သေနတ်ဆိုင် တဆိုင်သို့

အဘွားအို တယောက် သေနတ် လာဝယ်သည်။


"သေနတ် တလက်လောက် လိုချင်တယ်ကွယ်''


"ဘယ်လို သေနတ်မျိုး ယူမလဲ အဘွား

 ရှစ်တောင့်ထိုး ရှိမယ်..ခြောက်တောင့်ထိုး ရှိမယ် ''


"အင်းး..ဘယ်ဟာ ယူရမလဲ ဆိုတော့..

 ခဏ ..''


အဘွားအိုက အိပ်ကပ်ထဲက ဖုန်းထုတ်၍ ဆက်လိုက်ပြီး


"ဟယ်လို.. EPC ရုံး ကလား? "


"ဟုတ်ပါတယ်..ခင်ဗျာ ''


"တခုလောက် မေးချင်တယ်

 မင်းတို့ရုံးမှာ ဝန်ထမ်း ဘယ်နှယောက် ရှိလဲကွယ်"


" ရှစ်ယောက် ရှိပါတယ် ခင်ဗျ ''.


ထိုအခါအဘွားအို ဖုန်းချ၍ 

ဆိုင်ရှင်အား..


" ရှစ်တောင့်ထိုး...ပေး ။ 

လိုလို ပိုပို ကျည်ကတ် ၂ ကတ်နဲ့ 

လက်ပစ်ဗုံးပါ ပေး''


" အယ် ''😅


(မရတော့ဘူး စိတ်တော်တော်ဆိုးပြီ 

ထမင်းအိုးတွေ ပျက်တာများပြီ)😁


#Credit:


ပြန်လည်မျှဝေသည်။


Htike (Solo)

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့