* မသိလို့ပါ မောင်ရင်ရယ် *
===================
ဖုန်းဆိုင် တစ်ဆိုင်သို့
လူတစ်ယောက် ဝင်လာပြီး မေးသည်
" မောင်ရင် - စွေစောင်း ရှိလား ?"
ဆိုင်ရျှင်က နားမလည်စွာဖြင့်
" ဘယ်က စွေစောင်းလဲ -- ကျတော်တို့ဆီမှာ
စွေစောင်း ဆိုတဲ့လူ တစ်ယောက်မှ မရှိဘူး "
" မဟုတ်ဘူးလေကွာ -- စွေစောင်း နို့ဖိုး "
ဆိုင်ရှင်က စိတ်မရှည်စွာဖြင့်
" ဒီမှာ ဦးလေး - ဒီမှာ စွေစောင်းလည်း မရှိဘူး -- နို့ ဖိုး တောင်းရအောင်လည်း - ဦးလေးဆီက တစ်ခါမှ နို့ ဝယ် မသောက်ဖူးဘူး "
" ဟာ ဒိုးခပါဘဲကွာ- မင်းက တော်တော်ပိန်းတာပဲ - ငါ ပြောတာက ဖုန်းနာမည် စွေစောင်း နို့ဖိုးကို ပြောတာ ငအရဲ့ "
ထိုအခါမှ
ဆိုင်ရှင်က စဉ်းစားပြီး နားလည် သွားဟန်ဖြင့်
" ဪ သိပြီ သိပြီ - ဟားဟား ဦးလေးကလည်း စွေစောင်းနို့ဖိုး မဟုတ်ပါဘူး
ဆမ်ဆောင်း Note -4 ပါ ဟားဟား "
" ဟုတ်လား သိဘူးလေကွာ - ငါ ခေါ်တတ်သလို ခေါ်တာပဲဟာ "
" ဟုတ်ကဲ့ ရှိပါတယ် ဦးလေး - ကျတော် ပြမယ် "
ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကို ထုတ်ပြီး စျေးနှူန်းနှင့် ဖုန်းအကြောင်းကို ရှင်းပြလေသည်
လူကြီးက နားထောင်ပြီး
" အေးကွ - မင်း ပြောပုံဆို ဖုန်းကတော့ မဆိုးပါဘူး - စျေးနူန်းက များနေတယ်ကွ "
" မများပါဘူး ဦးလေးရ - ဒါ ကုမ္ပဏီက ချတဲ့ စျေးနူန်းအတိုင်း ရောင်းတာပါ "
လူကြီးက စိတ်တိုင်းမကျဟန်ဖြင့်
" ဟိုဟာ -- အပို ကော ရှိလား ?"
" အပို ကတော့ - ဖုန်းကာဗာ တစ်ခု ပေးမယ်
ဦးထုပ်တစ်လုံး လက်ဆောင် ပေးမယ် - ပြီးတော့ --"
" ဟာ မဟုတ်ပါဘူး -- ငါ မေးတာက အပို ဖုန်း --"
"ဪ ဦးလေးရယ် ဖုန်းတစ်လုံး ဝယ်တာ - ဖုန်းတစ်လုံး အပိုလက်ဆောင် ကတော့ - ဘယ်သူက ပေးမှာလဲ "
" ဟာကွာ --မင်းကလည်း.စောက်ရူးပဲ - ဖုန်းဆိုင်ဖွင့်ထားပြီး ဘာမှလည်း နားမလည်ဘူး
ငါ ပြောတာ အပိုဖုန်း --ဖုန်းနာမည်က အပို - သိပြီလား - ငတုံးရဲ့ "
ဆိုင်ရှင်လည်း ငတုံး ဟု အပြောခံရသဖြင့်
အောင့်သက်သက်ဖြင့် ခံလိုက်ရပြီး သူပြောတဲ့ ဖုန်းအမည်ကို ပြန်စဉ်းစားကြည့်ပြီး
" ဪ သိပြီ သိပြီိး - Oppo ဖုန်းကို ပြောတာ မလား "
" အေးလကွာ - အိုပို လား အပိုလားတော့ မသိဘူး - အဲ့ဖုန်း အဲ့ဖုန်း ဘာတဲ့ "မတန်မရာဖုန်း ဆိတ်ချီး ဘုရင်" ဆိုလားပဲ "
