တစ်ခါမှာ သင်္ဘောတစ်စင်းဟာ ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး နစ်မြုပ်သွားတယ်။
သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည်တစ်ယောက်ဟာ အသက်ကယ်ဘောကွင်းတစ်ခုကိုဖက်တွယ်ပြီး ပင်လယ်ရေစီးထဲ မျောပါသွားပါတယ်။
သုံးရက်အကြာမှာ ...
လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားတယ်။ ကျွန်းပေါ်မှာ အစာရေစာပေါများလို့အစားအသောက်အတွက် ပူစရာမလိုဘူး။
နောက်တော့ သူဟာ တဲလေးတစ်တဲထိုးပြီး နေလိုက်တယ်။
ရက်ကြာလာတော့ သူဟာ သူ့ နေရပ်ကို ပြန်ချင်လာတယ်။
ဒါပေမဲ့ ..
ကျွန်းအနားကိုလာတဲ့သင်္ဘောတစ်စင်းမှ မတွေ့ရလို့ စိတ်ပျက်နေမိတယ်။
ဒါပေမဲ့ သူဟာ..အားမလျှော့ဘဲ သူ့ကိုကယ်မယ့်သူ လွှတ်ပေးဖို့ ဘုရားကိုရှိခိုးဆုတောင်းတယ်။
ရက်တွေသာ ကုန်ဆုံးသွားတယ်။ သူ့ ဆုတောင်း မပြည့်ပါဘူး။
တစ်မနက္မှာ သူဟာ ကျွန်းပေါ်က တောအုပ်ထဲသွားပြီး စားစရာအတွက် သားကောင်လေးတွေကို အမဲလိုက်တယ်။
ညနေစောင်းလို့ သူနေတဲ့တဲဆီ ပြန်လာတော့ သူ့တဲလေးဟာ မီးခိုးတလူလူနဲ့ မီးလောင်နေတာကို တွေ့လိုက်ရတယ်။
သူ ညက မီးမွှေးခဲ့တဲ့ မီးဖိုကို သေချာမငြိမ်းသတ်ခဲ့လို့ မီးစဟာတဲကို ကူးစက်သွားပြီး တဲ မီးလောင်သွားတာပါ။
တဲထဲမှာ သူ စုဆောင်းထားတဲ့ ရေ စားစရာ ထင်း အဝတ်အစား အသုံးအဆောင်တွေအားလုံးဟာ မီးထဲပါသွားလို့ သူ့မှာရှိသမျှ အားလုံး ဆုံးရှုံးသွားပြီ။
အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ကျန်တော့တယ်။
သူလည်း သဲသောင်ပြင်ပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပြီးခုလိုအော်ဟစ်လိုက်တယ်။
"အရှင်ဘုရား တပည့်တော်ကိုကယ်ဖို့ အရှင်ဘုရားကို အားကိုးတကြီးနဲ့ နေ့စဉ် ဆုတောင်းပေးနေပေမယ့် အရှင်ဘုရားဟာ ရက်စက်လွန်းပါတယ်။ တပည့်တော်ကို ကယ်မယ့်သူမပို့ဘဲ တပည့်တော်ပိုင်ဆိုင်တဲ့ ပစ္စည်း
နည်းနည်းလေးကိုတောင် အရှင်ဘုရား ဖျက်ဆီးပစ်လိုက်တယ် ဘာကြောင့် ခုလို လုပ်လိုက်ရတာလဲ ဘုရား"
ညရောက်တော့ သူလည်း ပင်ပန်းလွန်းလို့ သဲသောင်ပြင်ပေါ်မှာ အိပ်ပျော်သွားတယ်။
မနက်စောစောမှာ သင်္ဘောခုတ်မောင်းသံကြားလို့ သူ အိပ်ပျော်ရာက နိုးလာတယ်။
သင်္ဘောဟာ ကျွန်းဆီကို တန်းတန်းမတ်မတ် လာနေတယ်။ကျွန်းရောက်ခါနီးမှာ သင်္ဘောရပ်သွားတယ်။
သင်္ဘောပေါ်က သင်္ဘောသားတချိူ့ဟာ အသက်ကယ်လှေတစ်စီးနဲ့ သူ့ကို လာခေါ်တယ်။
သူလည်း အသက်ကယ်လှေပေါ်စီးနင်းလိုက်ပါရင်း လာကယ်သူတွေကို မေးလိုက်တယ်။
" ခင်ဗျားတို့ ကျွန်တော် ဒီကျွန်းပေါ်မှာရှိမှန်း ဘယ်လို သိကြတာလဲဗျ "
"မနေ့က မင်းရဲ့မီးတောက်ကြီးနဲ့ အချက်ပြတာကို မြင်လိုက်လို့ပါ။ "
ဒုက္ခသုက္ခနဲ့ ကြုံတွေ့တိုင်း စိတ်မပျက်ပါနဲ့။
တစ်ခါတစ်လေ အဲဒါဟာ...
အဆိုးထဲက >>>အကောင်း
" အကောင်း "
ဖြစ်လာတတ်တယ်ဆိုတာကို နားလည်ထားပါ။
Crd
..
( ဆရာဗန်းမော်သိန်းဖေ၏ မျှဝေလိုသော အတွေးများ စာအုပ်မှ...)
မိတ်ဆွေများကို စိတ်ဓာတ်
ခွန်အား ဖြည့်ဖို့ မျှဝေလိုက်ပါတယ်...
#Moy Tun
Comments
Post a Comment