ဟိုနေ့က စာအုပ်တစ်အုပ်ထဲမှာ 

မဟာဇနက ဇာတ်လမ်းလေး

ပြန်ဖတ်ရတော့ ပေးချင်တဲ့ 

မတ်စေ့တွေက တော်တော်လေး

ကောင်းတယ်ဟ လို့ တွေးပြီး 

အံ့ဩရတယ် 


ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ 

ဇာတ်လမ်းတွေ ဒီအသက်အရွယ်

ပြန်ဖတ်ရင် ရတဲ့ မတ်ဆေ့တွေက 

မတူတော့ဘူး 


ဇာတ်ဝတ္ထု တွေ အကြောင်းပြောရင်

ဒီလူတွေ၊ ဒီအကြောင်းအရာတွေ 

တကယ် ရှိခဲ့ မရှိခဲ့ ၊ ဖြစ်ခဲ့ မဖြစ်ခဲ့ 

ဆိုတာထက် ခေတ်တခေတ်က 

လူတွေ နှောင်းလူတွေကို လက်ဆင့်ကမ်း

ပေးချင်ခဲ့တဲ့ အမြင့်ဆုံး wisdom တစ်ခု

အနေနဲ့ သဘောထားပါတယ်။


ကမ်းမမြင် လမ်းမမြင် ပင်လယ်နက်ကြီးထဲ

သင်္ဘောပျက်တော့ အခြားလူတွေ အော်ဟစ်

ငိုယို ဆောက်တည်ရာ မရ ဖြစ်နေတဲ့အချိန် 

မဟာဇနကက တည်တည်ငြိမ်ငြိမ်ပဲ 

တွေးတော ဆင်ခြင်ပြီး လုပ်စရာရှိတာ 

ဆက်တိုက် လုပ်နေခဲ့တာနော် 


Wisdom over Emotions !


မှတ်မိသလောက် အဆာခံအောင် 

ဆီဦးထောပက်တွေ စားတယ်၊ ပုဆိုးကို

ဆီထောပက် သုတ်တယ်၊ ပြီးရင် အမြင့်ဆုံး

တိုင်ထိပ်ထိ တက်ပြီး ငါးမန်းအုပ် လူအုပ်နဲ့ 

ဝေးတဲ့နေရာကို ခုန်ချပြီး စကူးတော့တာ


ဒီအထိကို အံ့ဩစရာတွေက အများကြီး


ဖြစ်တဲ့အချိန်က ညလို့ ထင်ပါတယ်။ 

ပင်လယ်နက်ကြီးထဲတော့ နေ့နေနေ

ညနေနေ မထူးပါဘူး


ကျနော်ဆို ပင်လယ်အနက်ကြီးထဲ 

သင်္ဘောပျက်ရင် ဘာလုပ်မလဲ 

ခဏခဏ တွေးမိတယ်။ 


သူ့လို ကူးဖို့တော့ စဉ်းစားမိမှာမဟုတ်

ဘူး။ titanic ဇာတ်လမ်းထဲက 

ကိတ်ဝင်းစလက်လို ပျဉ်ပြားလေးပေါ်

တက်အိပ်ပြီး အကူအညီ ထိုင်စောင့်နေမိမှာ

😂


မေခလာ ဆိုတော့ နတ်ဘာညာမယုံတဲ့လူ

တွေက စ ကွန်ပလိန့်တက်ပြီ


တကယ် လက်ရှိ အပြင်မှာလည်း 

Miracle ဆန်ဆန် ပင်လယ်ကြီးထဲ

က လွတ်မြောက် အသက်ရှင်တဲ့ 

ဖြစ်ရပ်တွေ ရှိပါတယ်။ 


ကျနော်တော့ မဟာဇနက ပြန်ပြောတဲ့ 

စကားလေးတွေကို အရမ်း သဘောကျတယ် 


စကားတွေက အတိအကျတော့ မဟုတ်ဘူး

နော် 


မေခလာက “ ကမ်းမမြင်လမ်းမမြင် ပင်လယ်

ကြီးထဲ ဘာလို့ ကူးနေတာလဲ ရူးနေလား” 

