တစ်ခါတုန်းက
ရွာတစ်ရွာမှာ မြန်မာစကားကို ပီသအောင် မပြောတတ်တဲ့ အပျိုကြီး "မဆိုင်းတောင် " ဆိုတာ ရှိတယ်
အဲ့သလို မြန်မာစကားကို ပီသအောင် မပြောတတ်လို့လည်း အပျိုကြီး မဆိုင်းတောင်ဟာ ပြသနာ ခဏခဏ ဖြစ်ရတယ်
သူပြောပုံက ကြားရတဲ့ တဖက်လူကလည်း စိတ်ဆိုးချင်စရာကိုးဗျ
ကြည့်ပါလား
ရွာထဲက နှင်းမြ ဆိုတဲ့ မိန်းကလေးကို လမ်းမှာ
တေွ့တော့
မဆိုင်းတောင်က ဒီလို နှုတ်ဆက်တယ်လေ
" ဟဲ့ ညှင်းမြ - ဘယ် ကို ယွ မလို့လဲ?"
" ဟမ်"
မဆိုင်းတောင် နှုတ်ဆက်တဲ့စကားက
ဟဲ့ နှင်းမြ ဘယ်သွားမလို့လဲ?" လို့ နှုတ်ဆက်တာပါ
ဒါပေမဲ့ နှင်းမြ ဆိုတဲ့ မိန်းကလေးက လည်ပင်းမှာ ညှင်းကွက် တွေ ပေါက်နေတဲ့သူ ဖြစ်တဲ့အပြင် စကားက "ဘယ် ယွ မလို့လဲ ?"ဆိုတော့ ဟိုက စိတ်ဆိုးပြီး ပြသနာ တက်တော့တာပေါ့
အဲ့လို အဲ့လို 😂😂😂😂😂
တစ်ခါတုန်းကလည်း
စပါးပွဲစားလေး မောင်ကျီးညို နဲ့ လမ်းမှာ ဆုံတော့
မဆိုင်းတောင်က
" ဟဲ့ ယီးညို - ငါ့ စပ တွေ ယားနေပြီ - ရိတ်ရတော့မယ် သိလား "
မဆိုင်းတောင် စကားကြောင့် မောင်ကျီးညိုလည်း ဒေါသ အချောင်းချောင်း ထွက်ရတော့တာပေါ့
" မဆိုင်းတောင် --ခင်ဗျား ခင်ဗျား မိုက်ရိုင်းလှချည်လား "
အပျိုကြီးလည်း နားမလည်စွာဖြင့်
" ဟဲ့ ငါက ဘာရိုင်းလို့လဲ - ငါ့ စပ တွေ ယားလို့ ယားတယ် ပြောတာလေ - ရိတ်ပြီးရင်လည်း နင့်ကိုပဲ ရောင်းရမှာ "
" ထွီ ခင်ဗျား ခက်ဗျား ဗျာ "
😂😂😂😂😂😂😂😂😂😂
အမှန်တော့
မဆိုင်းတောင် ပြောတာက
သူတို့ လယ်ထဲက စိုက်ထားတဲ့ "စပါးတွေ ရနေပြီ ရိတ်ရတော့မယ်" လို့ ပြောတာပါ
ဒါကို အဓိက နေရာကြမှ မပီပဲ ပြောတော့
ပြသနာ တက်ရတော့တာပေါ့
ဒါပေမဲ့
အဲ့သလို စကား မပီ တာကြောင့် အပျိုကြီး ကံကောင်းခဲ့တာလည်း ရှိပါတယ်
တစ်ခါကပေါ့
မဆိုင်းတောင်တို့ ရွာထဲမှာ
ပစ္စည်း အပျောက်အရှတွေ အရမ်းများနေပြီး
သူခိုးတွေ သောင်းကျန်းနေတဲ့အချိန်ပေါ့
ဒါကို ကြားတဲ့ မဆိုင်းတောင်ဟာ
တစ်ယောက်ထဲ နေရတဲ့သူ ဆိုတော့
ညည သတိဝိရိယနဲ့ အိပ်သတဲ့
တစ်ည
သူခိုးတစ်ယောက်ဟာ
မဆိုင်းတောင်ရဲ့အိမ်ကို ဝင်ခိုးပါလေရော
သူခိုးလည်း ဟိုရှာဒီရှာနဲ့ စားပွဲပေါ်က ဓာတ်ဗူးကို တိုက်မိပြီး အသံထွက်သွားတာပေါ့
ဒါကို
အအိပ်ဆတ်တဲ့ မဆိုင်းတောင်က
နိူးလာပြီး ဒီလို မေးလိုက်တာပေါ့
" ဘယ်သူလဲ?--သာခို လား?"
ဒါကို သူခိုးက ကြားတော့
သူ့အိမ်သား တစ်ယောက်ယောက်ရဲ့နာမည် ကိုမေးတာ ဖြစ်မယ် " ထင်ပြီး
သူခိုးက အသံအုပြ၍
" ဟုတ်ကဲ့ - ကျတော် သာခို ပါ "
အပျိုကြီးလည်း
သူခိုးဆီက အသံကြားလိုက်တော့
ဘာပြောကောင်းမလဲ !
အသံပြဲကြီးနဲ့ ကုန်းအော်တော့တာပေါ့
" သာခို ဗျို့ သာခို - လာကြပါအုံး ကယ်ကြပါအုံး ဒီမှာ သာခို ဝင်နေလို့ "
အပျိုကြီး အသံကြောင့် ရွာထဲကလူတွေ နိုးလာပြီး ဝိုင်းလိုက်ကြတာ သူခိုးကို မိပါလေရောတဲ့
😂😂😂😂😂😂😂😂😂😂😂
သူခိုးခမျာ
အပျိုကြီးကို နားမလည်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး ဖမ်းဆီးခေါ်ဆောင်ရာကို ယက်ကန်ယက်ကန် နဲ့ ပါသွားရရှာလေတယ်
အဲ့လို အဲ့လို
Crd
😂😂😂😂😂😂😂
#လူချွန်တော်
Comments
Post a Comment