော်ရွေမှု့ တွေကို အတိုင်းသား မြင်တွေ့ရတာပါပဲ...." ဂျာမန် နိုင်ငံသားကို ရှင်းပြနေတဲ့ မြန်မာဂိုက်လေးရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေ..လို့.... မကြာပါဘူး.. ဂျာမန်တိုးရစ်က သောက်ရေခွက်ကို ကြည့်ပြီး မေးလိုက်ပြန်ပါတယ်.... " ဒါနဲ့... ဒီသောက်ရေခွက်လေးကို ဘာလို့ ကြိုးချည်၊ သော့ခတ်ထားတာလဲ...? " ဒီတော့ မြန်မာဂိုက်လေးက ဇောချွေးများ ပြန်နေအောင် စဉ်းစားပြီး ဖြေလိုက်...
Posts
Showing posts from July, 2022
- Get link
- X
- Other Apps
စာသင်ခန်းထဲတွင် ဖြစ်သည်။ " အောင်အောင်ဦး ဂငယ်အပေါက် ဘယ်ဘက်လှည့်သလဲ " " အောက်ဖက်လှည့်ပါတယ် ဆရာမ " " အေး တော်တယ် မြင့်စန်းရီ... ပစောက်အပေါက် ဘယ်ဘက်လှည့်သလဲ " " အပေါ်ဘက်ပါ ဆရာမ " " ငါ့တပည့်တွေ တော်တယ်.. ဟဲ့ ကိုချက် င အပေါက် ဘယ်ဖက် လှည့်သလဲ.." (ကိုချက် က မဖြေ လက်ပိုက်ပြီး ရပ်နေသည်) " ဟဲ့ ကိုချက် ဖြေလေ..." " ဖြေမှာပါဆရာမ ဆရာမက ဟိုလျှောက် ဒီလျှောက် လုပ်နေတော့မသေချာသေးလို့ ဆရာမ_ ရပ်မဲ့အချိန်ကို စောင့်ကြည့်နေတာပါ " 😛😁😁😂😂 Crd Credit
- Get link
- X
- Other Apps
"မဲသရောင်" "အစ်ကို ဆိုင်ကယ်ဘာဖြစ်တာလဲဗျ" "ဆီကုန်တာငါ့ညီရ ဒါနဲ့ မင်းရော ဘယ်သွားမလို့လဲ " ကျွန်တော်လည်း အလိုက်သင့်နှုတ်ခွန်းဆက်လိုက်သည်။ "ကျွန်တော့်အိမ်က ရှေ့နားမှာလေ ဒါနဲ့ အစ်ကိုကခရီးသွားထင်တယ် တစ်ခါမှ မမြင်ဖူးဘူးနော်" "အင်း ဟုတ်တယ် အစ်ကိုက ပွဲစားဆိုပါတော့ ခုည ရောင်းသူနဲ့ဝယ်လဒ်ကို စျေးညှိပေးနေရတာနဲ့ နောက်ကျသွားတာကွ" ဘာပဲဖြစ်ဖြစ် ခုလိုညအချိန်မှာ စကားပြောဖော်တစ်ယောက်ရှိတော့ အပျင်းပြေတာတော့အမှန်ပင်။ သူ့ပုံကြည့်ရတာတော့ ခပ်အေးအေးပုံစံလေးဗျ။ ကျွန်တော်လည်း မနေနိုင်တာနဲ့ သူ့အကြောင်းစပ်စုကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။ "ဒါနဲ့ ငါ့ညီ မင်းကဘာအလုပ်လုပ်တာလဲကွ" သူတစ်ချက်ငြိမ်သွားသည်။ "ကျွန်တော်က ခြံစောင့်ပါ ဒီခြံကြီးကိုစောင့်ရှောက်ရတာလေ" ထို့်နောက် သူ့မျက်လုံးဝိုင်းတွေဖြင့် ကျွန်တော့်ကိုစိုက်ကြည့်ပြီး ထူးထူးဆန်းဆန်း မေးလေသည်။ "အစ်ကို သရဲ မကြောက်ဘူးလား" "မကြောက်ပါဘူးကွာ သရဲဆိုတာ တကယ်မှမရှိပဲကွာ" ကျွန်တော်လည်း စိတ်ထဲရှိရာ ဖြေလိုက်သည် ။ "အစ်ကိုက ခရီးသွားဆိုတော့ ဒီခြံအကြောင်းဘယ်သိမလဲဗျာ" "ထားပါတ...
- Get link
- X
- Other Apps
သတိပေး စာများ အကြောင်း ====================== ကားစီးတိုင်း(သို့မဟုတ်)ကားမောင်း တိုင်း ကိုယ့်ရှေ့ကသွားနေတဲ့ ကား တစ်စီးရဲ့ ကားနောက်ဖုံးမှာ..ဒါမှ မဟုတ် Mudguard (ရွှံ့ကာ) ပေါ် မှာ ..ရေးထားတဲ့ စာတမ်းလေးတွေ ကို သင် သတိပြုဖတ်ဘူးပါသလား.? များသောအားဖြင့် ကိုယ့်ကား နောက်မှာကပ်လျက်ပါလာတဲ့ကား ကိုသတိထားမောင်းဘို့အသိပေးတဲ့ စာလေးတွေပဲများပါတယ်.. 'ကပ်မလိုက်ရ ' ' ခွာလိုက်ပါ'.. စသည်ဖြင့်ရိုးရိုးသတိပေးရေးသား တာမျိုးတွေရှိသလိုကာလပေါ် 'ဘန်း' စကားတွေနဲ့ ခပ်လောင်လောင် ရေး တာမျိုးလည်းတွေ့ရ တတ်ပါတယ်.. ဥပမာ 'ဝေး နေတာပဲ ကောင်းပါတယ်..' 'နမ်း မိမယ်နော်..' 'ငါ့ကို ချစ်ရင်မနမ်းပါနဲ့..' ဒီလိုရေးတာတွေလည်းမနည်းဘူး.. တချို့က ဒီလို အပြတ်အော်ထား ပြန်တယ်.. 'နောက်က နမ်းရင် လျော်ရမယ်..' တချို့ကတော့ နောက်ကားအတွက် သတိပေးချက်မဟုတ်ဘဲ အပျော် ဟာသသက်သက်ရေးထားမျိုး လည်း ရှိတတ်ပါတယ်.. ဥပမာ.. 'မင်းကိုလည်းချစ်တယ်.. အိမ်ကဟာကြီးကိုလည်း မပစ် နိုင်ဘူး'..မျိုးပေါ့.. (ဟဲဟဲ..ဝေသန္တရာလိုအချစ်မျိုး ထင်ပါရဲ့..😜) အများစုက သတိပေးချက်ကို ဟာသဆန်ဆန်ရေးထားတတ်တာမို့ စာတမ်းရှင်တွေ...
- Get link
- X
- Other Apps
သံဈေးကွက်ထဲ စျေးလိုက်စပ်တဲ့ ၁၄ နှစ် ကုလားလေးကို မင်းရော ဂျပန်စာ မသင်ဘူးလား ဆိုတော့ .. ဗမာလိုကောင်းကောင်း ပြောတတ်ရင် နှစ် ၂၀ ဆို သဌေး ဖြစ်ပြီတဲ့ … --------------------------------------------- ကိုးရီးယားသံရုံးရှေ့မှာ မြန်မာလူငယ်တွေ ကြိတ်ကြိတ်တိုး နေကြတယ် … မြန်မာလူငယ် အများ ဂျပန်စာ သင်နေကြတယ် … ဒီမှာ အလုပ်လုပ်ဖို့ ခေါ်ရင် မျော်လင့်ချက် မရှိဘူး… ကိုးရီးယား ဂျပန် သွားမယ်.. တဲ့လေ .. သူတို့ကို အပြစ်ပြောတာ မဟုတ်ဘူးနော်.. အောက်ကို ဆက်ဖတ်ကြည့်ပေး.. အဲ့ဒီအချိန် ခင်မင်တဲ့ ကုလားလူငယ် စီးပွါးရေးသမားပေါ့.. အရင်က ချိန်းလင့်တွေကို သွင်းတယ်တဲ့ ။ အခု မြောင်းတကာမှာ ထုတ်တော့မယ်တဲ့ .. အရင်းက စိုက်စရာ ဘာမှ မရှိဘူးတဲ့ .. ဒီလိုပဲ လုပ်ငန်း ငွေချေး ဌာနဆိုင်ရာမှာ ဟိုဝင် ဒီထွက်နဲ့ လုပ်ငန်းတွေ ရပြီ .. အခု စက်ရုံ စ Run နေပြီ။ ဟိုတလောက သိတဲ့ တရုတ်လေးတယောက်.. ဟျောင့် ဘာတွေ လုပ်နေလဲ မေးတော့.. မြေစျေးတက်တော့မှာ စျေးကွက်တွေ လိုက်စုနေတယ်တဲ့. လိုက်ဝယ်တာလား ဆိုတော့.. ဟုတ်ဘူး.. တဲ့ စျေးကွက်ကို ဝင်ကစားမလို့ .. လိုက်အုပ်နေတာတဲ့.....