" OPPO ကင်မရာဖုန်း selfie ဘုရင်ပါ -ဦးလေးရဲ့ - ဦးလေးနဲ့တော့ ဒိုးခပါဘဲဗျာ "
" အေးအေး - အဲ့ဒါ ပြပါအုံးကွ "
ဆိုင်ရှင်က မှန်ဘီရိုထဲမှ ဖုန်းကို ယူပြီး ရှင်းပြပြန်သည်
ထိုစဉ်
"¸¸♬·¯·♩¸¸♪·--အနန္တငါးပါးကို ရှိခိုးပါ၏ဘုရား - အနန္တငါးပါးကို --ရှိ ရှိခိုးခိုး --¸¸♬·¯·♩¸¸♪·¯·"
" ဟယ်လို -- အေး ခွေးမလား - အေး ပြော - အခုလား - ဝယ်နေတယ် - ဖုန်းဆိုင် ရောက်နေတယ် - ဘာ အပြားကြီးကြီး -- အေးပါ သိပါတယ် -- ငါအတွက်ကော နင့်အတွက်ကော နှစ်လုံး ဝယ်မယ်လေ - ငါလည်း ဒီခလုတ်ဖုန်းကြီး မကိုင်ချင်တော့ဘူးဟ - ဟားဟား - အေးပါ အေးပါ - ဖေ့အဖုတ်လား ဖွင့်ခိုင်းလိုက်မယ်လေ - ဘာလဲ - ဘာ - နို့သီးယား - နို့သီးယား တာတော့ ငါပြန်လာမှ ကြည့်လုပ်ပေးမယ်လေ "
" ခြီး "
ဆိုင်ရှင်က နားထောင်ပြီး ရယ်သံထွက်သွားသဖြင့် - လူကြီးက မျက်စောင်းထိုးကြည့်ပြီး ဖုန်းကို ဆက်ပြောသည်
" အေးပါဟယ် - ချီးမည်းနဲ့ ပက်ခွက်ကိုလည်း သေချာ မှတ်ခဲ့ပါ့မယ် အေးအေး ဒါပဲနော် "
လူကြီးက ဖုန်းပြောပြီး သူ့ခလုတ်ဖုန်းလေးကို
လွယ်အိတ်ထဲ ပြန်ထည့်လိုက်သည်
" အေး မောင်ရင် - နှစ်လုံး ယူမယ်ကွာ - အပြားကြီးကြီးနဲ့ ဖေ့အဖုတ်တို့ ဖိုက်ဘာ တို့ သုံးလို့ရအောင်သာ လုပ်ပေး "
" ဟုတ်ကဲ့ စိတ်ချပါဦးလေး - ကျတော် သေချာ လုပ်ပေး လိုက်ပါ့မယ် "
ဆိုင်ရှင်က ပြောပြီး ခုနက လူကြီးဖုန်းပြောတုန်းက သူမရှင်းသည့်စကားလေးကို သိချင်၍ မေးကြည့်လေသည်
" ဒါနဲ့လေ ဦးလေး - ခုနက ဦးလေး ဖုန်းပြောတုန်းက - နို့သီးယား တာကို ပြန်လာမှ လုပ်ပေးမယ် ဆိုတာ - အာ့ ဘာ ပြောတာလဲ "
ထိုအခါ
လူကြီးက
" အဲ့ဒါ - ဦးလေးမိန်းမ ကိုင်နေတဲ့ ဖုန်းလေ - နာမည်က နို့သီးယားတဲ့ ခလုတ်ဖုန်းလေးပါ - အဲ့ဒါ အသံမလာ လို့တဲ့လေ - အာ့ကြောင့် ဦးလေး ပြန်လာမှ လုပ်ပေးမယ်လို့ ပြောတာ -ဘာဖြစ်လို့လဲ "
ထိုအခါ
ဆိုင်ရှင်က အားပါတရ ရယ်မောလိုက်ပြီး
ဤသို့ ပြောလိုက်ပါတော့သည်
" ဟားဟား ဦးလေးနဲ့တွေ့မှ "Nokia" လည်း နို့သီးယား ဖြစ်သွားတော့တယ် ဟားဟား "
" သိဘူးေလကြာ - အဟားဟား "
Crd
Credit
#Kokolin
Comments
Post a Comment