တခါက မြို့တစ်မြို့မှာ မသီဆိုတဲ့

အပျိုကြီးတယောက်ရှိသတဲ့... 😝😝😝


တနှစ်ပီးတနှစ် တဝါဝင်ပီး တဝါထွက်လာတာ 

ကြိမ်ဖန်များ လာသော်လည်း မသီ ဆိုတဲ့

အပျိုကြီး ဖူးစာရှင် မတွေ့သေးဘူးပေါ့


တနေ့ .....

မသီတစ်ယောက် အပြင်ကို ကိစ္စတခုနဲ့အသွား 

နောက်ကနေ စတိုင်အလန်းစားနဲ့ ငနဲတကောင် 

ကပ်လိုက်လာတာ သတိထားမိတယ်။


ဣနြေ္ဒရှင် အပျိုကြီးပီပီ နောက်ကငနဲ ခပ်ခွာခွာ

ကပ်လိုက်လာတာ သတိထားမိတော့ 

ရင်တွေဘာတွေ ခုန်လို့ပေါ့.. 😊😊😊


အဟီး...ငနဲ ငါကို ချစ်ရေးဆိုမလို့နဲ့ တူတယ် ထင်ပီး 

လိုရာခရီး ရောက်တာတောင် မဝင်သေးဘဲ 

ငနဲသားကို အခွင့်အရေး ပေးတဲ့အနေနဲ့ 

ဆက်ပီး လျှောက်နေလိုက်တယ်.... 🚶🚶🚶


အတော်လေး အခွင့်ရေးပေးပြီး

လမ်းကြောင်း ကိုဆက်လျှောက် နေသော်လည်း 

အနှီငနဲသားဘက်မှ ဘာမှ တုန့်ပြန်မှုမရတော့ 

အပျိုကြီး မသီ တင်းပီလေ ... 😤😤😤


" ဒီမှာ ဒီမှာ..ရှင်ကျမ နောက်က လျှောက်လိုက်နေတာ

တော်တော်ကြာနေပီ..ရှင်ဘာပြောချင်တာလဲ ပြောစရာရှိပြော "

အဲ့လို ရေလာအောင် မြောင်းပေး လိုက်တာပေါ့

ဒီတော့ ငနဲသားက 


"ဟိုဟို ပြောစရာ မရှိပါဘူး အမ "


"ဟင်..ပြောစရာမရှိရင် နင် ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ.."


"ဟို ဟိုလေ အမကြီးဖုန်းက WiFi Hotspot ပွင့်နေလို့ 

Download လိုက်ဆွဲနေတာ ခဗျ ..ပီးတော့မယ် "


" ငင့်!! ဒေါင်းစား! တေချင်းဆိုး!! 😂😂😂


Crd #

#တာဇဲ

😁😁

Comments

Popular posts from this blog

ချောတယ်လို့