"ကိုကို ... ဘောင်းဘီချွတ် "
"အို့ ... ဘာလုပ်ဖို့တုန်း ... "
ငတိမက ရင်းမရှိဖျားမရှိ ပြောတော့ ... ကျုပ်မှာ
မအုပ်သင့်တာတွေ ဖမ်းအုပ်မိကုန်တယ် ...
လူမြင်ကွင်းပန်းခြံကြီးမှာဗျာ ... ချွတ်စရာလား
"ဒါဆို အင်္ကျီချွတ်ကွာ "
"ဟာ ... ဘာလုပ်မှာတုန်းလို့ "
ဘာကြောင့်လဲကို မသိဘူး ငတိမက တောင်းချင်တာတောင်းနေတာ
အကျိုးသင့်အကြောင်းသင့်ဆိုလည်း ပေးရတာ ဟုတ်တုတ်တုတ်
"ဒါဆို ... ဦးထုပ် ချွတ်ကွာ "
"ဖွီး ... "
မေးမရနိုင်တာ သိတာနဲ့ အလိုက်သင့်ပဲ ချွတ်ပေးလိုက်တယ် ...
ငတိမက ဘာလုပ်ဦးမယ်မသိဘူး ...
"အဲဒါ ဖေဖေဝယ်ပေးထားတဲ့ဟာနော် ... ပေါက်ကရ မလုပ်ကြေး "
"အင်းပါ ... ခု မျက်လုံးမှိတ်လိုက် "
"ဘာ ... လုပ် "
"မမေးနဲ့ မှိတ်လိုက်ပါဆို ... ဖွင့်ဆိုမှဖွင့် "
"ပြီးရောကွာ ... "
ကျုပ်ဖြင့် မျက်လုံးသာ မှိတ်ထားရတယ် ဦးထုပ်ကလေးကို စိတ်မချဘူး
ငတိမ က ဘာလုပ်မယ်မှန်းမှမသိတာ ...
မှိတ်ထားတာ ငါးမိနစ်လောက်ကြာသွားတယ် ...
သူ့အသံလည်း မကြားရဘူး ...
ကြာတော့ ဖွင့်ကြည့်ချင်လာတယ်
"မဖွင့် နဲ့ဦးနော် ...ဖွင့်ရင် အပြတ်ပဲ "
"အယ် ... "
ကိုယ်က ဖွင့်မယ်ကြံတာ ... ငတိမက သိနေတာကိုး
အဲဒါနဲ့ ပြန်မှိတ်ထားလိုက်တယ်
ခဏနေတော့ ဖုန်းဝင်လာပါလေရော ...
"ဖုန်းကိုင်လို့ရလားဟင် ... "
"အင်း ... ရတယ် ကိုင် "
အသံလာရာကို ရမ်းကိုင်လိုက်တော့
ကွက်တိပဲ ဖုန်းကလက်ထဲမှာ ...
"ဟယ်လို ... "
"ခွေးမသား ... "
"ခွီး ... ဘယ်ကကောင်တုန်း ငါ့ကိုဆဲတာ "
"ခွေးမကြီးသား ... "
"ဖီး ... ဘယ်ကောင်တုန်းလို့ မေးနေတယ်လေ "
"ငါ မင်းအဖေကွ "
"အောင်မယ် ... ဘယ်ကအဖေလဲ ... ဆဲပြီးမှ အခွက်လာမပြောင်နဲ့
ဖြတ်ရိုက်မှာ "
"ဘို ... "
ဟုတ်တယ်ဗျာ ... ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေတာ ...
ဖုန္းထဲက လာဆဲတာကိုး
ပိတ်ဟောက်ပစ်လိုက်တယ် ...
"ငါ့ဖုန်းနံပါတ်ကို မှတ်မထားဘူးလား ခွေးမကြီးသား "
"မျက်စိမှိတ်ထားတာကွ မမြင်ရဘူး "
"အေး ငါ့ဖုန်းနံပါတ်က ၀၉၄၂၀...... "
"အင်း ကြားဖူးတယ် "
"အေး ကြားဖူးမှာပေါ့ ... မင်းအမေလင် ... ငါမင်းအဖေ "
"ဗုဒ္ဓေါ... "
သေပြီ ... ။ အဖေ့ဖုန်း ...
ငတိမက မျက်စိကြီးမှိတ်ခိုင်းထားတော့ ကျုပ်ကမမြင်ရပဲ
အော်နေတာ ... ဘယ်သိမတုန်းဗျ
"သား မမြင်လိုက်လို့ပါ အဖေ ... "
"ခွေးမကြီးသား ... မင်းငါတို့ကို အရှက်ခွဲနေတာလား ဟမ် "
"စင် ... အဲ သားဘာလုပ်လို့လည်း "
"ခွေးမကြီးသား အိမ်ပြန်လာခဲ့ မင်းသိမယ် "
"ငှယ် ... "
ကျုပ်ဖြင့် ဘာမသိညာမသိနဲ့ အဖေကောတာခံလိုက်ရတယ်
ပြီးတော့ ဖုန်းက ချသွားရော
ခဏနေတော့ ဖုန်းဝင်လာပြန်ရော ...
"ဟယ်လို ... "
"ခွေးမသား ... မင်းအဲဒီ လိုက်ဖ်လွှင့်တာကို မရပ်သေးဘူးလား "
"ဟော ... ဘာလိုက်ဖ်လဲဗျာ ... "
ပြောပြောဆိုဆို မေ့ပြီးမျက်လုံးဖွင့်ကြည့်မိတော့ ...
ကျုပ်ဘေးမှာ လူတွေက ဝိုင်းလို့
ငတိမယူသွားတဲ့ ဦးထုပ်ကလေးက ရှေ့မှာ ပက်လက်ကလေး
ပိုက်ဆံတွေတောင်ပြည့်လို့ ...
ငတိမက ကျုပ်ကို ဖုန်းနဲ့ရိုက်ပြီး လိုက်ဖ်လွှင့်ပေးလေသတဲ့ ...
ခေါင်းစဉ်လေးတောင်ပါသေးတယ် ...
"ဖုန်းကိုင်နိုင်သော အဆင့်မြင့်သူတောင်းစားတဲ့ ... "
လခွမ်း
ဆွေမျိုးတွေကောင်းလို့ ကျုပ်မှာ အိမ်ပေါ်ကနှင်ချမခံရတာ ...
အဲ့ကတည်းက ကိုယ့်ပစ္စည်းဆိုရင် ဘယ်သူတောင်းတောင်း
ခဏလေးတောင် မငှါးရဲတော့တာ အခုထိ
အဟုတ်ပါဆို
မရယ်ကြေး 😒
Credit
#nnnt ငြိမ်းမောင်
Via.Soelamin
Comments
Post a Comment