- Get link
- X
- Other Apps
#ဧည့်သည် အရင်တုန်းက တစ်သက်လုံး တူတူနေသွားကြမယ်ဆိုတဲ့ မိသားစု ဆိုတာလည်း ခွဲနေတဲ့လူကခွဲနေ သေသွားတဲ့လူကသေနဲ့ လူတွေ ရေရှည်အတူတူနေဖို့ဆိုတာ ရေစက်ရှိသလောက်ပဲဆိုတာ သိလာတယ်။ ငါတို့အတူတူနေကြမယ်ဆိုပြီး သူငယ်ချင်းတွေ တူတူတိုင်ပင်ခဲ့ကြဖူးတယ် အသက်ကြီးလာရင် ခရီးတွေသွားကြမယ် Club တွေဆက်တက်ကြဦးမယ် ပရဟိတတွေလုပ်ကြမယ် တူတူနေကြ တူတူခွီကြမယ်လို့လည်း စီစဉ်ခဲ့ကြဖူးတယ် ဒါပေမယ့် ကြာလာတဲ့အခါ လူအမျိုးမျိုးဟာ အကြောင်းအဖုံဖုံနဲ့ ရေရှည်မှာ အတူတူဆုံနေကြဖို့ဆိုတာ သိပ်မသေချာတော့မှန်း သိလာတယ်။ ချစ်သူနဲ့ အတူတူနေသွားဖို့လည်း ကြိုးစားခဲ့ကြဖူးတယ် ဒါပေမယ့် ကိုယ်တောင် မနက်ဖန်ဆိုတာ နေရမနေရ မသေချာတဲ့လောကမှာ လူတစ်ယောက်နဲ့ တစ်သက်လုံးနေရဖို့ဆိုတာ ရေစက်ကလည်းရှိဦးမှ ကံကလည်းပါဦးမှဆိုတာ ရိပ်မိလာတယ် ပြဿနာကြီးငယ်တွေနဲ့ မတူညီတဲ့အယူအဆတွေနဲ့ လမ်းခွဲကြ ပြတ်ဆဲကြ ထပ်ရှာကြ ထပ်ကွဲကြနဲ့ ထာဝရ လက်တွဲနိုင်ဖို့ဆိုတာ တော်ရုံရေစက်နဲ့ မရမှန်း သဘောပေါက်လာမိတယ်။ အိမ်ထောင်သည်တွေတောင် ဒီလင်ဒီမယား တစ်သက်လုံးလက်တွဲသွားကြဖို့ မသေချာတဲ့ လောက မွေးထားတဲ့ သားသမီးဆိုတာလည်း ကိုယ်နဲ့တူတူနေပေးဖို့ ကိုယ့်ကိုပြန်ပြီး လုပ်ကျွေးပြုစုဖိ...
- Get link
- X
- Other Apps
သူတော်စင် တစ်ပါးကို မတရားသော မင်းတစ်ပါးက မီးပုံထဲပစ်ချထားချိန်တွင် ခိုတစ်ကောင်က ပါးစပ်ထဲရေငုံပြီး မီးပုံထဲအခါခါ လာလာ သွန်ချနေလေသည်..။ ထိုအခါ နံဘေးမှ ရပ်ကြည့်နေသောလူတို့က ၎င်းခိုသတ္တဝါအား " အသင်၏ ဤမျှလောက်သော ရေဖြင့် မီးငြိမ်းသွားမည် ထင်ပါသလား " ဟု မေးကြရာ.. ခိုသတ္တဝါမှ.. " အိုလူသားတို့ .. ကျွန်ုပ်ပါးစပ်အတွင်းရှိ ငုံထားသော ရေသည် ဤမျှကြီးမားသောမီးအား မငြိမ်းသတ်နိုင်သည်ကို ကောင်းစွာ သိရှိပါသည်။ သို့သော် ဘုရားရှင် အရှေ့မှောက်ရောက်သည့်အခါ၊ ကျွန်ုပ်သည်မီးရှို့သူဘက်က မရပ်တည်ပါ။ ထို့အပြင် မတရားမှု ကို လက်ပိုက်ကြည့်နေသော လူတန်းစား စာရင်းထဲလည်းမပါချင်ပါ ။ မတရားမှု ကို လက် မခံသော၊ မီးငြိမ်းပေးသူစာရင်းတွင်သာ ပါဝင်လိုသည့်အတွက် မိမိ တတ်နိုင်သမျှ ဖြင့် မီးငြှိမ်းပေးနေခြင်းပဲ ဖြစ်သည် " ဟုပြောလေသည်။ မတရားတာကိုသိသိကြီးနဲ့ မမြင်ချင်ဟန်ဆောင်ပြီး မဆိုင်သလိုနေနေတဲ့အထဲ ငါ ပါနေလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ အာဏာရှင် တကယ်မကြိုက်တာလား ဒါမှမဟုတ် အာဏာရှင် စိတ်ကွက်မှာကြောက်လို့ တကယ်မကြိုက်ကြောင်း စိတ်ထဲကတောင်မ...
- Get link
- X
- Other Apps
အမြန်ယာဉ် အလွမ်း ================== ဟိုးခေတ်က ကားစပယ်ယာတွေ ဟာကားစီးတဲ့(မယ့်)ခရီးသည်ကို မြှောက်ပင့်ပြောဆိုတတ်သလို မခံချင်အောင်လည်း'ဆွ'တဲ့ဗျူဟာ နဲ့ဈေးခေါ်တတ်ပါတယ်.. အဲ့ဒီတုန်းက ကားလေးတွေရဲ့အမိုး ပေါ်မှာ သံပန်းစင်ပါတတ်ပြီးလူတင် ပါတယ်..(ယခုတိုင်နယ်ကားတွေမှာ အမိုးပေါ် ပစ္စည်းတင်|လူတင်တုန်း ပါပဲ..) မှတ်တိုင်မှာထိုးဆိုက်လာတဲ့ကားကို ပြေးတက်မယ်လုပ်တာ..ကားတစ်စီး လုံးပြည့်ကြပ်နေပြီ..စပယ်ယာက တော့ လိုက်လို့ရတယ်('မိုးဝင်း'ဇာတ် တောင်က,လို့ရသေး..လုပ်တုန်းပဲ😜) မတွယ်ချင်တော့လို့မတက်တော့တဲ့ အမျိုးသားတွေဆိုရင် စပယ်ယာက ရိတယ်.. "မောင်းထားတော့ဆရာရေ.. ကျားကျားယားယားတွေပဲလိုက် မယ်..အားနွဲ့သူတွေနေရစ်တော့.." ကိုယ့်ဘာသာပိုက်ဆံပေးစီးရသမို့ ချောင်မယ့်ကားစောင့်တာကိုပဲ 'ဂျော်တကီး'လိုလိုအပြောခံလိုက် ရသေးတယ်..ရင်နာရတဲ့အဖြစ်တွေ 😋😋 ကိုယ့်သူငယ်ချင်းတစ်ဦးရဲ့အဖြစ် ကိုမှတ်မိနေတယ်.. ကျောင်းပိတ်ရက်တစ်မနက် အင်းစိန် လမ်းပေါ်မှာရှိတုန်းပဲခူးကား Hilux တစ်စီးထိုးရပ်လာတယ်.. တစ်ပွေထဲငေါင်တောင်တောင်ဖြစ် နေတာ..'ရွှေမောဓေါဘုရား'မဖူးရ တာကြာပြီ..နေ့ချင်းပြန်ခရီးပဲ.. လိုက်သွားဦးမှ..ဆိုပြီးက...
- Get link
- X
- Other Apps
ဂျော် များ ======= သမိန်ပေါသွပ်(မောင်ဝဏ္ဍ) ကာတွန်း တစ်ခုမှာ ဖတ်ဘူးပါတယ်.. 'ရန်သူနဲ့ယှဉ်ပြိုင်နိုင်မယ့်..ဗလကြီး တစ်ယောက်ကို ခေါ်လာပါတယ်'လို့ လို့မင်းချင်းတို့ကလျှောက်ထားလာ လို့ ဘုရင်ကြီးကလူသန်ကြီးဒီဇိုင်းကို ကြည့်ပြီးသိပ်သဘောကျသွားတယ်.. ပြီးတော့'တတ်စွမ်းတဲ့ပညာတကွက် နှစ်ကွက်လောက်ပြပါဦး..ဆိုပြီး ခိုင်းလိုက်သတဲ့.. ဒီအခါ လူသန်ကြီးက အလွန်နွဲ့လျ သောအသံဖြင့်ပြန်ပြောသည်မှာ.. 'သူများအပိုင်နိုင်ဆုံးမှာ အက ဖြစ်ကြောင်း..ယခုတောင်းဆိုပြီမို့ ကပြဖျော်ဖြေပါမည်..'ပြောပြီး ကွေးနေအောင်ကပြတော့တာပဲ.. ဒီတော့မှ..သူတို့ ဖိုက်တာကြီး အဖြစ်အားကိုးတကြီးခေါ်လာသူ ဟာ'ဂျော်တကီး'ကြီးမှန်း(အားလုံး) သိသွားကြသတဲ့.. ကာတွန်းမောင်ဝဏ္ဍစတိုင်လ်.. ဘုရင်ကြီးဒေါသထွက်ထွက်နဲ့ သူ့လူတွေကိုပြောတာက.. ''မင်းတို့ ဟာကြီး ငါ့ရှေ့က မြန်မြန် ခေါ်ထုတ်သွားစမ်း..သူ့ကိုကြည့်ပြီး ငါတောင် ဖက်နမ်းချင်စိတ်ဖြစ်လာ လို့..''တဲ့😜 ဟဲဟဲ.. ဂျော်တကီး ဆိုတာ ပုံစံဖြူဖြူနွဲ့နွဲ့ လေးမှလို့ပုံသေမထင်နဲ့.. အားကောင်းမောင်းသန်.. အာနိုးဆိုက်ကြီးတွေလည်း 'ဂျော်'နေတာတွေရှိတာပဲ.. သြော်.. ဘာရယ်တော့မဟုတ်ပါဘူး.. နိုင်...
