အမြန်ယာဉ် အလွမ်း

==================


ဟိုးခေတ်က ကားစပယ်ယာတွေ

ဟာကားစီးတဲ့(မယ့်)ခရီးသည်ကို 

မြှောက်ပင့်ပြောဆိုတတ်သလို

မခံချင်အောင်လည်း'ဆွ'တဲ့ဗျူဟာ

နဲ့ဈေးခေါ်တတ်ပါတယ်..


အဲ့ဒီတုန်းက ကားလေးတွေရဲ့အမိုး

ပေါ်မှာ သံပန်းစင်ပါတတ်ပြီးလူတင်

ပါတယ်..(ယခုတိုင်နယ်ကားတွေမှာ

အမိုးပေါ် ပစ္စည်းတင်|လူတင်တုန်း

ပါပဲ..)


မှတ်တိုင်မှာထိုးဆိုက်လာတဲ့ကားကို

ပြေးတက်မယ်လုပ်တာ..ကားတစ်စီး

လုံးပြည့်ကြပ်နေပြီ..စပယ်ယာက

တော့ လိုက်လို့ရတယ်('မိုးဝင်း'ဇာတ်

တောင်က,လို့ရသေး..လုပ်တုန်းပဲ😜)


မတွယ်ချင်တော့လို့မတက်တော့တဲ့

အမျိုးသားတွေဆိုရင် စပယ်ယာက

ရိတယ်..


"မောင်းထားတော့ဆရာရေ..

ကျားကျားယားယားတွေပဲလိုက်

မယ်..အားနွဲ့သူတွေနေရစ်တော့.."


ကိုယ့်ဘာသာပိုက်ဆံပေးစီးရသမို့

ချောင်မယ့်ကားစောင့်တာကိုပဲ

'ဂျော်တကီး'လိုလိုအပြောခံလိုက်

ရသေးတယ်..ရင်နာရတဲ့အဖြစ်တွေ

😋😋


ကိုယ့်သူငယ်ချင်းတစ်ဦးရဲ့အဖြစ်

ကိုမှတ်မိနေတယ်..


ကျောင်းပိတ်ရက်တစ်မနက် အင်းစိန်

လမ်းပေါ်မှာရှိတုန်းပဲခူးကား Hilux 

တစ်စီးထိုးရပ်လာတယ်..


တစ်ပွေထဲငေါင်တောင်တောင်ဖြစ်

နေတာ..'ရွှေ‌မောဓေါဘုရား'မဖူးရ

တာကြာပြီ..နေ့ချင်းပြန်ခရီးပဲ..

လိုက်သွားဦးမှ..ဆိုပြီးကားပေါ်

တက်ဘို့ပြင်လိုက်တယ်..


ကားအလယ်တန်းမှာလူချောင်နေ

ပေမယ့်ကိုရွှေစပယ်ယာက အကြံ

ကြီးသူဆိုတော့ မြှောက်ပေးတယ်..


"ခပ်ချောချောနဲ့ချစ်ကိုကြီးရေ..

ယောက်ျားကောင်းပီသစွာနဲ့ အမိုး

ပေါ်တက်စီးပါလား..အတွင်းမှာ

လှောင်အိုက်နေတာပဲ..အပေါ်မှာ

လေလေးတဖြူးဖြူးနဲ့.."


(ကားထဲလူချောင်မှ နောက်မှတ်တိုင်

တွေမှာလူတင်လို့ဖြစ်မှာကိုး..)


စပယ်ယာငတိရဲ့'ခပ်ချောချော'

ဆိုတာရယ်|'ယောက်ျားကောင်း

ပီသစွာ'ဆိုတဲ့ အထူးပြုစကားတွေ

ကြောင့် (သူ)အမိုးပေါ်ကိုရဲရဲကြီး

လွှားကနဲတက်လိုက်တယ်..


အဲ့ဒီမှာစ,တွေ့တာပဲ..


အမိုးကိုင်းပေါ်ခွ,အတက်|သံတန်း

ငုတ်တွေနဲ့သူ့ရဲ့ပုဆိုးစ ချိတ်ပြီးငြိ

သွားတာ..ဖြစ်ချင်တော့သူကလည်း 

Underwear ဝတ်လေ့မရှိသူ..ကား

ကရပ်ထား‌တော့တန်းလန်းကြီးသူ့

အဖြစ်ကို အောက်ကမော့ကြည့်နေ

တဲ့ကောင်မလေးတွေရယ်..မှတ်တိုင် 

မှတခြားအမျိုးသမီးတွေရယ်..

'ဟာ'..'ဟင်'..အလိုလေး'..စသည်

ဖြင့် အလန့်တကြားအာမေဋိတ်သံ 

တွေညံလာမှ..စပယ်ယာလည်း

သတိပြုမိရင်း..ပြုံးစိစိနဲ့သူ့ကို

ထိမ်းကိုင်ပြီးသူ့ပုဆိုးစ ဖြုတ်,ကူ

ပေးတယ်..


"ကိုင်း...ယောက်ျားကောင်းပီသ

သူကြီး အပေါ်ရောက်သွားပြီ..

ဆွဲထား ဆရာရေ.."


ဟိုကမြင်းမ,သားစပယ်ယာက

အော်ဖြစ်အောင်အော်လိုက်သေး..


သူ့မှာတော့ မျက်နှာကြီးကိုပူလို့..


ဪ..


အမှတ်တရပါပဲကွယ်..

Crd


***(သူငယ်ချင်း'ဗိုလ်ထွန်း'သို့)

Comments

Popular posts from this blog

ချောတယ်လို့