လို့ မေးလိုက်တာ 


ဟိုက 


“ ကံစီမံရာပဲ ဆိုပြီး အရှုံးပေးအညံ့ခံခြင်းက 

လူဖျင်းလူညံ့တွေရဲ့ အလုပ်၊ 


အဲ့လို အရှုံးပေးခြင်းရဲ့ အကျိုးက 

သေလည်း သေရတယ်၊ လူဖျင်း

လူညံ့လည်း ဖြစ်ရတယ်။ 

အကျိုး ၂ ခါ ယုတ်တယ်။ 


အကျိုး result ဟာ ကိုယ့် control အောက်မှာ

ရှိတာလည်း ရှိတယ်၊ control ကျော်ပြီး ရှိ

နေတာလည်း ရှိတယ်။ 


အကြောင်းကတော့ သေချာပေါက် 

ကိုယ့် control အောက်မှာ ရှိနေတယ်။ 


ဒါကြောင့် ကိုယ့် control အောက်

မှာ ရှိမရှိ မသေချာတဲ့ အကျိုး ကို ထည့်

မတွေးပဲ ကိုယ့် control အောက်မှာ ရှိနေတဲ့ 

အကြောင်း အကျိုးကိုပဲ လေးလေးစားစား

အားထုတ်ရမယ်။ 


ခုထိကိုပဲ အားထုတ်ခြင်း မပြုတဲ့ လူ ၇၀၀

ကျော် သေကြေကြရပြီးပြီ။ 


အားထုတ်ခဲ့တဲ့ ကျွန်ပ်က ခုထိ ရှင်နေသေး

သလို နတ်သမီးကိုလည်း မြင်ရတာ 

အားထုတ်မှု ဝီရိယရဲ့ အကျိုး မဟုတ်လား 


လူဖြစ်ရခြင်းမှာ မျိုးနွယ်စု “ညာတိ” ကျေးဇူး၊

နတ် “ဒေဝါ” ကျေးဇူး၊ ဗြမ္ဘာ “ပိတာ” ကျေးဇူး

တွေ ပါတယ်။ 


လုံ့လစိုက်ထုတ်ပြီး ကြိုးစားခြင်းဟာ 

၎င်းတို့ အပေါ် ကျေးဇူးဆပ်ခြင်းဖြစ်တယ် 


ဒီလို ဆပ်ရင် ကြွေးကင်းသူ ဖြစ်နိုင်ပါတယ်။


ဒါကြောင့် အလုပ်တစ်ခုရဲ့ ရလဒ်ကို မမျှော်

ကိုးပဲ ကိုယ့်ထိန်းချုပ်မှုအောက်က အားထုတ်မှု

ကိုသာ စွမ်းအားရှိသလောက် ဆောင်ရွက်ပါ

တယ်“


တဲ့ 


အတိုချုပ် ပြောရရင် result ကို ထည့်

မတွေးပဲ အကောင်းဆုံး best effort ကို

အာရုံစိုက် အားထုတ်ရမှာ လို့ ပြောသွား

တာပါပဲ ။ ဒီ mesg လေးကို ted talk မှာ 

လူတစ်ယောက် ပြောသွားဖူးတယ်။ 


ဒီ ဇတ်နိပါတ်ကို ဖတ်ပြီး တွေးကြည့်ပါ


ဗုဒ္ဓအလောင်းတော်လို့ ပြောကြတဲ့ လူတစ်

ယောက်ရဲ့ စိတ်ဓာတ် 


ကံကံအကျိုး ဆိုပြီး လွှဲချ အရှုံးပေးခဲ့တာ

မျိုး၊ ဘုရားကယ်ပါ ဆိုပြီး ထိုင်ဆုတောင်း

နေခဲ့တာမျိုး သူ့ ဇာတ်ကြောင်းတွေမှာ 

မရှိခဲ့ဘူးနော် 


ဝီရိယ ဆိုတာ ဘုရားလောင်းတို့ ဖြည့်ကျင့်

ရတဲ့ ပါရမီတစ်မျိုးပါ


ဆုံးဖြတ်ချက်အတိုင်း ပြီးပြတ်အောင်၊

အောင်မြင်အောင် လုပ်တဲ့ အဓိဌာန်ပါရမီဆို

တာလည်း ဘုရားလောင်းတွေ ဖြည့်ကျင့်

ရတဲ့ ပါရမီပါ


ဒါကြောင့် ဗုဒ္ဓဘာသာတွေ ပြောပြောနေကြတဲ့

ကံစီမံရာပဲ ကံကံရဲ့ အကျိုးပဲ ဆိုတာမျိုး

တွေက တကယ်ရော ဗုဒ္ဓအလိုကျ ဖြစ်ရဲ့လား 

ဆိုတာ တွေးကြဖို့ပါပဲ 


ဒီပုံပြင်လေးကို ဘဝ ခွန်အားဖြစ်စေဖို့

ကံ အကြောင်း အယူအဆ အလွဲလေးတွေ

ကို တွေးမိစေဖို့ ရည်ရွယ်ပါတယ် 

Crd


#Swann

Comments

Popular posts from this blog

ချောတယ်လို့