- Get link
- X
- Other Apps
နည်းပညာခေတ်ကို လုပ်အားနဲ့ ဘယ်လိုမှ ယှဥ်မရပါဘူး ။ Korea တို့ Japanတို့မှာ ၅နှစ်လောက် အလုပ်သွားလုပ် သိန်း၂ထောင်စုမိပြီပဲ ထားအုံး ။ မြန်မာပြည် ပြန်ရောက်ရင် japanကား သိန်း ၅၀၀ တန်လောက်ပဲ ဝယ်စီးတယ်၊ ကျန်တဲ့1500လောက်ကို တိုက်ခန်းဝယ် အဲ့တိုက်ခန်း ရောင်းတဲ့သူက အဲ့ပိုက်ဆံနဲ့ ကားအကောင်းစား သိန်း၁၅၀၀တန် ဝယ်စီးလိုက်ပြီ ထားပါတော့ ၊ ကိုယ်လုပ်ခဲ့တဲ့ ၅နှစ်လုပ်ခ အကုန် သူ့နိုင်ငံအကုန် ပြန်ရောက်သွားတယ် ။ ကားတစ်စီးထုတ်ဖို့ ဆိုတာ ရက်ပိုင်းတောင် မကြာပါဘူး နည်းပညာဆိုတာ အဲဒါပဲ ။ ဆန်စပါးလို စောင့်နေစရာ မလိုဘူး လိုသလောက် ထုတ်လုပ်လို့ရတယ် ။ စပါးဆိုတာ တစ်နှစ်၅ခါမှ စိုက်လို့မရတာ ကားကတော့ လိုအပ်ရင် စက်ရုံထပ်ဆောက်လို့ ရပါတယ် ။ ကိုယ်လက်လှမ်းမမှီတဲ့ နည်းပညာတွေမှ အများကြီးပဲ တွေးဖို့တောင် ဉာဏ်မမှီတာ တစ်ပုံကြီး ရှိသေးတယ် ။ နည်းပညာတွေဟာ အရမ်းအရေးကြီးတယ် ဆိုတာ တွေးမိတာကို ပြောချင်တာပါ ။ နည်းပညာ နိမ့်ကျရင် လယ် လုပ်ရတာ ခြင်း တူရင်တောင် စက်နဲ့ လုပ်တဲ့သူနဲ့ နွားနဲ့ အတူတူ ရုန်းတဲ့သူ ကွာသလို ကွာပါလိမ့်မယ် ။ နိုင်ငံခြားကို သွားဖို့အသည်းအသန်တွေ ကြိုးစားနေတာ မြင်တော...
- Get link
- X
- Other Apps
ဗုဒ္ဓဘာသာ နဲ့ မြန်မာပြည် ရေခံမြေခံက မကိုက်ဘူး။ ဒီလိုပြောတော့ လွန်တယ်ထင်မယ်။ ဒီဘာသာရဲ့ Founding Father ကြီးနဲ့ သူ့ရဲ့ Fellowship တွေကို တချက်ကြည့် ကြည့်။ ဂေါတမဗုဒ္ဓ(သိဒ္ဓတ္တ)- လူ့ဘဝမှာ ဘုရင့်သား၊ လိုချင်တဲ့ လောကီ စည်းစိမ်း အကုန်ရတယ်။ ဘောစိကို နှစ်ထပ်ကွမ်းစိတာ။ သူရဲ့ ပထမဆုံးသာဝက တွေကြည့်။ ရှင်ကောဏ္ဍည- ဇာတ်အမြင့်ဆုံး ဗြဟ္မဏပုဏ္ဏားနွယ်၊ နန်းသုံး ဗေဒင်ဆရာ (နန်းသုံး ဗေဒင်ဆရာတွေ ဆိုတာ ဒီခေတ်တောင် စိတယ်) ကျန်လေးပါး - ရှင်ဝပ္ပ၊ ရှင်ဘဒ္ဒိယ၊ ရှင်မဟာနာမ်၊ ရှင်အဿဇိ ( ရှင်ကောဏ္ဍည ဘော်ဒါ နန်းတွင်း ဗေဒင်ဆရာ ပုဏ္ဏာကြီးတွေရဲ့ သားတွေ) အကုန် ဇာတ်မြင့်။ နန်းတော်အသိုင်းဝိုင်းက ဘောစိပေါက်စလေးတွေ တခါ နာမည်ကျော် သာဝကကြီးတွေကိုကြည့်ဦး ရှင်သာရိပုတ္တရာ- အိန္ဒိယ လူ့ဘောင် ဇာတ်အမြင့်ဆုံး ဗြဟ္မဏနွယ်၊ သူကြီးသား ဘောစိ ရှင်မဟာမောဂ္ဂလန်- ထိုနည်းလည်းကောင်းပဲ၊ ဇာတ်မြင့် ဘောစိ ရှင်မဟာကဿပ- ထိုနည်းလည်းကောင်းပဲ၊ ဇာတ်မြင့် ကုဋေ၈၀ သူဌေးသား RK ရှင်ဒေဝဒတ် - ဘုရင့်သား၊ နှစ်ထပ်ကွမ်းဘောစိ RK ရှင်အာနန္ဒာ- ဆွေတော်မျိုးတော် ဇာတ်မြင့်၊ ဘောစိ ရှင်ကာဠုဒါယိီ- ဖွား...
- Get link
- X
- Other Apps
ဟိုနေ့က စာအုပ်တစ်အုပ်ထဲမှာ မဟာဇနက ဇာတ်လမ်းလေး ပြန်ဖတ်ရတော့ ပေးချင်တဲ့ မတ်စေ့တွေက တော်တော်လေး ကောင်းတယ်ဟ လို့ တွေးပြီး အံ့ဩရတယ် ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ဇာတ်လမ်းတွေ ဒီအသက်အရွယ် ပြန်ဖတ်ရင် ရတဲ့ မတ်ဆေ့တွေက မတူတော့ဘူး ဇာတ်ဝတ္ထု တွေ အကြောင်းပြောရင် ဒီလူတွေ၊ ဒီအကြောင်းအရာတွေ တကယ် ရှိခဲ့ မရှိခဲ့ ၊ ဖြစ်ခဲ့ မဖြစ်ခဲ့ ဆိုတာထက် ခေတ်တခေတ်က လူတွေ နှောင်းလူတွေကို လက်ဆင့်ကမ်း ပေးချင်ခဲ့တဲ့ အမြင့်ဆုံး wisdom တစ်ခု အနေနဲ့ သဘောထားပါတယ်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်နက်ကြီးထဲ သင်္ဘောပျက်တော့ အခြားလူတွေ အော်ဟစ် ငိုယို ဆောက်တည်ရာ မရ ဖြစ်နေတဲ့အချိန် မဟာဇနကက တည်တည်ငြိမ်ငြိမ်ပဲ တွေးတော ဆင်ခြင်ပြီး လုပ်စရာရှိတာ ဆက်တိုက် လုပ်နေခဲ့တာနော် Wisdom over Emotions ! မှတ်မိသလောက် အဆာခံအောင် ဆီဦးထောပက်တွေ စားတယ်၊ ပုဆိုးကို ဆီထောပက် သုတ်တယ်၊ ပြီးရင် အမြင့်ဆုံး တိုင်ထိပ်ထိ တက်ပြီး ငါးမန်းအုပ် လူအုပ်နဲ့ ဝေးတဲ့နေရာကို ခုန်ချပြီး စကူးတော့တာ ဒီအထိကို အံ့ဩစရာတွေက အများကြီး ဖြစ်တဲ့အချိန်က ညလို့ ထင်ပါတယ်။ ပင်လယ်နက်ကြီးထဲတော့ နေ့...
- Get link
- X
- Other Apps
သေနတ်ဆိုင် တဆိုင်သို့ အဘွားအို တယောက် သေနတ် လာဝယ်သည်။ "သေနတ် တလက်လောက် လိုချင်တယ်ကွယ်'' "ဘယ်လို သေနတ်မျိုး ယူမလဲ အဘွား ရှစ်တောင့်ထိုး ရှိမယ်..ခြောက်တောင့်ထိုး ရှိမယ် '' "အင်းး..ဘယ်ဟာ ယူရမလဲ ဆိုတော့.. ခဏ ..'' အဘွားအိုက အိပ်ကပ်ထဲက ဖုန်းထုတ်၍ ဆက်လိုက်ပြီး "ဟယ်လို.. EPC ရုံး ကလား? " "ဟုတ်ပါတယ်..ခင်ဗျာ '' "တခုလောက် မေးချင်တယ် မင်းတို့ရုံးမှာ ဝန်ထမ်း ဘယ်နှယောက် ရှိလဲကွယ်" " ရှစ်ယောက် ရှိပါတယ် ခင်ဗျ ''. ထိုအခါအဘွားအို ဖုန်းချ၍ ဆိုင်ရှင်အား.. " ရှစ်တောင့်ထိုး...ပေး ။ လိုလို ပိုပို ကျည်ကတ် ၂ ကတ်နဲ့ လက်ပစ်ဗုံးပါ ပေး'' " အယ် ''😅 (မရတော့ဘူး စိတ်တော်တော်ဆိုးပြီ ထမင်းအိုးတွေ ပျက်တာများပြီ)😁 #Credit: ပြန်လည်မျှဝေသည်။ Htike (Solo)
- Get link
- X
- Other Apps
#ချောမယ်နဲ့ချောတယ် ”မောင်” ”ဗျ” ”မနက်ဖြန် ကျွန်မမွေးနေ့နော်” ”အင်း သိတယ်လေ။ အာ့ ဘာဖြစ်လို့လဲ" ”ဘာဖြစ်လဲဆိုတော့ ဘာမှတော့မဖြစ်ပါဘူး" အလိုက်သင့်ပြန်ဖြေနေပေမယ့် အသံက နည်းနည်းဒေါသသံပါလာသလိုလို။ နည်းနည်းမှ အစမခံ။ "ကျွန်မက ပင်လယ်ဝက တောင်ပေါ်ကမ်းခြေဘုရား သွားဖူးချင်လို့ပါ။ မောင် အဆင်ပြေမယ်ဆိုရင်လိုက်ပို့စေချင်လို့ပါ" ကြံကြံဖန်ဖန်။ ခုတလောမိုးတွေ ဆက်တိုက်သည်းပြီးရွာနေတာကို သင်းမို့။ မွေးနေ့အကြောင်းပြပြီး တော်တော်ပျော်နေတယ်ထင်တယ်။ အယွမ..😁 ”ဟို မိုးက တအား ရွာနေတော့ အိမ်ကဘုရားမှာပဲ.." ”ဘာလဲ! လိုက်မပို့ဘူးလား” ”အာ..ပို့မှာပါ။ မပို့ဘူးမပြောပါဘူး။ ပို့ရမှာပေါ့။ ပို့မယ်။ ဘယ်အချိန်လောက် လာကြိုရမလဲသာ ပြော” နေပေ့စေ။ ကမ်းခြေရောက်မှ အိတ်ကပ်ပြောင်အောင်ကို စျေးကြီးတာသက်သက်ရွေးပြီး ဝါးတီးဖွင့်ပေးလိုက်မယ်။ ဟုတ်တယ်..။ လူကို သူ့ driver မှတ်လို့ ဟွန်း။ ”ဒါဆို ညကျ အချိန်ကို စာတိုပို့ထားလိုက်မယ်လေ” နောက်တစ်နေ့ သူမ ပြောတဲ့အချိန်ရောက်ဖို့ မနည်း ရုန်းရတယ်။ အိမ်က စထွက်ကတည်းက မိုးက မရပ်မနား သည်းကြီးမည်းကြီး အသားပါပါနဲ့ကို မတိတ်စတမ်းကို ရွာနေတာလေ။ နှစ်ယောက်စလုံး မိုးကာ ဝတ်ထားပေမယ့်လည်း ဘယ်လုံမ...
