သတိပေး စာများ အကြောင်း

======================


ကားစီးတိုင်း(သို့မဟုတ်)ကားမောင်း

တိုင်း ကိုယ့်ရှေ့ကသွားနေတဲ့ ကား

တစ်စီးရဲ့ ကားနောက်ဖုံးမှာ..ဒါမှ

မဟုတ် Mudguard (ရွှံ့ကာ) ပေါ်

မှာ ..ရေးထားတဲ့ စာတမ်းလေးတွေ 

ကို သင် သတိပြုဖတ်ဘူးပါသလား.?


များသောအားဖြင့် ကိုယ့်ကား

နောက်မှာကပ်လျက်ပါလာတဲ့ကား

ကိုသတိထားမောင်းဘို့အသိပေးတဲ့

စာလေးတွေပဲများပါတယ်..


'ကပ်မလိုက်ရ ' 


' ခွာလိုက်ပါ'.. 


စသည်ဖြင့်ရိုးရိုးသတိပေးရေးသား

တာမျိုးတွေရှိသလိုကာလပေါ် 'ဘန်း' 

စကားတွေနဲ့ ခပ်လောင်လောင် ရေး

တာမျိုးလည်းတွေ့ရ တတ်ပါတယ်..


ဥပမာ


'ဝေး နေတာပဲ ကောင်းပါတယ်..'


'နမ်း မိမယ်နော်..'


'ငါ့ကို ချစ်ရင်မနမ်းပါနဲ့..'


ဒီလိုရေးတာတွေလည်းမနည်းဘူး..


တချို့က ဒီလို အပြတ်အော်ထား

ပြန်တယ်..


'နောက်က နမ်းရင် လျော်ရမယ်..'


တချို့ကတော့ နောက်ကားအတွက်

သတိပေးချက်မဟုတ်ဘဲ အပျော်

ဟာသသက်သက်ရေးထားမျိုး

လည်း ရှိတတ်ပါတယ်..


ဥပမာ..


'မင်းကိုလည်းချစ်တယ်..

အိမ်ကဟာကြီးကိုလည်း မပစ်

နိုင်ဘူး'..မျိုးပေါ့..


(ဟဲဟဲ..ဝေသန္တရာလိုအချစ်မျိုး

ထင်ပါရဲ့..😜)


အများစုက သတိပေးချက်ကို 

ဟာသဆန်ဆန်ရေးထားတတ်တာမို့ 

စာတမ်းရှင်တွေရဲ့ ဇဝနဉာဏ်ကို 

ပြုံးမိနေတယ်..


ဒါပေမယ့် ကုန်ကားကြီး(တချို့) 

နောက်မှာရေးထားတဲ့ သတိပေးစာ

တစ်ခုကိုတော့ကိုယ်ဘယ်လိုမှ နား

မလည်ဘူး..


'ရှင် မတောင်နဲ့ ထုလိုက်မယ်..' တဲ့


ဘုရား..ဘုရား


ကြည့်ရတာသနပ်ခါးကောင်းကောင်း

ထွက်တဲ့အညာဘက်မှ ကုန်ကားတွေ

ထင်ပါရဲ့..


လမ်းပေါ်မှာနောက်မှပါလာတဲ့ကား

က..အေးအေးဆေးဆေးမမောင်း

ဘဲ(ကျော်တက်ချင်လို့) ခေါင်းပြ

လိုက်|ဟွန်းတီးလိုက်|လမ်းတောင်း

လိုက်..လုပ်,လုပ်‌နေတာ..ဇွတ်မလုပ်

ပါနဲ့|ရှေ့ကကား အာရုံနောက်ပါတယ်

ပြီးတော့..အားကြီးစိတ်ဆိုးပါတယ်..


ဟုတ်ကဲ..'သနပ်ခါးတုန်းစာမိမယ်'

လို့ ကြိမ်းဝါးပြထားတာ..


ကားမောင်းတဲ့ မိတ်ဆွေများ

ခင်ဗျား..


အဲ့ဒီကားမျိုး‌ကိုယ့်ရှေ့မှာတွေ့ရင်

သိပ်ကပ်မလိုက်နဲ့နော်..'ရှင်မတောင်' 

နဲ့ တွေ့နေဦးမယ်..ဟဲဟဲ😜😜😜

Crd

Comments

Popular posts from this blog

ချောတယ်လို့