နည်းပညာခေတ်ကို
လုပ်အားနဲ့ ဘယ်လိုမှ ယှဥ်မရပါဘူး ။
Korea တို့ Japanတို့မှာ
၅နှစ်လောက် အလုပ်သွားလုပ်
သိန်း၂ထောင်စုမိပြီပဲ ထားအုံး ။
မြန်မာပြည် ပြန်ရောက်ရင် japanကား
သိန်း ၅၀၀ တန်လောက်ပဲ ဝယ်စီးတယ်၊
ကျန်တဲ့1500လောက်ကို တိုက်ခန်းဝယ်
အဲ့တိုက်ခန်း ရောင်းတဲ့သူက အဲ့ပိုက်ဆံနဲ့
ကားအကောင်းစား သိန်း၁၅၀၀တန်
ဝယ်စီးလိုက်ပြီ ထားပါတော့ ၊
ကိုယ်လုပ်ခဲ့တဲ့ ၅နှစ်လုပ်ခ အကုန်
သူ့နိုင်ငံအကုန် ပြန်ရောက်သွားတယ် ။
ကားတစ်စီးထုတ်ဖို့ ဆိုတာ
ရက်ပိုင်းတောင် မကြာပါဘူး
နည်းပညာဆိုတာ အဲဒါပဲ ။
ဆန်စပါးလို စောင့်နေစရာ မလိုဘူး
လိုသလောက် ထုတ်လုပ်လို့ရတယ် ။
စပါးဆိုတာ တစ်နှစ်၅ခါမှ စိုက်လို့မရတာ
ကားကတော့ လိုအပ်ရင် စက်ရုံထပ်ဆောက်လို့
ရပါတယ် ။
ကိုယ်လက်လှမ်းမမှီတဲ့
နည်းပညာတွေမှ အများကြီးပဲ
တွေးဖို့တောင် ဉာဏ်မမှီတာ တစ်ပုံကြီး ရှိသေးတယ် ။
နည်းပညာတွေဟာ
အရမ်းအရေးကြီးတယ်
ဆိုတာ တွေးမိတာကို ပြောချင်တာပါ ။
နည်းပညာ နိမ့်ကျရင်
လယ် လုပ်ရတာ ခြင်း တူရင်တောင်
စက်နဲ့ လုပ်တဲ့သူနဲ့ နွားနဲ့ အတူတူ ရုန်းတဲ့သူ
ကွာသလို ကွာပါလိမ့်မယ် ။
နိုင်ငံခြားကို သွားဖို့အသည်းအသန်တွေ
ကြိုးစားနေတာ မြင်တော့ တွေးမိတယ် ။
တိုးတက်ပြီးသား နိုင်ငံတွေက
ငါးကြင်းကြော်ဖို့ ဆီကို ငါးကြင်းဆီကရ
ဆိုသလိုပဲ ။
ဥပမာ_
ကားထုတ်ဖို့ မြန်မာက အလုပ်သမားတွေ
ခေါ်တယ် ခိုင်းတယ်
ကားတွေကို မြန်မာပြည် ပြန်တင်သွင်းတယ် ။
အလုပ်သမား အတွက်
ပေးရတဲ့ငွေကို အသာလေးပြန်ယူလို့ရတယ် ။
အပေါ်ဆုံးအပိုဒ်မှာ ရေးသလိုပေါ့...
သူတို့ကတော့ အဲ့လောက်အသေးစား
နည်းပညာလေးတွေမှာ အချိန်ကုန်မခံဘူး
သူတို့လူတွေ မသုံးဘူး မရင်းပါဘူး ။
အဲ့ထက္မြင့်တဲ့
နည်းပညာတွေ အတွက်ပဲ အချိန်ပေးမှာပါ ။
ဆင်းရဲတဲ့ နိုင်ငံတိုင်းကတော့ ဒီလိုပါပဲ ...
ဘာမှမလုပ်ဘဲ နေလို့တော့ ဘာမှ
မဖြစ်ဘူးပေါ့...
" သဘောကျလို့ပါ "...။
- Khant Hmhwe Swe
မိတ်ဆွေများအား
ချစ်ခင်စွာဖြင့်...
Crd
Via_ MoyTun
Comments
Post a Comment