- Get link
- X
- Other Apps
သိပ်အရသာရှိတာဗျ ……………………………… တခါက မီးရထားပေါ်တွင် အစ္စလာမ် ဘာသာရေးခေါင်းဆောင် နှင့်ဗုဒ္ဓ ဘာသာရေးခေါင်းဆောင်(ဘုန်းကြီး) တို့ ထိုင်ခုံ မျက်နှာခြင်းဆိုင် ဆုံကြလေသည်။ မိတ်ဆက် စကားစမြည်ပြောကာ ဘုန်းကြီးက နေ့ဆွမ်းဘုဉ်းပေးချိန် ရောက်သော် ဝက်ပေါင်ခြောက် ကင်တခု ထုတ်စားရင်း အစ္စလာမ် ဆရာကို ယခုလို လောကွတ်ပြုလိုက်သည်။ ``စားပါအုံးလား´´ ``မစားတော့ပါဘူး တပြည့်တော် တို့ ဘာသာက ဝက်သားမစားဖို့ပိညတ်ထားတယ်´´ ``ဟုတ်လား စိတ်မကောင်းစရာပဲကွယ် ဒါက သိပ်အရသာရှိတာ´´ ဒီလိုနှင့် အစ္စလာမ် ဘာသာရေးဆရာက သူဆင်းရမည့်ဘူတာရောက်သော် ``နှုတ်ဆက်ပါတယ် ဆင်းတော့မယ် ဘုရား တလက်စထဲ အိမ်က အရှင်ဘုရားရဲ့ မိန်းမကိုလဲ နှုတ်ဆက်ခဲ့တယ်ပြောပေးပါ´´ ``ဟာ တို့ဘာသာက ဘုန်းကြီးတွေ မိန်းမ မယူရဘူး ပိညတ် ထားတယ်´´ ``တင်ပါ စိတ်မကောင်းပါဘူး အဲ့ဒါက သိပ်အရသာရှိတာဗျ´´ Crd (ဟာသ အမြင်ဖြင့်သာဖတ်ပေးပါ ပေါက်ကရ မန့်ပြီး ဘာသာ ၂ ခုကြား ပဋိပက္ခ ဖြစ်စေရန် မန့်လျှင် မန့်သူ တာဝန်သာဖြစ်သည် ကျနော်က ဗုဒ္ဓဘာသာပါ)
- Get link
- X
- Other Apps
အချိန်ကား ညနေခြောက်နာရီခန့်။ အိပ်တန်းးတက်ငှက်တို့ပြန်ချိန်နှင့်အတူ အိမ်သို့ပြန်မလာသေးသောယောကျ်ားဖြစ်သူ ကိုတင်မောင်ကို မျှော်ရင်း ရွှေဂျူးတစ်ယောက်တည်း ပြောနေမိသည်။ "တနေ့တနေ့ အိမ်ပြန်တာလည်း နောက်ကျလိုက်တာ၊ ဟွန်း..ဖုန်းဆက်တော့လည်းမကိုင်ဘူး၊ ဒီကောင် ဘာလုပ်နေတယ်မသိဘူး" ခဏကြာတော့ အိမ်ရှေ့မှ ကားဟွန်းသံ တတီတီကိုကြားလိုက်ရသဖြင့် ခြံတံခါးပြေးဖွင့်ရင်း.... "ကိုတင်မောင်....ရှင်ဘာလို့နောက်ကျနေတာလဲ" ကားပြတင်းကတဆင့် ကြည့်လိုက်မိတော့ ကားမောင်းသူနေရာမှ ကိုတင်မောင်မဟုတ်။ သူ့သူငယ်ချင်း။ ဒါနဲ့... "သြော်...ကိုလှသိန်းကိုး...ရှင့်သူငယ်ချင်းက ဘာဖြစ်လာတာတုန်း" "အဟီး...သောက်လာတာနည်းနည်းများသွားလို့အစ်မ၊ အခန်းထဲ သွားပို့ထားလိုက်မယ်နော်" "သွား...သွား၊ ကျုပ်ကတော့ အရက်နံလည်းမခံနိုင်ဘူး၊ ရစ်တာလည်းမခံနိုင်ဘူး...သွားကြ" ထမီကို ခပ်တိုတိုပြင်ဝတ်လိုက်ရင်း ဒေါသက ငယ်ထိပ်ရောက်သွား၏။ ဟုတ်တယ်လေ...နေ့တိုင်းသောက်နေတာတော့ မဟုတ်ချေဘူးမလား။ ကားမောင်းပို့သူ ပြန်သွားပြီး ခဏကြာတော့ အခန်းထဲသို့လိုက်လာပြီး... "ဒီမယ်...ကိုတင်မောင် ရှငိ ဒီအရည်တွေသောက်နေတာ များပြီနော်" "...
- Get link
- X
- Other Apps
ကိရိယာ ------- လင်မယားနှစ်ယောက်အနက် ယောက်ျားဖြစ်သူက ငါးဖမ်းဝါသနာပါတယ်။ ဇနီးဖြစ်သူကတော့ စာဖတ်ဝါသနာပါတယ်။ တစ်နေ့တော့ လင်ဖြစ်သူ ငါးဖမ်းပြီး ပြန်အလာ ဇနီးဖြစ်သူက ယောက်ျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုးတစ်လျှောက် လှော်ထွက်လာခဲ့တယ်။ မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊ စာဖတ်လိုက် လုပ်နေတုန်း မော်တော်ဘုတ်တစ်စင်းနဲ့ မြစ်ကင်းစောင့်သူတစ်ယောက်ရောက်လာတယ်။ လှေချင်းယှဉ်လိုက်မိတော့ အစောင့်က လှေ၀မ်းထဲက ငါးမျှား ကိရိယာတွေကို ကြည့်ပြီး " ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ" အမျိုးသမီးက " ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ" " ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့ မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်" " ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲရလိမ့်မယ်" " ဟေ့ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်" " အိုး ... ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင် ပါတာပဲ မဟုတ်လား" :p Oိာန် .!😅 Credit. Original Writer Htike (Solo)
- Get link
- X
- Other Apps
ဘုန်းဘုန်းသည် သောက်ချဉ်မဟုတ် 😀 😀 😀 😀 တစ်နေ့တော့ ..... ဘုန်းကြီးကျောင်းကို လူတစ်ယောက် ရောက်လာပြီး🙂 “အရှင်ဘုရား …😊 အရက်သောက်တာ အပြစ်ရှိပါသလား ဘုရား”😌 “ရှိပါတယ် ဒကာ”😊 “ဒါဆို တစ်ခု မေးပါရစေ ဘုရား"😒 “မေးပါ ဒကာ၊ မေးပါ”😊 “စပျစ်သီးစားတာ အပြစ်ရှိပါသလား ဘုရား"😏 “မရှိပါ ဒကာ” “စပျစ်သီးနဲ့ ရေနဲ့ ရောသောက်ရင်ရော ဘုရား” “အပြစ်မဖြစ်ပါ” “စပျစ်သီးတွေကို ရေထဲထည့်၊ အဲဒီအထဲကို တဆေးလေးနည်းနည်းထည့်ပြီး ဖောက်ထား တာကို သောက်ရင် အပြစ်ဖြစ်သလား ဘုရား”😜 “ဘာကို ပြောတာလဲ ဒကာ”😚 “စပျစ်သီးရယ် ၊ ရေရယ် ၊ တဆေးရယ် ရောလိုက်ရင် အရက်ဖြစ်သွားတယ် ဘုရား။ …ဒါကြောင့် အဲဒီလို လုပ်သောက်တာဟာ အပြစ်ဖြစ်နိုင်ပါ့မလား ဘုရား"😜 "အင်"😬 ... “ဒကာကြီး”😐 “ဘုရား” “ဟောဒီ မြေမှုန့်လေးနည်းနည်းကို ဒကာကြီးခေါင်းပေါ် ဖြူးလိုက်မယ် … နာသလား”☺ “ဘယ်နာမှာလဲ ဘုရား”☺ “ဟုတ်ပြီ … အဲဒီ မြေမှုန်ကို ရေနဲ့ ရောနယ်ပြီးတော့ ဒကာကြီး ခေါင်းပေါ် လောင်းချလိုက်မယ်၊ နာမလား”☺ “မနာပါဘူး ဘုရား”☺ “ကောင်းပြီလေ...အဲဒီ မြေမှုန်ရယ် ၊ ရေရယ် ရောနယ်ထားပြီး ဖုတ်ထားတဲ့ ဟောဒီ အုတ်ခဲနဲ့ ဒကာကြီးခေါင်းကို ထုမယ်ဆိုရင...
