ကိုဗစ်ကာလမှာ သိပ်အဆင်မပြေတဲ့ မှော်ဘီဘက်က
တောရဘုန်းကြီးကျောင်းတစ်ကျောင်းကို အလှူပစ္စည်းတွေ
သွားလှူတော့ ကျောင်းထိုင်ဘုန်းကြီးက အားရဝမ်းသာစွာနဲ့
အလှူခံရှာတယ်
"ဒါက ဝတ္ထုငွေပါ ဘုန်းဘုန်း"ဆိုပြီး စာအိတ်လေးနဲ့ ပိုက်ဆံ
ထပ်လှူတော့ "အေးကွယ် ဘုန်းဘုန်းတို့က တောရကျောင်း
ဆိုတော့ ဆွမ်းခံပြီးပဲ ဘုန်းပေးကြရတာ အခုကရောဂါတွေဖြစ်
နိုင်ငံရေးကလည်း ပလ္လင်ပေါ်ခွေးတက်ထိုင်နေတော့
ဆွမ်းခံဖို့က အဆင်မပြေတော့ဘူးလေ"လို့ မိန့်တော့
အရင်ထဲက ဘာသာသာသနာနဲ့ ပတ်သက်ရင် သဒ်ဒါတရား
ထက်သန်လွန်းတဲ့ ကိုယ်လည်း ကိုယ့်အလှူကို တွေးပြီး
ပီတိတွေဖြာရင်း ကြည်နူးနေမိတယ်
တရားနာပြီးတော့ ဘုန်းကြီးကျောင်းကကျွေးတဲ့ ထမင်းနဲ့
သက်သတ်လွတ်ဟင်းကို စားသောက်ပြီး
ကျောင်းထိုင်ဘုန်းကြီးနားကိုသွားပြီးတော့
"ဘုန်းဘုန်းတို့ ကျောင်းက အကျယ်ကြီးပဲနော်"ဆိုပြီး စကားစရင်း
ဘုန်းဘုန်းနဲ့ စကားလက်ဆုံကျနေမိတယ်
"ဘုန်းဘုန်းက ငယ်ဖြူလို့တပည့်တော်ကြားပါတယ်
ဘယ်အရွယ်ထဲက စဝတ်တာလဲ ဘုရား"လို့ မေးလိုက်တော့
"အဲ့အကြောင်း ပြောရရင် အရှည်ကြီးပဲ ဒကာလေး"ဆိုပြီး
ဘုန်းဘုန်းရဲ့ မျက်ဝန်းတွေက အဝေးကိုငေးသွားခဲ့တယ်
"ဘုန်းဘုန်းငယ်ငယ်က ပုထုဇဉ်လူသားပဲဆိုတော့ ချစ်သူ
မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ် သူ့မိဘတွေကဘာသာတရားကိုင်းရှိုင်းတော့ ယောက္ခမတွေကို မျက်နှာလုပ်ချင်တာနဲ့ သဘောတူညီချက်တစ်ခုလုပ်ပြီး ဘုန်းကြီးဝတ်ခဲ့တာ"လို့ မိန့်တော့
ကိုယ်လဲ သိချင်တာနဲ့ "ဘာသဘောတူညီချက်လဲဘုရား" ဆိုပြီး
မေးလိုက်မိတယ်
"အာဆင်နယ် ချန်ပီယံလိဂ်ဖလားရတဲ့နေ့ကျ လူထွက်ပြီး
လက်ထပ် ကြမယ်ဆိုတဲ့ သဘောတူညီချက်ပဲဒကာလေး
အခုဆိုလူမထွက် ဖြစ်တော့တဲ့အပြင်ဘုန်းကြီးက
ကျောင်းထိုင်တောင် ဖြစ်နေပြီလေ"ဆိုတဲ့ ဘုန်းဘုန်းရဲ့စကားအဆုံးး
ကျတော် ဝမ်းနည်းလွန်းလို့ မျက်ရည် ၂စက်က ပါး၂ဖက်ပေါ်
ပေါက်ကနဲ ကျသွားခဲ့ရတော့တယ်။
......................
၁နှစ်ပြည့် အမှတ်တရ ဝတ္တုတို
Crd
#WN
Comments
Post a Comment