"မဲသရောင်"
"အစ်ကို ဆိုင်ကယ်ဘာဖြစ်တာလဲဗျ"
"ဆီကုန်တာငါ့ညီရ ဒါနဲ့ မင်းရော ဘယ်သွားမလို့လဲ "
ကျွန်တော်လည်း အလိုက်သင့်နှုတ်ခွန်းဆက်လိုက်သည်။
"ကျွန်တော့်အိမ်က ရှေ့နားမှာလေ ဒါနဲ့ အစ်ကိုကခရီးသွားထင်တယ် တစ်ခါမှ မမြင်ဖူးဘူးနော်"
"အင်း ဟုတ်တယ် အစ်ကိုက ပွဲစားဆိုပါတော့ ခုည ရောင်းသူနဲ့ဝယ်လဒ်ကို စျေးညှိပေးနေရတာနဲ့ နောက်ကျသွားတာကွ"
ဘာပဲဖြစ်ဖြစ် ခုလိုညအချိန်မှာ စကားပြောဖော်တစ်ယောက်ရှိတော့ အပျင်းပြေတာတော့အမှန်ပင်။ သူ့ပုံကြည့်ရတာတော့ ခပ်အေးအေးပုံစံလေးဗျ။ ကျွန်တော်လည်း မနေနိုင်တာနဲ့ သူ့အကြောင်းစပ်စုကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။
"ဒါနဲ့ ငါ့ညီ မင်းကဘာအလုပ်လုပ်တာလဲကွ"
သူတစ်ချက်ငြိမ်သွားသည်။
"ကျွန်တော်က ခြံစောင့်ပါ ဒီခြံကြီးကိုစောင့်ရှောက်ရတာလေ"
ထို့်နောက် သူ့မျက်လုံးဝိုင်းတွေဖြင့် ကျွန်တော့်ကိုစိုက်ကြည့်ပြီး ထူးထူးဆန်းဆန်း မေးလေသည်။
"အစ်ကို သရဲ မကြောက်ဘူးလား"
"မကြောက်ပါဘူးကွာ သရဲဆိုတာ တကယ်မှမရှိပဲကွာ"
ကျွန်တော်လည်း စိတ်ထဲရှိရာ ဖြေလိုက်သည် ။
"အစ်ကိုက ခရီးသွားဆိုတော့ ဒီခြံအကြောင်းဘယ်သိမလဲဗျာ"
"ထားပါတော့ကွာ ဒါနဲ့ မင်းနာမ်မည်က ဘယ်လိုခေါ်လဲကွ"
"ကျွန်တော့်နာမ်မည်က 'မဲသရောင်'ပါ"
သူ့စကား အဆုံးမှာပဲ ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်နေမိသည်။
"ဟာငါ့ညီ မင်းကလည်းကွာ မောင်ဖြူဆိုမောင်ဖြူ မောင်မဲဆိုမောင်မဲ ဘယ့်နှယ် 'မဲသရောင်'တဲ့ကွာ"
ကျွန်တော်က ရယ်မောရင်း ပြောနေပေမဲ့ သူအသံတိတ်သွားသည်။ ကျွန်တော် လှည့်ကြည့်လိုက်တော့ သူ့ကိုမတွေ့တော့ပေ။ ပတ်ဝန်းကျင်မှာ လိုက်ရှာတော့လည်း အရိပ်အရောင်ပင်မတွေ့။
"ဘာလဲကွ ဘယ်ရောက်သွားပါလိမ့် ဒါနဲ့ သူ့နာမ်မည်က 'မဲသရောင်' အင်း 'မဲသရောင်' ဆိုတော့က 'မောင်သရဲ 'ဟာ ငါ့ကို သရဲခြောက်တာပဲကွ"
ကျွန်တော်လည်း ဆိုင်ကယ်ကို တွန်းပြေးတာ ဆီဆိုင်ကို ဘယ်လိုရောက်မှန်းပင်မသိတော့ချေ။
Crd
#𝐸𝒶𝒾𝓃𝓉𝑀𝒶𝓉𝒜𝓀𝒶𝑅𝒾
Comments
Post a Comment