- Get link
- X
- Other Apps
#ငါလည်းပါတယ်မှတ်နေတာ😁😁 ရွာတရွာ မှာ ဦး ညီ ဆို သူနှင့်ဒေါ်သင်ဇာ ဆိုတဲ့ လင်မယားနှစ်ယောက်ရှိကြတယ်။ သူတို့လင်မယားမှာသား ၃ယောက် နှင့် သမီး၂ယောက်ထွန်းကားခဲ့ပေမဲ့ သားသမီး အကျိုးမပေးဘူးဆိုရမှာပဲ။ ဘယ်သား ဘယ်သမီးမှ ပြောလို့ ဆိုလို့မကောင်းဘူး မိဘကို ရိုသေရကောင်းမှန်းမသိ လုပ်ကျွေးရကောင်းမှန်းမသိနဲ့ ကြာတော့ ဒဏ်မခံနိုင်တော့သည့် အဆုံး ဒေါ်သင်ဇာတယောက် စိတ်ပေါက်ပေါက်ရှိတာနဲ့..... အော်တော့တာပဲ။ "ဟေ့...ဘယ်သား ဘယ်သမီးမှအားမကိုးဘူး။ နင်တို့ မွေးထားရတာ အလကားပဲ ဆန်ကုန်တယ် မြေလေးတယ်။ငါ့အိမ်ပေါ်က ဆင်းကြ အကုန်ဆင်း ခုချက်ခြင်းဆင်း" အနှစ်နှစ် အလလက မျိုသိပ်ခဲ့သမျှ ဒေါသတွေ အကုန် ပေါက်ကွဲတော့တာပဲ။ သားသမီတွေကလည်း ဆိုးတုန်ကဆိုးခဲ့ကြပေမဲ့ အခုကြ မျက်နှာငယ်လေးတွေနဲ့ အိမ်ပေါ်ကဆင်းရန် ပြင်ကြရလေတော့သည်။ "သားတို့ တကယ်ဆင်းရမှာလား မေမေ" "ခုမှ မေမေတွေလုပ်မနေနဲ့ ဆင်းကြ" ထိုအခါ သမီး ၂ယောက်ကလည်း... "သမီးတို့ရောလား မေမေ" ဒေါ်သင်ဇာ ကပြောလိုက်တယ် "အေး.... အကုန်လုံးကိုပြောနေတာ ဟေ့ ငါ့နို့စို့ဘူးတဲ့သူမှန်သမျှ အကုန်ဆင်း" ထိုအခါ ဦးညီ တယောက်လည်း ဟို...ပုဆိုးလေးခေါက် လိုက် ဒီ.....
- Get link
- X
- Other Apps
ဇနီးသည်👱♀️ မခင်ရဲ့ ( ၄၈ ) နှစ်မြောက် မွေးနေ့အတွက်.... ဦးဝင်းတစ်ယောက် 👨 မွေးနေ့ကိတ် သွားမှာတယ် ။ တဖြည်းဖြည်း အသက်ကြီးလာလို့ စိတ်ညစ်နေတဲ့ ဇနီးချော စိတ်ဖြေနိုင်ဖို့အတွက်... ကိတ်ပေါ်မှာ သူ ရေးချင်တဲ့ စာတန်းလေးက... ... ' အသက်ကြီးတယ်ဆိုတာ အိုဟောင်းသွားတာမဟုတ်ပါဘူး ပိုကောင်းလာတာပါ ' တဲ့... !! ( အယ်လယ် ) ဒါနဲ့... ကိတ်ရောင်းတဲ့လူကို သူက သေချာမှာတယ်... ...။ " စာတန်းကို သုံးကြောင်းခွဲပြီး ရေးပေးပါ " " ဟုတ်ကဲ့... ဘယ်လိုခွဲရေးပေးရမလဲ ? " အပေါ်ပိုင်းမှာ... ' အသက်ကြီးတယ်ဆိုတာ ' ကို ရေး.... အလယ်ပိုင်းမှာ ' အိုဟောင်းသွားတာမဟုတ် ' ကို ရေး..... အောက်ပိုင်းမှာ ' ပိုကောင်းလာတာပါ ' ကို ရေးပေးပါ !! " စိတ်ချပါ ! မှာတဲ့အတိုင်း တိတိကျကျရေးပြီး.... စိတ်တိုင်းကျ ဖြစ်စေရပါ့မယ် " ဒီလိုနဲ့ မွေးနေ့ရောက်တော့ ကိတ်လာပို့သွားတယ် ။ ပရိတ်သတ်အလယ် ကိတ်မုန့်လှီးမယ်ပြင်ကာမှ... ကိတ်ပေါ်ကစာကို ဖတ်ကြည့်မိကြတယ် ။ 😯😯 ဘာတဲ့ .... !!! '' အပေါ်ပိုင်းမှာ အသက်ကြီးတယ်ဆိုတာ အလယ်ပိုင်းမှာ အိုဟောင်းသွားတာ မဟုတ်ပါဘူး အောက်ပိုင်းက ပိုကောင်းလာတာပါ ...
- Get link
- X
- Other Apps
တစ်ခါမှာ သင်္ဘောတစ်စင်းဟာ ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး နစ်မြုပ်သွားတယ်။ သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည်တစ်ယောက်ဟာ အသက်ကယ်ဘောကွင်းတစ်ခုကိုဖက်တွယ်ပြီး ပင်လယ်ရေစီးထဲ မျောပါသွားပါတယ်။ သုံးရက်အကြာမှာ ... လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားတယ်။ ကျွန်းပေါ်မှာ အစာရေစာပေါများလို့အစားအသောက်အတွက် ပူစရာမလိုဘူး။ နောက်တော့ သူဟာ တဲလေးတစ်တဲထိုးပြီး နေလိုက်တယ်။ ရက်ကြာလာတော့ သူဟာ သူ့ နေရပ်ကို ပြန်ချင်လာတယ်။ ဒါပေမဲ့ .. ကျွန်းအနားကိုလာတဲ့သင်္ဘောတစ်စင်းမှ မတွေ့ရလို့ စိတ်ပျက်နေမိတယ်။ ဒါပေမဲ့ သူဟာ..အားမလျှော့ဘဲ သူ့ကိုကယ်မယ့်သူ လွှတ်ပေးဖို့ ဘုရားကိုရှိခိုးဆုတောင်းတယ်။ ရက်တွေသာ ကုန်ဆုံးသွားတယ်။ သူ့ ဆုတောင်း မပြည့်ပါဘူး။ တစ်မနက္မှာ သူဟာ ကျွန်းပေါ်က တောအုပ်ထဲသွားပြီး စားစရာအတွက် သားကောင်လေးတွေကို အမဲလိုက်တယ်။ ညနေစောင်းလို့ သူနေတဲ့တဲဆီ ပြန်လာတော့ သူ့တဲလေးဟာ မီးခိုးတလူလူနဲ့ မီးလောင်နေတာကို တွေ့လိုက်ရတယ်။ သူ ညက မီးမွှေးခဲ့တဲ့ မီးဖိုကို သေချာမငြိမ်းသတ်ခဲ့လို့ မီးစဟာတဲကို ကူးစက်သွားပြီး တဲ မီးလောင်သွားတာပါ။ တဲထဲမှာ သူ စုဆောင်းထားတဲ့ ရေ စားစရာ ထင်း အဝတ်အစား အသုံးအဆောင်တွေအားလုံးဟာ မီးထဲပါသွားလို့ သူ့မှာ...
- Get link
- X
- Other Apps
တခါက မြို့တစ်မြို့မှာ မသီဆိုတဲ့ အပျိုကြီးတယောက်ရှိသတဲ့... 😝😝😝 တနှစ်ပီးတနှစ် တဝါဝင်ပီး တဝါထွက်လာတာ ကြိမ်ဖန်များ လာသော်လည်း မသီ ဆိုတဲ့ အပျိုကြီး ဖူးစာရှင် မတွေ့သေးဘူးပေါ့ တနေ့ ..... မသီတစ်ယောက် အပြင်ကို ကိစ္စတခုနဲ့အသွား နောက်ကနေ စတိုင်အလန်းစားနဲ့ ငနဲတကောင် ကပ်လိုက်လာတာ သတိထားမိတယ်။ ဣနြေ္ဒရှင် အပျိုကြီးပီပီ နောက်ကငနဲ ခပ်ခွာခွာ ကပ်လိုက်လာတာ သတိထားမိတော့ ရင်တွေဘာတွေ ခုန်လို့ပေါ့.. 😊😊😊 အဟီး...ငနဲ ငါကို ချစ်ရေးဆိုမလို့နဲ့ တူတယ် ထင်ပီး လိုရာခရီး ရောက်တာတောင် မဝင်သေးဘဲ ငနဲသားကို အခွင့်အရေး ပေးတဲ့အနေနဲ့ ဆက်ပီး လျှောက်နေလိုက်တယ်.... 🚶🚶🚶 အတော်လေး အခွင့်ရေးပေးပြီး လမ်းကြောင်း ကိုဆက်လျှောက် နေသော်လည်း အနှီငနဲသားဘက်မှ ဘာမှ တုန့်ပြန်မှုမရတော့ အပျိုကြီး မသီ တင်းပီလေ ... 😤😤😤 " ဒီမှာ ဒီမှာ..ရှင်ကျမ နောက်က လျှောက်လိုက်နေတာ တော်တော်ကြာနေပီ..ရှင်ဘာပြောချင်တာလဲ ပြောစရာရှိပြော " အဲ့လို ရေလာအောင် မြောင်းပေး လိုက်တာပေါ့ ဒီတော့ ငနဲသားက "ဟိုဟို ပြောစရာ မရှိပါဘူး အမ " "ဟင်..ပြောစရာမရှိရင် နင် ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ.." "ဟို ဟိုလေ ...
