#စိတ္တဇဆေးရုံတစ်ခုတွင်ဖြစ်သည်။


ဆေးရုံအုပ်က လူနာများကို မှာကြားနေသည်။


" မနက်ဖြန် ကျန်းမာရေး ဝန်ကြီး လာစစ်ဆေးပြီး 

ဟောပြောလိမ့်မယ်.. ။ ဟောပြောနေတုန်းမှာ 

ငါက.. " အဟမ်း " ဆိုပြီး ချောင်းဟန့်လိုက်ရင် 

မင်းတို့ အားလုံး လက်ခုပ် တီးရမယ်..။

ကြားလား..!! လက်ခုပ်တီးတဲ့ သူကို ကြက်သားဟင်း 

ကျွေးမယ်.." 


နောက်တစ်နေ့... ကျန်းမာရေး ဝန်ကြီး

လာရောက်စစ်ဆေးပြီး ဟောပြောလေသည်။ 

မိန့်ခွန်း ပြောအပြီးတွင် ဆေးရုံအုပ်က 


ကြိုတင်မှာထားသည့် အတိုင်း.. ချောင်းဟန့် လိုက်ရာ... 

လူနာအားလုံး လက်ခုပ်တီး ကြသည်။


ထိုအချိန်တွင်.. လူနာတစ်ယောက် ရုတ်တရက်

ရှေ့ထွက်ပြီး 


ကျန်းမာရေး ဝန်ကြီးအား.." ဖြောင်း.." ကနဲ နေအောင်

ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်။


" ဟေ့ကောင်.. မင်းဘာလို့.. လက်ခုပ်မတီးတာလဲ...

ကွ... ကြက်သားဟင်း မစားချင်ဘူးလား... !!! "


"တိန်...!!! "😤😤😤

.🙄🙄🙄.ဌယ်။

Crd


မူရင်းအား ခရက်ဒစ်ပေးပါတယ်...


Htike (Solo)

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့