ဘုန်းဘုန်းသည် သောက်ချဉ်မဟုတ် 😀

😀 😀 😀


တစ်နေ့တော့ ..... ဘုန်းကြီးကျောင်းကို

လူတစ်ယောက် ရောက်လာပြီး🙂


“အရှင်ဘုရား …😊

အရက်သောက်တာ အပြစ်ရှိပါသလား ဘုရား”😌


“ရှိပါတယ် ဒကာ”😊


“ဒါဆို တစ်ခု မေးပါရစေ ဘုရား"😒


“မေးပါ ဒကာ၊ မေးပါ”😊


“စပျစ်သီးစားတာ အပြစ်ရှိပါသလား ဘုရား"😏


“မရှိပါ ဒကာ”


“စပျစ်သီးနဲ့ ရေနဲ့ ရောသောက်ရင်ရော ဘုရား”


“အပြစ်မဖြစ်ပါ”


“စပျစ်သီးတွေကို ရေထဲထည့်၊ အဲဒီအထဲကို

တဆေးလေးနည်းနည်းထည့်ပြီး ဖောက်ထား

တာကို သောက်ရင် အပြစ်ဖြစ်သလား ဘုရား”😜


“ဘာကို ပြောတာလဲ ဒကာ”😚


“စပျစ်သီးရယ် ၊ ရေရယ် ၊ တဆေးရယ် ရောလိုက်ရင်

အရက်ဖြစ်သွားတယ် ဘုရား။ …ဒါကြောင့် အဲဒီလို

လုပ်သောက်တာဟာ အပြစ်ဖြစ်နိုင်ပါ့မလား ဘုရား"😜


"အင်"😬


...


“ဒကာကြီး”😐


“ဘုရား”


“ဟောဒီ မြေမှုန့်လေးနည်းနည်းကို

ဒကာကြီးခေါင်းပေါ် ဖြူးလိုက်မယ် … နာသလား”☺


“ဘယ်နာမှာလဲ ဘုရား”☺


“ဟုတ်ပြီ … အဲဒီ မြေမှုန်ကို ရေနဲ့ ရောနယ်ပြီးတော့

ဒကာကြီး ခေါင်းပေါ် လောင်းချလိုက်မယ်၊ နာမလား”☺


“မနာပါဘူး ဘုရား”☺


“ကောင်းပြီလေ...အဲဒီ မြေမှုန်ရယ် ၊ ရေရယ် ရောနယ်ထားပြီး ဖုတ်ထားတဲ့ ဟောဒီ အုတ်ခဲနဲ့ ဒကာကြီးခေါင်းကို ထုမယ်ဆိုရင်ရော”😣


ဒကာက ဆရာတော်ကို အမြန် ဦးကုန်းချတယ်။😭


“တပည့်တော် သဘောပေါက်သွားပါပြီဘုရား”😬😭😱


“အိမ်း … သာဓု … သာဓု … သာဓု”😜😝😛

-

Credit


    #Kokolin

Comments

Popular posts from this blog

ချောတယ်လို့