- Get link
- X
- Other Apps
#အကုသိုလ်ကံတွေများသိပ်ကြောက်ဖို့ကောင်းတယ် . မနက်ကတင်ပဲ သူငယ်ချင်းတယောက်ဆုံးလို့ သတင်းသွားမေးဖြစ်တယ်။ သူငယ်ချင်းရဲ့မိန်းမဖြစ်သူ က တော့်သူငယ်ချင်းလာပြီ ထကြည့်ပါအုံး"ဆို ငိုငိုပြောတော့တာပဲ။ ဘယ်အချိန်များ ထကြည့်မလဲမသိဘူး ကြောက်လို့အိမ်အပြင်ကိုမျက်နှာမူထားရတယ်။ ဘယ်လိုဖြစ်တာလဲ မေးတော့ . . . "မနေ့ညက လက်ဖက်ရည်ဆိုင်ကအပြန် . . ''' လူမှားအရိုက်ခံရတာပေါ့" "ဟင်…အရိုက်ခံရတာတော်တော်များလို့ သေတောလား" "မဟုတ်ပါဘူး…ရိုက်မလို့ရှိသေး လူမှားမှန်းသ်ိလို့ မခံလိုက်ရဘူး" "သြော်………" "အာ့နဲ့…ဆိုင်ကယ်စီးပြန်အလာ ကားနဲ့တိုးပါရော့" "ဟာ…ခေါင်းကြိတ်မိလို့လားဗျာ" "ဘာမှမကြိတ်မိဘူး…ကားကရပ်ထားတာလေ တော့်သူငယ်ချင်းကဝင်တိုက်တာ" "သြော်…အာ့နဲ့ဘာဆက်ဖြစ်လဲ" "သူကအရှိန်ပါတော့ ဘေးကရေမြောင်းထဲ ကျသွားတယ်လေ" "ရေမြောင်းဘောင်နဲ့ဆောင့်မိတော့ ဘယ်ခံနိူင်မလဲလေ" "ဘောင်နဲ့ကိုမထိဘူး ရေထဲတန်းကျသွားတာ" "ဟင်…ရေနစ်သေတာပေါ့ အာ့ဆို" "နစ်သေရအောင် ရေက ဒူးလောက်တောင်မရှိဘူး" "ဘယ်လို...
- Get link
- X
- Other Apps
အတောင်ပံပါတဲ့ အလွမ်းများ ====================== 1990-ရှေ့ပိုင်းကာလ ညနေပိုင်း.. ရန်ကုန်မြို့လယ် ဆူးလေဘုရား လမ်း|မဟာဗန္ဓုလလမ်းနဲ့ ကမ်းနား လမ်းတစ်ဝိုက်ရဲ့ ညခင်းဆည်းဆာ အချိန်တွေကိုလွမ်းမိတယ်.. အဲ့ဒီအချိန် ကိုယ်က တက္ကသိုလ် ကျောင်းသားဘဝ..သမိုင်းကောလိပ် ဝင်းထဲက အဆောင်တွေမှာ.. သမိုင်းဝင်းထဲက လူတွေ အင်းစိန်| တာမွေ|မြေနီကုန်း..ဘာညာသွားချင် ရင်(ကိုယ်တို့ဆို 'အားကစားရုံ' မှတ်တိုင်မှာနီးနီးနားနားသွားစီးရုံ ပဲ..တခြားမြို့ထဲနေရာတွေသွားချင် ရင်တော့ ECO 'ဇွဲကပင်'ဆောင် လမ်းကြားမှ ဖြတ်ရင်း အင်းစိန် လမ်းမကြီးပေါ်တက်|ကားပေါင်းစုံ စီးလို့ရသလို..RC2 ဝင်းထဲသွားပြီး မြို့ထဲသွားတဲ့ကားတွေစီးလို့ရပါ တယ်..) ကျောင်းပိတ်ရက်နဲ့ ကျောင်းချိန် နောက်ပိုင်းမှာ လိုင်းကားတွေ RC2 ထဲမဝင်တော့ဘူး..ပြည်လမ်း ကျောင်းကွေ့မှတ်တိုင်မှာပဲဆင်း/ တက်ရပါတယ်.. အောင်ဆန်းကွင်းရဲ့ တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲရက်တွေဆို ဘောလုံးသရဲ ကိုယ်တို့မွန်းလွဲပိုင်း Lectureတွေ လစ်ပြီးသွားကြည့်တတ်တယ်.. အဲ့ဒီခေတ် အောင်ဆန်းကွင်း ဘောလုံးပွဲသွားကြည့်ရတာဟာ ပွဲပြီးချိန်ညနေ(၆)နာရီလောက်မှာ မှာဘောကွင်းမှထွက်လာတဲ့လူတန်း ကြီးက ကြောက်ခမန်းလိလိပဲ.. အောင...
- Get link
- X
- Other Apps
#စိတ္တဇဆေးရုံတစ်ခုတွင်ဖြစ်သည်။ ဆေးရုံအုပ်က လူနာများကို မှာကြားနေသည်။ " မနက်ဖြန် ကျန်းမာရေး ဝန်ကြီး လာစစ်ဆေးပြီး ဟောပြောလိမ့်မယ်.. ။ ဟောပြောနေတုန်းမှာ ငါက.. " အဟမ်း " ဆိုပြီး ချောင်းဟန့်လိုက်ရင် မင်းတို့ အားလုံး လက်ခုပ် တီးရမယ်..။ ကြားလား..!! လက်ခုပ်တီးတဲ့ သူကို ကြက်သားဟင်း ကျွေးမယ်.." နောက်တစ်နေ့... ကျန်းမာရေး ဝန်ကြီး လာရောက်စစ်ဆေးပြီး ဟောပြောလေသည်။ မိန့်ခွန်း ပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာထားသည့် အတိုင်း.. ချောင်းဟန့် လိုက်ရာ... လူနာအားလုံး လက်ခုပ်တီး ကြသည်။ ထိုအချိန်တွင်.. လူနာတစ်ယောက် ရုတ်တရက် ရှေ့ထွက်ပြီး ကျန်းမာရေး ဝန်ကြီးအား.." ဖြောင်း.." ကနဲ နေအောင် ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်။ " ဟေ့ကောင်.. မင်းဘာလို့.. လက်ခုပ်မတီးတာလဲ... ကွ... ကြက်သားဟင်း မစားချင်ဘူးလား... !!! " "တိန်...!!! "😤😤😤 .🙄🙄🙄.ဌယ်။ Crd မူရင်းအား ခရက်ဒစ်ပေးပါတယ်... Htike (Solo)
- Get link
- X
- Other Apps
ကူညီပါစေရှင့် *************** ဆိုင်ကယ်ကို သတိထား မောင်းလာနေလျှက်က လမ်းလည်ကျွန်းကို ဝင်အောင်းတော့ လမ်းထောင့်က သရီးကွာတားနှင့် စကပ်တိုမလေး ၂ ပွေ အပြေးလာထူကြတယ် " အစ်ကို.... ရလား " " ဟား...ညလေးတို့ ရဒယ်... ရဒယ်လ် မပူနဲ့ " ကိုယ့်ဆိုင်ကယ်ကို ကိုယ်တိုင် ပြန်ထူတော့ ညလေးတစ်ယောက်က ဝင်ကူပေးတယ် " အား...ညလေး...ရဒယ်လေ အေးဆေး " ပြောမယ်သာ ပြောတာ ဖိနပ်တစ်ဖက်ကကျွတ်ပြီး ဘယ်ရောက်သွားမှန်းမသိဘူး ။ " အစ်ကို ညီမတို့ ကားခေါ်ပေးမယ်လေ " ကြည့်စမ်း သိပ်ကို ကူညီတတ်တဲ့ ညလေးတွေပဲ ။ " အေးကွာ ခေါ်လိုက် " ချက်ချင်းပဲ ရဲမေလေးက သူ့စက်နဲ့ " မုန်လာချဥ်မှ သရက်ချဥ် ကြားလား ဒီမှာ ဖားတစ်ကောင်မိနေတယ် အမြန်ဆုံး ထန်းခွဲလာပါ ခြောက်လုံးက ဘူတာကြီးရှေ့မှာ နင်တို့နဲ့ငါနဲ့ ဝုန်းရုံပဲ ကောင်မ ဂဋုန်မဆန်နဲ့နော် " ကျူပ်ကတော့ သူတို့ပြောနေတာတွေ နားမလည်ပါဘူး ကျူပ်ဖိနပ်တစ်ဖက်သာ ဘယ်ရောက်သွားလဲ ကုန်းရှာနေတုန်း... မြန်လိုက်တာဗျာ ခွေးသူခိုး အဲ.... ခွေးဘီလူးကားတစီးရောက်လာပြီး ကျူပ်ဆိုင်ကယ်ကို ကောက်တင်ကြတယ် " ဟေ့..အေး..ညလေး ကိုယ့်ဆိုင်ကယ်နဲ့ အိမ်ပြန်တတ်တယ်လေ " ဆိုတော့ ရဲမေလေး ၂ ပ...
- Get link
- X
- Other Apps
#ချစ်လိုက်ကြတာ ကမ္ဘာလှည့် ခရီးသွားများ အများဆုံး တည်းခိုလေ့ ရှိတဲ့ ဟော်တယ် တခုရဲ့ ညစာ စားပွဲတခုတွင် အမေရိကန် ပြင်သစ်နဲ့ မြန်မာ မိန်းခလေး ၃ဦး စကားစမြည် ပြောနေကြလေသည် အမေရိကန် အမျိုးသမီးက '' ကျမ ယောက်ကျားနဲ့ ကျမ ညားခါစ မင်္ဂလာဦးညမှာဘဲ ကျမက အိမ်မှုကိစ္စတွေ မလုပ်နိူင်ဘူး အစားအသောက်လဲ မချက်တတ်ဘူး လို့ သူ့ကို ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုက်တာ'' '' အဲ့လိုလဲ ပြောလိုက်ရော သူက အိမ်က ချက်ခြင်း ထွက်သွားပြီး တပတ်လောက် ကြတော့ အိမ်ဖော် ထမင်းဟင်းချက်တဲ့ စက်ရုပ်တရုပ် သွားဝယ်ပြီး ပြန်လာတယ်လေ '' '' ပြင်သစ် အမျိုးသမီးက '' ''ကျမလဲ အတူတူပါဘဲ ကျမ ယောက်ကျားကို မင်္ဂလာဦး ညမှာဘဲ ထမင်းလဲ မချက်တတ်ဘူး အိမ်သန့်ရှင်းရေးလဲ မလုပ်တတ်ဘူးလို့ ပြောလိုက်တယ်... ဒီလိုနဲ့ သူကအိမ်က ထွက်သွားပြီး သူ့ကို တရက်မမြင်ရဘူး နှစ်ရက်မမြင်ရဘူး ၃ ရက်မြောက်နေ့ကျမှာ ကုမ္မဏီ တခုကိုသွားပြီး အကောင်းဆုံး အိမ်ဖော် တယောက်ငှားပြီး ပြန်လာတယ်လေ '' "မြန်မာ အမျိုးသမီးက" ကျမလဲ ကျမ ယောက်ကျားကို မင်္ဂလာဦးညမှာဘဲ ကျမဟာ ထမင်းဟင်း ချက်ဖို့ နေနေသာသာ ဘဲဥတောင် ကောင်းကောင်း မပြုတ် တတ်...
