သံဈေးကွက်ထဲ စျေးလိုက်စပ်တဲ့ ၁၄ နှစ် ကုလားလေးကို

မင်းရော ဂျပန်စာ မသင်ဘူးလား ဆိုတော့ .. 

ဗမာလိုကောင်းကောင်း ပြောတတ်ရင် နှစ် ၂၀ ဆို

သဌေး ဖြစ်ပြီတဲ့ … 


---------------------------------------------


ကိုးရီးယားသံရုံးရှေ့မှာ မြန်မာလူငယ်တွေ ကြိတ်ကြိတ်တိုး

နေကြတယ် … 

မြန်မာလူငယ် အများ ဂျပန်စာ သင်နေကြတယ် … 

ဒီမှာ အလုပ်လုပ်ဖို့ ခေါ်ရင် မျော်လင့်ချက် မရှိဘူး… 

ကိုးရီးယား ဂျပန် သွားမယ်.. တဲ့လေ ..

သူတို့ကို အပြစ်ပြောတာ မဟုတ်ဘူးနော်.. 

အောက်ကို ဆက်ဖတ်ကြည့်ပေး.. 


အဲ့ဒီအချိန် ခင်မင်တဲ့ ကုလားလူငယ် စီးပွါးရေးသမားပေါ့..

အရင်က ချိန်းလင့်တွေကို သွင်းတယ်တဲ့ ။ 

အခု မြောင်းတကာမှာ ထုတ်တော့မယ်တဲ့ .. 

အရင်းက စိုက်စရာ ဘာမှ မရှိဘူးတဲ့ .. 

ဒီလိုပဲ လုပ်ငန်း ငွေချေး ဌာနဆိုင်ရာမှာ ဟိုဝင် ဒီထွက်နဲ့ 

လုပ်ငန်းတွေ ရပြီ .. အခု စက်ရုံ စ Run နေပြီ။ 


ဟိုတလောက သိတဲ့ တရုတ်လေးတယောက်.. 

ဟျောင့် ဘာတွေ လုပ်နေလဲ မေးတော့.. 

မြေစျေးတက်တော့မှာ စျေးကွက်တွေ လိုက်စုနေတယ်တဲ့.

လိုက်ဝယ်တာလား ဆိုတော့.. ဟုတ်ဘူး.. တဲ့ 

စျေးကွက်ကို ဝင်ကစားမလို့ .. လိုက်အုပ်နေတာတဲ့.. 


သံဈေးကွက်ထဲ စျေးလိုက်စပ်တဲ့ ၁၄ နှစ် ကုလားလေးကို

မင်းရော ဂျပန်စာ မသင်ဘူးလား ဆိုတော့ .. 

ဗမာလိုကောင်းကောင်း ပြောတတ်ရင် နှစ် ၂၀ ဆို

သဌေး ဖြစ်ပြီတဲ့ … 


ပြီးခဲ့တဲ့ ၅ နှစ်က ဆိုင်ခန်းဌား သံပွဲစား ယူရောင်းတဲ့

ကုလားလေး တယောက် အခုဆို ဆိုင်ပိုင်ရှင်ကြီး ဖြစ်ပြီး

အကို လိုတာရှိတာ ပြောပါတဲ့ … 


သားကြီး သူငယ်ချင်း ကုလားလေးကို မင်း နိုင်ငံခြား

မသွားဘူးလား ဆိုတော့.. 

မဖွံ့ဖြိုးသေးတဲ့ နိုင်ငံက ငွေပိုရှာလို့ ကောင်းတယ်တဲ့


ညနေ ဗိုက်ဆာလို့ တရုတ်တန်းဖက်သွားတော့.. 

တရုတ်ကလေးတွေ ကြီးကြီး ငယ်ငယ် စာကျက်ရင်း

စျေးရောင်းနေကြတယ် .. 

ကျက်နေတဲ့ စာအုပ်ကြည့်တော့ မြန်မာသင်ရိုးညွှန်တမ်း.. 


ကားလေးပြင်စရာ ရှိလို့ အခွန်လွတ်စျေးသွားပါတယ်.. 

အကိုဘာလိုလဲလို့ လာမေးတာ ကုလားလေးတွေ… 


တောင်ဒဂုံ လှိုင်သာယာ ရွှေပြည်သာ ကြည့်လိုက်ရင်

စက်ရုံပိုင်ရှင်တွေ ၊ ကား ၊ သံ ၊ ရွှေ ၊ ဒေါ်လာ .. ကြိုက်တဲ့

လုပ်ငန်း ပြော … ဗမာပြည်မှာ ဗမာတွေ နည်းလာတယ် .. 


နည်းမှာပေါ့.. ဂျပန် ကိုးရီးယား ထိုင်း သွားနေကြတာကိုး..

ဂျပန် ကိုးရီးယား သွားဖို့ ဆိုရင် …

အစကနေ ပြန်ဖတ် ..


ခင်ဗျားကရော.. ဘာလဲ မေးရင်..

