#ငါလည်းပါတယ်မှတ်နေတာ😁😁


ရွာတရွာ မှာ 

ဦး ညီ ဆို သူနှင့်ဒေါ်သင်ဇာ ဆိုတဲ့

လင်မယားနှစ်ယောက်ရှိကြတယ်။


သူတို့လင်မယားမှာသား ၃ယောက် 

နှင့် သမီး၂ယောက်ထွန်းကားခဲ့ပေမဲ့ သားသမီး အကျိုးမပေးဘူးဆိုရမှာပဲ။


ဘယ်သား ဘယ်သမီးမှ 

ပြောလို့ ဆိုလို့မကောင်းဘူး

မိဘကို ရိုသေရကောင်းမှန်းမသိ 

လုပ်ကျွေးရကောင်းမှန်းမသိနဲ့ 

ကြာတော့ ဒဏ်မခံနိုင်တော့သည့် အဆုံး


ဒေါ်သင်ဇာတယောက် စိတ်ပေါက်ပေါက်ရှိတာနဲ့.....

အော်တော့တာပဲ။


"ဟေ့...ဘယ်သား ဘယ်သမီးမှအားမကိုးဘူး။ နင်တို့

မွေးထားရတာ အလကားပဲ ဆန်ကုန်တယ် မြေလေးတယ်။ငါ့အိမ်ပေါ်က ဆင်းကြ အကုန်ဆင်း ခုချက်ခြင်းဆင်း"


အနှစ်နှစ် အလလက 

မျိုသိပ်ခဲ့သမျှ ဒေါသတွေ

အကုန် ပေါက်ကွဲတော့တာပဲ။


သားသမီတွေကလည်း ဆိုးတုန်ကဆိုးခဲ့ကြပေမဲ့

အခုကြ မျက်နှာငယ်လေးတွေနဲ့ 

အိမ်ပေါ်ကဆင်းရန် 

ပြင်ကြရလေတော့သည်။


"သားတို့ တကယ်ဆင်းရမှာလား 

မေမေ"


"ခုမှ မေမေတွေလုပ်မနေနဲ့ ဆင်းကြ"


ထိုအခါ သမီး ၂ယောက်ကလည်း...


"သမီးတို့ရောလား မေမေ"

ဒေါ်သင်ဇာ ကပြောလိုက်တယ်

"အေး.... အကုန်လုံးကိုပြောနေတာ ဟေ့ ငါ့နို့စို့ဘူးတဲ့သူမှန်သမျှ အကုန်ဆင်း"


ထိုအခါ ဦးညီ တယောက်လည်း ဟို...ပုဆိုးလေးခေါက် လိုက်

ဒီ...အင်္ကျီလေးခေါက်လိုက်နဲ

့လုပ်တော့ တာပဲ။


"အရေးထဲ ဟို...အဖိုးကြီးက 

ယောင်ချာချာနဲ့

ဘာလုပ်နေတာတုန်း...."


"Cင့်...သိဘူးလေ နင်ပြောတဲ့စကား

အတိုင်းဆို

ငါရော အိမ်ပေါ်ကဆင်းရမှာလားလို့"


"တော်မပါဘူး...တော့သားသမီးတွေကိုပြောနေတာ 

အသက် ကြီးကောင်း ကြီးမားကျမှ

ဘာတွေ အတွေးခေါင်နေမှန်းလည်း

မသိဘူး

အာ့မျိုးတွေ ကိုမေတ္တာမရှိတာ"


:-) 


:p


Credit#

#တာဇဲ

😁😁

Comments

Popular posts from this blog

ချောတယ်လို့