- Get link
- X
- Other Apps
* မသိလို့ပါ မောင်ရင်ရယ် * =================== ဖုန်းဆိုင် တစ်ဆိုင်သို့ လူတစ်ယောက် ဝင်လာပြီး မေးသည် " မောင်ရင် - စွေစောင်း ရှိလား ?" ဆိုင်ရျှင်က နားမလည်စွာဖြင့် " ဘယ်က စွေစောင်းလဲ -- ကျတော်တို့ဆီမှာ စွေစောင်း ဆိုတဲ့လူ တစ်ယောက်မှ မရှိဘူး " " မဟုတ်ဘူးလေကွာ -- စွေစောင်း နို့ဖိုး " ဆိုင်ရှင်က စိတ်မရှည်စွာဖြင့် " ဒီမှာ ဦးလေး - ဒီမှာ စွေစောင်းလည်း မရှိဘူး -- နို့ ဖိုး တောင်းရအောင်လည်း - ဦးလေးဆီက တစ်ခါမှ နို့ ဝယ် မသောက်ဖူးဘူး " " ဟာ ဒိုးခပါဘဲကွာ- မင်းက တော်တော်ပိန်းတာပဲ - ငါ ပြောတာက ဖုန်းနာမည် စွေစောင်း နို့ဖိုးကို ပြောတာ ငအရဲ့ " ထိုအခါမှ ဆိုင်ရှင်က စဉ်းစားပြီး နားလည် သွားဟန်ဖြင့် " ဪ သိပြီ သိပြီ - ဟားဟား ဦးလေးကလည်း စွေစောင်းနို့ဖိုး မဟုတ်ပါဘူး ဆမ်ဆောင်း Note -4 ပါ ဟားဟား " " ဟုတ်လား သိဘူးလေကွာ - ငါ ခေါ်တတ်သလို ခေါ်တာပဲဟာ " " ဟုတ်ကဲ့ ရှိပါတယ် ဦးလေး - ကျတော် ပြမယ် " ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကို ထုတ်ပြီး စျေးနှူန်းနှင့် ဖုန်းအကြောင်းကို ရှင်းပြလေသည် လူကြီးက နားထောင်ပြီး " အေးကွ - မင်း ပြောပုံဆို ဖုန်းကတေ...
- Get link
- X
- Other Apps
(3 years..) အဖွားတင်လှဆိုတာ... အတိတ်တွေနိမိတ်တွေသိပ်ယုံတဲ့အဖွါးကြီး စျေး၀ယ်ရင်တောင်ဘယ်ရွာကလာရောင်းတာလဲအရင်မေးပီးမှဝယ်တာ'... "ဟဲ့ညည်းတို့ကဘယ်ရွာကလာရောင်းတာလဲ" "ကြပ်ကုန်းရွာကလာတာအဖွား" "အံမလေးလေး'ကြပ်ကုန်းကတဲ့အတိတ်တွေ နိမိတ်တွေမကောင်းလိုက်တာ တော်ပီအေ ၀ယ်တော့ပါဘူး " "ညည်းကရော ဘယ်ရွာကလာရောင်းတာလဲ" " ခံကုန်းရွာကပါအဖွါး" "အံမလေးလေး ခံကုန်းကတဲ့ တော်ပီအေ ဒီနေ့စျေးမ၀ယ်တော့ဘူး" မြို့အနီးတစ်ဝိုက်ကရွာတွေဖြစ်တဲ့ ကြပ်ကုန်း'ခံကုန်း'သူငှေးကုန်း'အစရှိတဲ့ရွာတွေကဧရာ၀တီမြစ်ဘေးမှာဆိုတော့'ငါးလေး'ပုဇွန်လေးဖမ်းပြီး သုံးမိုင်လောက်ဝေးတဲ့မြို့ပေါ်တက်ပြီး ရပ်ကွက်အနှံ့လိုက်ရောင်းကြတာ။ တနေ့ကျတော့' ငါးလာရောင်းတဲ့သူတွေက လမ်းမှာတိုင်ပင်ကြတယ်'.... "ဟဲ့ကောင်မတေဒီတခါအာ့ အဖွားကြီးကဘယ်ရွာကလဲမေးရင်သူဌေးကုန်းကလို့ပြောကြ" "ဟုတ်တယ်အာ့မှအဖွားရီးက၀ယ်မှာ ဒါနဲ့စကားမစပ် မိချိုနင်လမ်းလျှောက်တာ လိမ်ဖယ်လိမ်ဖယ်နက် ဘယ်လိုလျှောက်နာလဲ" "ဟုတ်ပါ့အေ ငါလည်းကြည့်နေတာ ဘာဖြစ်နေတာလဲ မိချို " ရွာကအတူလာတဲ့စျေးသည်တွေကဝိုင်း...
- Get link
- X
- Other Apps
"တယောက်စာလေး" ကျနော့်တွင် "သားကြီး"နှင့်"သားငယ်လေး "ဟူသော သား နှစ်ယောက်ရှိပါသည်။ သားကြီး ၁၀ တန်းအောင်တော့ ဘာသာစုံ အောင်ရုံသာကပ်အောင်သဖြင် အဆင့်မြင့်တက္ကသိုလ်များသို့ထားခွင့်မရဘဲ့ ကားဒရိုင်ဘာ ၊ ကားစပါယ်ယာ လောကထဲတွန်းပို့ခဲ့ရပါသည်။ ကျနော့်တွင် ဒိုင်နာ၊ ဘီအမ် ၊ဟိုင်းလပ် ဟူသော..လိုင်းကား အစုတ် ၃ စီးရှိပါသည်၊ကျနော့်သားကြီးသည် ဒရိုင်ဘာမလာလျင် ဒရိုင်ဘာ၊စပါယ်ယာမလာလျင်စပါယ်ယာ တာဝန်ထမ်းရသော ဂျိုကာလေးပါ၊ သားကြီးက ပင်ပန်းသည်ဟုတခါမှမညည်းခဲ့ပါ။ အဂ်လိပ်စာ ကိုတော့ ရေးတတ်၊ပြောတတ်၊ ဖတ်တတ်၊နားထောင်တတ်အောင် ကျနော်က သင်ကြားပေးခဲ့ပါသည်။ သားငယ်လေးအလှည်ကျတော့ဘာသာစုံ ဂုဏ်ထူးမထွက်သော်လည်း WYTU ဝင်ခွင့်ရခဲ့ပါသည်။ ကျနော်ကB.E.( Civil ) လိုင်းကိုမရွေးစေဘဲ B.E.( E.P) လိုင်း ကိုတက်စေခဲ့ပါသည်။ မြန်မာပြည်တွင် B.E.(Civil) က စူပါစတားဖြစ်ပြီး လူကြိုက်များပါသည်။ နိုင်ငံတကာတွင် B.E (EP) field ကျယ်သည်ဟုကျနော်ယူဆပါသည်။ ညီအကို နှစ်ယောက် ဘဝခြင်းအလွန်ခြားနားပါသည်။တယောက်ကဒရိုင်ဘာ၊အလွန်အန္တရာယ်များပါသည်၊ ထောင်နှတ်ခမ်းနင်းရသောအလုပ်၊ စပါယ်ယာအလုပ်ကျတော့လည်းလူမုန်းများပါသည်။ တချိန်လုံးခရီးသည်များကိ...
- Get link
- X
- Other Apps
"ကိုကို ... ဘောင်းဘီချွတ် " "အို့ ... ဘာလုပ်ဖို့တုန်း ... " ငတိမက ရင်းမရှိဖျားမရှိ ပြောတော့ ... ကျုပ်မှာ မအုပ်သင့်တာတွေ ဖမ်းအုပ်မိကုန်တယ် ... လူမြင်ကွင်းပန်းခြံကြီးမှာဗျာ ... ချွတ်စရာလား "ဒါဆို အင်္ကျီချွတ်ကွာ " "ဟာ ... ဘာလုပ်မှာတုန်းလို့ " ဘာကြောင့်လဲကို မသိဘူး ငတိမက တောင်းချင်တာတောင်းနေတာ အကျိုးသင့်အကြောင်းသင့်ဆိုလည်း ပေးရတာ ဟုတ်တုတ်တုတ် "ဒါဆို ... ဦးထုပ် ချွတ်ကွာ " "ဖွီး ... " မေးမရနိုင်တာ သိတာနဲ့ အလိုက်သင့်ပဲ ချွတ်ပေးလိုက်တယ် ... ငတိမက ဘာလုပ်ဦးမယ်မသိဘူး ... "အဲဒါ ဖေဖေဝယ်ပေးထားတဲ့ဟာနော် ... ပေါက်ကရ မလုပ်ကြေး " "အင်းပါ ... ခု မျက်လုံးမှိတ်လိုက် " "ဘာ ... လုပ် " "မမေးနဲ့ မှိတ်လိုက်ပါဆို ... ဖွင့်ဆိုမှဖွင့် " "ပြီးရောကွာ ... " ကျုပ်ဖြင့် မျက်လုံးသာ မှိတ်ထားရတယ် ဦးထုပ်ကလေးကို စိတ်မချဘူး ငတိမ က ဘာလုပ်မယ်မှန်းမှမသိတာ ... မှိတ်ထားတာ ငါးမိနစ်လောက်ကြာသွားတယ် ... သူ့အသံလည်း မကြားရဘူး ... ကြာတော့ ဖွင့်ကြည့်ချင်လာတယ် "မဖွင့် နဲ့ဦးနော် ...ဖွင့်ရင် အပြတ်ပဲ " "အယ...
