ကိရိယာ

-------

လင်မယားနှစ်ယောက်အနက် ယောက်ျားဖြစ်သူက

ငါးဖမ်းဝါသနာပါတယ်။

ဇနီးဖြစ်သူကတော့ စာဖတ်ဝါသနာပါတယ်။ 


တစ်နေ့တော့ လင်ဖြစ်သူ ငါးဖမ်းပြီး

ပြန်အလာ ဇနီးဖြစ်သူက ယောက်ျားရဲ့ ငါးဖမ်းလှေကို 

ယူပြီး မြစ်ရိုးတစ်လျှောက် လှော်ထွက်လာခဲ့တယ်။


မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊ စာဖတ်လိုက် လုပ်နေတုန်း မော်တော်ဘုတ်တစ်စင်းနဲ့ 

မြစ်ကင်းစောင့်သူတစ်ယောက်ရောက်လာတယ်။ 


လှေချင်းယှဉ်လိုက်မိတော့ အစောင့်က

လှေ၀မ်းထဲက ငါးမျှား ကိရိယာတွေကို ကြည့်ပြီး


" ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ"


အမျိုးသမီးက


" ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ"


" ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ 

အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့

မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်"


" ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ 

တရားစွဲရလိမ့်မယ်"


" ဟေ့ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်"


" အိုး ... ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင်

 ပါတာပဲ မဟုတ်လား" :p


Oိာန် .!😅


Credit. Original Writer


Htike (Solo)

Comments

Popular posts from this blog

ချောတယ်လို့