စိတ်ကျန်းမာရေး ဆေးရုံကို
ခင်ဗျားတို့ ရောက်ဖူးလား။
ကျွန်တော် သုံးပတ် တိတိ ရောက်ခဲ့ဖူးပါတယ်။
ဒီကနေ့ ခင်ဗျားတို့ကို ကျွန်တော် အဲ့ဒီ ရောက်နေစဉ် တုန်းက သိခဲ့တာတွေကို ပြန်ပြောပြချင်တယ်။
အဲဒီက... စိတ္တဇဝေဒနာသည် တွေဆီမှာ အကြီးမားဆုံး နှလုံးသား ရှိတတ်တယ်။
ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် ခေါင်းမာတဲ့ ကောင်လေးက သူ့ဘဝရဲ့ အိပ်မက်ကို လာပြောပြဖူးတယ်။ လက်သည်းနီ ဆိုးထားတဲ့ စားဖိုမှူး တစ်ယောက် ဖြစ်ချင်တယ်တဲ့။
အရေပြားကို လက်သည်းနဲ့ သွေးထွက်အောင် ကုတ်တတ်တဲ့ မိန်းကလေးဟာ ပြောင်မြောက်တဲ့ ပန်းချီကားတွေ ရေးတတ်တယ်။
အကြောဆွဲနေတဲ့ ကောင်လေးဟာ ဘယ်အချိန် ကောက်မေးမေး ရယ်စရာ အကောင်းဆုံး ဟာသကို ပြောနိုင်တယ်။
ဆေးစွဲတဲ့ ကောင်မလေးကတော့ နက်နဲတဲ့ အတွေးအခေါ် ပိုင်ရှင် ဖြစ်တယ်။
သေကြောင်းကြံခဲ့ဖူးတဲ့ မိန်းကလေးတွေမှာ ပြောပြစရာ ပုံပြင်တွေ ရှိတတ်ကြပြီး အိပ်မရတဲ့ ကလေးငယ်တွေကို ညဖက်မှာ ချော့သိပ်တတ်ကြပါတယ်။
ဒေါသတွေ ခြောင်းခြောင်းထွက်နေတဲ့ လူနာဟာ ဖက်လိုက်ရင် အနွေးဆုံး။
အအေးဆုံး မိန်းကလေးဟာ အရက်စွဲနေသူဖြစ်ပြီးတော့ သူ့ရှေ့ အနိုင်ကျင့်ခံရသူ မှန်သမျှ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပေးလေ့ ရှိပါတယ်။
တကယ်တော့လေ...
လူသားတွေဟာ ကျွန်တော်တို့ သိရှိ နားလည်ထားတာထက် ပိုထူးခြားတယ်။ ဖြစ်တည်မှု့ဟာ သိမ်မွေ့တယ်။ ဖြည့်ဆည်းပုံဟာ နက်နဲတယ်။
တစ်ကိုယ်လုံး အမာရွတ်တွေ အပြည့်နဲ့ ကလေးမ တစ်ယောက်ကိုတွေ့တော့ ကျွန်တော်ငိုမိတယ်။
သူက တစ်ရှူးလေးနဲ့ ကျွန်တော့်မျက်နှာကို လာတို့ရင်း ပြောရှာတယ်....
"အလှတွေ ပျက်ကုန်မယ်... မငိုပါနဲ့" တဲ့။
Crd
#kyawnge #mhatsukyan
#Darknet
မိတ်ဆွေများအား
ချစ်ခင်မူ့ဖြင့်..
Moy Tun ( စာပေ ပရဟိတ)
Apirl Queen 🍎
Comments
Post a Comment