- Get link
- X
- Other Apps
" ငါမရှိတော့ရင် ငါ့မိဖုရားကို သူသိမ်းပိုက်တော့မှာ ငါစိတ်မချဘူး ဟဲ့ . . . ငယ်ကျွန် စောဥမ္မာကို သွားသတ်ချေ " (သတိုးမင်းဖျား) မောင်တော်ရယ် .. ကိုယ်လဲ ခဏတဖြုတ် ပဲတတ်နိုင်တာ ကို .. ကိုယ်မကုန်တာ သူများ စားပါစေလား .. ကုသိုလ် တောင်ရသေး .. (စောဥမ္မာ) ....................................................... " ခုနှစ်ပြည်ထောင်ကို စစ်မက်ခေါ်ရတာ သူတို့တိုင်းပြည်ကို မက်လို့မဟုတ်ဘူး ပပ ကြောင့်ပါ " (မင်းကုသ) တကောင် မဟုတ် တကောင် ရမှာပါ .. စောင်ရေးမကြီးပါဘူး .. ဘယ်ကောင် နဲ့ ရရ မိဖုရား ပါပဲ .တကောင် ကို တကောင် သတ်ကြရင် နောက်ဆုံး .နှာဘူး ၆ ကောင် လျော့ သွား တာ ပေါ့ (ပပဝတီ) ............................................... " အချစ်ရေးမှာ အသက်ကွာတာ အဓိက မဟုတ်ပါဘူး ဓာတုကလျာ " (နတ်ရှင်နောင်) အသက် ငယ်တော့ အား ပိုသုံးနိုင်တာပေါ့ ကွယ်... ဖွင့်ပွဲ မမီတောင် ပိတ်ပွဲ မီ ရမယ်ဆိုတဲ့ ငါ့ မောင် စိတ...
- Get link
- X
- Other Apps
စိတ်ကျန်းမာရေး ဆေးရုံကို ခင်ဗျားတို့ ရောက်ဖူးလား။ ကျွန်တော် သုံးပတ် တိတိ ရောက်ခဲ့ဖူးပါတယ်။ ဒီကနေ့ ခင်ဗျားတို့ကို ကျွန်တော် အဲ့ဒီ ရောက်နေစဉ် တုန်းက သိခဲ့တာတွေကို ပြန်ပြောပြချင်တယ်။ အဲဒီက... စိတ္တဇဝေဒနာသည် တွေဆီမှာ အကြီးမားဆုံး နှလုံးသား ရှိတတ်တယ်။ ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် ခေါင်းမာတဲ့ ကောင်လေးက သူ့ဘဝရဲ့ အိပ်မက်ကို လာပြောပြဖူးတယ်။ လက်သည်းနီ ဆိုးထားတဲ့ စားဖိုမှူး တစ်ယောက် ဖြစ်ချင်တယ်တဲ့။ အရေပြားကို လက်သည်းနဲ့ သွေးထွက်အောင် ကုတ်တတ်တဲ့ မိန်းကလေးဟာ ပြောင်မြောက်တဲ့ ပန်းချီကားတွေ ရေးတတ်တယ်။ အကြောဆွဲနေတဲ့ ကောင်လေးဟာ ဘယ်အချိန် ကောက်မေးမေး ရယ်စရာ အကောင်းဆုံး ဟာသကို ပြောနိုင်တယ်။ ဆေးစွဲတဲ့ ကောင်မလေးကတော့ နက်နဲတဲ့ အတွေးအခေါ် ပိုင်ရှင် ဖြစ်တယ်။ သေကြောင်းကြံခဲ့ဖူးတဲ့ မိန်းကလေးတွေမှာ ပြောပြစရာ ပုံပြင်တွေ ရှိတတ်ကြပြီး အိပ်မရတဲ့ ကလေးငယ်တွေကို ညဖက်မှာ ချော့သိပ်တတ်ကြပါတယ်။ ဒေါသတွေ ခြောင်းခြောင်းထွက်နေတဲ့ လူနာဟာ ဖက်လိုက်ရင် အနွေးဆုံး။ အအေးဆုံး မိန်းကလေးဟာ အရက်စွဲနေသူဖြစ်ပြီးတော့ သူ့ရှေ့ အနိုင်ကျင့်ခံရသူ မှန်သမျှ ရှေ့ကနေ မားမား...
- Get link
- X
- Other Apps
ကိုဗစ်ကာလမှာ သိပ်အဆင်မပြေတဲ့ မှော်ဘီဘက်က တောရဘုန်းကြီးကျောင်းတစ်ကျောင်းကို အလှူပစ္စည်းတွေ သွားလှူတော့ ကျောင်းထိုင်ဘုန်းကြီးက အားရဝမ်းသာစွာနဲ့ အလှူခံရှာတယ် "ဒါက ဝတ္ထုငွေပါ ဘုန်းဘုန်း"ဆိုပြီး စာအိတ်လေးနဲ့ ပိုက်ဆံ ထပ်လှူတော့ "အေးကွယ် ဘုန်းဘုန်းတို့က တောရကျောင်း ဆိုတော့ ဆွမ်းခံပြီးပဲ ဘုန်းပေးကြရတာ အခုကရောဂါတွေဖြစ် နိုင်ငံရေးကလည်း ပလ္လင်ပေါ်ခွေးတက်ထိုင်နေတော့ ဆွမ်းခံဖို့က အဆင်မပြေတော့ဘူးလေ"လို့ မိန့်တော့ အရင်ထဲက ဘာသာသာသနာနဲ့ ပတ်သက်ရင် သဒ်ဒါတရား ထက်သန်လွန်းတဲ့ ကိုယ်လည်း ကိုယ့်အလှူကို တွေးပြီး ပီတိတွေဖြာရင်း ကြည်နူးနေမိတယ် တရားနာပြီးတော့ ဘုန်းကြီးကျောင်းကကျွေးတဲ့ ထမင်းနဲ့ သက်သတ်လွတ်ဟင်းကို စားသောက်ပြီး ကျောင်းထိုင်ဘုန်းကြီးနားကိုသွားပြီးတော့ "ဘုန်းဘုန်းတို့ ကျောင်းက အကျယ်ကြီးပဲနော်"ဆိုပြီး စကားစရင်း ဘုန်းဘုန်းနဲ့ စကားလက်ဆုံကျနေမိတယ် "ဘုန်းဘုန်းက ငယ်ဖြူလို့တပည့်တော်ကြားပါတယ် ဘယ်အရွယ်ထဲက စဝတ်တာလဲ ဘုရား"လို့ မေးလိုက်တော့ "အဲ့အကြောင်း ပြောရရင် အရှည်ကြီးပဲ ဒကာလေး"ဆိုပြီး ဘုန်းဘုန်းရဲ့ မျက်ဝန်းတွေက အဝေးကိုငေးသွားခဲ့တယ် "ဘုန်းဘုန်းငယ်ငယ...
- Get link
- X
- Other Apps
တစ်ခါတုန်းက ရွာတစ်ရွာမှာ မြန်မာစကားကို ပီသအောင် မပြောတတ်တဲ့ အပျိုကြီး "မဆိုင်းတောင် " ဆိုတာ ရှိတယ် အဲ့သလို မြန်မာစကားကို ပီသအောင် မပြောတတ်လို့လည်း အပျိုကြီး မဆိုင်းတောင်ဟာ ပြသနာ ခဏခဏ ဖြစ်ရတယ် သူပြောပုံက ကြားရတဲ့ တဖက်လူကလည်း စိတ်ဆိုးချင်စရာကိုးဗျ ကြည့်ပါလား ရွာထဲက နှင်းမြ ဆိုတဲ့ မိန်းကလေးကို လမ်းမှာ တေွ့တော့ မဆိုင်းတောင်က ဒီလို နှုတ်ဆက်တယ်လေ " ဟဲ့ ညှင်းမြ - ဘယ် ကို ယွ မလို့လဲ?" " ဟမ်" မဆိုင်းတောင် နှုတ်ဆက်တဲ့စကားက ဟဲ့ နှင်းမြ ဘယ်သွားမလို့လဲ?" လို့ နှုတ်ဆက်တာပါ ဒါပေမဲ့ နှင်းမြ ဆိုတဲ့ မိန်းကလေးက လည်ပင်းမှာ ညှင်းကွက် တွေ ပေါက်နေတဲ့သူ ဖြစ်တဲ့အပြင် စကားက "ဘယ် ယွ မလို့လဲ ?"ဆိုတော့ ဟိုက စိတ်ဆိုးပြီး ပြသနာ တက်တော့တာပေါ့ အဲ့လို အဲ့လို 😂😂😂😂😂 တစ်ခါတုန်းကလည်း စပါးပွဲစားလေး မောင်ကျီးညို နဲ့ လမ်းမှာ ဆုံတော့ မဆိုင်းတောင်က " ဟဲ့ ယီးညို - ငါ့ စပ တွေ ယားနေပြီ - ရိတ်ရတော့မယ် သိလား " မဆိုင်းတောင် စကားကြောင့် မောင်ကျီးညိုလည်း ဒေါသ အချောင်းချောင်း ထွက်ရတော့တာပေါ့ " မဆိုင်းတောင် --ခင်ဗျား ခင်ဗျား မိုက်ရိုင်းလှချည်လား " အပျိုကြီးလည်း နားမ...