#အကုသိုလ်ကံတွေများသိပ်ကြောက်ဖို့ကောင်းတယ် .

 

မနက်ကတင်ပဲ သူငယ်ချင်းတယောက်ဆုံးလို့

 သတင်းသွားမေးဖြစ်တယ်။


သူငယ်ချင်းရဲ့မိန်းမဖြစ်သူ က

 တော့်သူငယ်ချင်းလာပြီ ထကြည့်ပါအုံး"ဆို

 ငိုငိုပြောတော့တာပဲ။


ဘယ်အချိန်များ ထကြည့်မလဲမသိဘူး

ကြောက်လို့အိမ်အပြင်ကိုမျက်နှာမူထားရတယ်။  


ဘယ်လိုဖြစ်တာလဲ မေးတော့ . . .


"မနေ့ညက လက်ဖက်ရည်ဆိုင်ကအပြန် . . '''

 လူမှားအရိုက်ခံရတာပေါ့"  


"ဟင်…အရိုက်ခံရတာတော်တော်များလို့ 

 သေတောလား" 


"မဟုတ်ပါဘူး…ရိုက်မလို့ရှိသေး

 လူမှားမှန်းသ်ိလို့ မခံလိုက်ရဘူး"


"သြော်………"


"အာ့နဲ့…ဆိုင်ကယ်စီးပြန်အလာ ကားနဲ့တိုးပါရော့"


"ဟာ…ခေါင်းကြိတ်မိလို့လားဗျာ"


 "ဘာမှမကြိတ်မိဘူး…ကားကရပ်ထားတာလေ

  တော့်သူငယ်ချင်းကဝင်တိုက်တာ"


"သြော်…အာ့နဲ့ဘာဆက်ဖြစ်လဲ"


"သူကအရှိန်ပါတော့ ဘေးကရေမြောင်းထဲ

 ကျသွားတယ်လေ"


"ရေမြောင်းဘောင်နဲ့ဆောင့်မိတော့ 

 ဘယ်ခံနိူင်မလဲလေ"


"ဘောင်နဲ့ကိုမထိဘူး ရေထဲတန်းကျသွားတာ"


"ဟင်…ရေနစ်သေတာပေါ့ အာ့ဆို"


"နစ်သေရအောင် ရေက ဒူးလောက်တောင်မရှိဘူး"


"ဘယ်လို ဖြစ်တာတုံး အာ့ဆို"


"ရေမြောင်းထဲကျတော့ အောက်ပိုင်းရေစို

 ကုန်တော့ အအေးမိတာပေါ့"


"အင် အအေးမိတာနဲ့ပဲဘဝဆုံးရတယ်လို့"


"မဟုတ်ဘူး ဆေးခန်းသွားပြပါသေးတယ်"


"အဲတော့ဆေးထိုးမှားရောလား "


"ကောင်းသွားပါတယ်။ဖြစ်ချင်တော့

ဆေးခန်းကအပြန်လက်ဖက်ရည်ဆိုင်မှာ

ရေနွေးပူပူလေးနဲ့ဆေးသောက်ဖို့ထိုင်ခုံပေါ်ထိုင်နေတုန်း ဟိုလေဟို

ခုံကြမ်းကကျိုးပြီးဟိုဟာ​ေလးညှပ်ပြီး

ဆုံးတာပါတော်" ပြောရင်းငိုတော့တာပဲ…


"သြော်…သနားစရာပါလား သူငယ်ချင်းရယ်"

=======================


ငိ့ငိ့😁😁😁


#original 

#credit 


#SNLA

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့