ကျွန်တော် သံရောင်းတဲ့ ဗမာ စစ်စစ်ပါ ။


ပထမ ပိူစ့် Friend Only လုပ်လိုက်ပါတယ် .. 😂😂

တော်ကြာ နိုင်ငံခြားသွားတဲ့ ကလေးတွေ ဝိုင်းဆဲနေဦးမယ်။

နိုင်ငံခြားသွားတာ အပြစ်မပြောပါဘူး ။ 

ကိုယ်လမ်းကိုယ်ရွေးကျတာပါပဲ ။ 

ဟိုရောက် ချမ်းသာ အဆင်ပြေသွားရင် ကောင်းပါတယ်။


ဘာကို ပြောချင်တာလဲ ဆိုတော့ .. ဒီနိုင်ငံမှာ အလုပ်မရှိဘူး

မချမ်းသာနိုင်ဘူး ။ မျှော်လင့်ချက်မရှိဘူး ပြောနေကြလို့ပါ။


ဒီနိုင်ငံမှာ မျော်လင့်ချက်မရှိဘူး.. လို့ ပြောတဲ့အထဲမှာ 

ထူးဆန်းတာ ဒီနိုင်ငံမှာ နေတဲ့ တရုတ် ကုလား မပါဘူး.. 


နိုင်ငံရဲ့ သွင်းကုန် ထုတ်ကုန် ဆီ ကား ရွှေ ဒေါ်လာ မြေ 

စက်ရုံ အလုပ်ရုံ .. လုပ်ငန်းတွေ ကြည့်ကြည့်ပါ .. 

ဗမာလူမျိုးနည်းပါတယ် .. 

ဒါကို ကြိုးစားစေချင်တာပါ .. 


မိဘလက်ထက်မှာ ရွှေလုပ်ငန်းလုပ်ခဲ့ရင် သားသမီး

လက်ထက် ရွှေလုပ်ငန်းရှင်ဖြစ်လာမယ် ။ 


အဖေအမေလက်ထက် သံ ဆီ ဒေါ်လာ ကား လုပ်ငန်းတွေမှာ

စလုပ်လာရင် သားသမီးလက်ထက် လုပ်ငန်းကြီးလာမယ်။


ဘယ်အရာမှ တော့ ချက်ချင်း မဖြစ်လာဘူးပေါ့ဗျာ..


ပုသိမ်မှာ တရုတ်အဘိုးလက်ထက်က ဆန်ပြုတ်ရောင်းပြီး 

အဝတ်အထည် စခဲ့တာ အခုဆို ပုသိမ်မှာ အချမ်းသာဆုံး

ဖြစ်နေပြီ ။ 


ကျွန်တော် ဘကြီး ၁၀ တန်းမှာ မဆယ်ဆိပ်ရွာက

ရန်ကုန်တက်ပြီး ရထားလမ်းဘေး သံပုံးနဲ့ သံရောင်းခဲ့တာ 

အခုဆို တမျိုးလုံး သံလုပ်ငန်း အကြီးအကျယ်လုပ်နေပြီ။


ကျွန်တော် ဦးလေး သံလှည်းတွန်းတဲ့ ဘဝက စခဲ့တာ..

အခု တနိုင်ငံလုံးမှာ အကြီးကျယ်ဆုံး သံလုပ်ငန်းရှင်

ဖြစ်နေပြီ .. 


ဗမာလူငယ်တွေ ရေတိုအဆင်ပြေမှုကို မကြည့်ပဲ.. 

ရေရှည်အတွက် ကြိုးစားစေချင်တာပါ ။ 


ကျွန်တော်ကိုယ်တိုင်လဲ ဦးလေးဆီမှာ ၅ နှစ်တိတိ

ပင်ပင်ပန်းပန်း ဝန်ထမ်းလုပ်ပြီး ကြိုးစားခဲ့ရတာပါ ။ 


လူငယ်တွေက ငွေရဖို့ ငွေရှိဖို့ပဲ ကြိုးစားကြတာ။ 

တကယ်တန်းက အလုပ်တခု ကျွမ်းကျင် အရည်အချင်း

ရှိဖို့ အရေးကြီးတာပါ ။ 

လုပ်ငန်းအပေါ်မှာ တဆင့်ထက် တဆင့် မြင့်သထက်

မြင့်အောင် လေ့လာ သင်ယူ ကြိုးစား အားထုတ်ရမယ်။

အရည်အချင်း ရှိလာရင် ငွေရှိသူက ချဉ်းကပ်လာပါလိမ့်

မယ်။ 


နေရာပေးမှ နေရာ မယူချင်ပါနဲ့။ အဲ့ဒါ မမြဲဘူး။


ကိုယ့် နေရာ ကိုယ် ရအောင်ယူပါ ။ 

ဒါဆို ဖယ်ရှားလို့ မရဘူး။


မူရင်း:credit

Comments

Popular posts from this blog

ချောတယ်လို့