ကူညီပါစေရှင့်
***************
ဆိုင်ကယ်ကို သတိထား မောင်းလာနေလျှက်က လမ်းလည်ကျွန်းကို ဝင်အောင်းတော့ လမ်းထောင့်က သရီးကွာတားနှင့် စကပ်တိုမလေး ၂ ပွေ အပြေးလာထူကြတယ်
" အစ်ကို.... ရလား "
" ဟား...ညလေးတို့ ရဒယ်... ရဒယ်လ် မပူနဲ့ "
ကိုယ့်ဆိုင်ကယ်ကို ကိုယ်တိုင် ပြန်ထူတော့ ညလေးတစ်ယောက်က ဝင်ကူပေးတယ်
" အား...ညလေး...ရဒယ်လေ အေးဆေး "
ပြောမယ်သာ ပြောတာ ဖိနပ်တစ်ဖက်ကကျွတ်ပြီး ဘယ်ရောက်သွားမှန်းမသိဘူး ။
" အစ်ကို ညီမတို့ ကားခေါ်ပေးမယ်လေ "
ကြည့်စမ်း သိပ်ကို ကူညီတတ်တဲ့ ညလေးတွေပဲ ။
" အေးကွာ ခေါ်လိုက် "
ချက်ချင်းပဲ ရဲမေလေးက သူ့စက်နဲ့
" မုန်လာချဥ်မှ သရက်ချဥ် ကြားလား ဒီမှာ ဖားတစ်ကောင်မိနေတယ် အမြန်ဆုံး ထန်းခွဲလာပါ ခြောက်လုံးက ဘူတာကြီးရှေ့မှာ နင်တို့နဲ့ငါနဲ့ ဝုန်းရုံပဲ ကောင်မ ဂဋုန်မဆန်နဲ့နော် "
ကျူပ်ကတော့ သူတို့ပြောနေတာတွေ နားမလည်ပါဘူး ကျူပ်ဖိနပ်တစ်ဖက်သာ ဘယ်ရောက်သွားလဲ ကုန်းရှာနေတုန်း...
မြန်လိုက်တာဗျာ ခွေးသူခိုး အဲ.... ခွေးဘီလူးကားတစီးရောက်လာပြီး ကျူပ်ဆိုင်ကယ်ကို ကောက်တင်ကြတယ်
" ဟေ့..အေး..ညလေး ကိုယ့်ဆိုင်ကယ်နဲ့ အိမ်ပြန်တတ်တယ်လေ " ဆိုတော့ ရဲမေလေး ၂ ပွေက ဖြောင်းဖျပါတယ်
" မပူနဲ့အစ်ကို ။ အစ်ကို့ဆိုင်ကယ်ကို စိတ်ချရတဲ့နေရာမှာ ကျွန်မတို့ ထိန်းသိမ်းထားမှာပါ အခု အစ်ကို့အိမ်ပြန်နိုင်ဘို့ ကျွန်မတို့စီစဥ်ထားပါတယ်ဆိုပြီး
ဘူတာကြီးဂုံးတံတားခြေရင်းက ဆိုင်ကယ်တက်စီသမားနောက်ကို တင်လွှတ်လိုက်တယ် ။
တက်စီဆွဲစားတဲ့ မတစ်ရာသားလေးကလည်း ၂ ဖာလုံနဲ့ ၁ သံကြိုးလောက်ရှိတဲ့ ခရီးကို မပုကြွယ်ရဲ့ ခရုလေးလို မောင်းပြီး ငွေ ၅ ထောင်တောင်းသွားတယ်ဗျား
နောက်တစ်နေ့မနက်ရောက်တော့
ကျူပ်ဆိုင်ကယ်ကို ယျာဥ်ထိန်းရုံးမှာ ငွေ ၅သောင်းပေးပြီး ပြန်ရွေးရင်း
" ဟုတ်ကဲ့...ကျွန်တော် မူးမိပါတယ်ခင်ဗျ " လို့ ဝန်ခံခဲ့ရသဗျ
အောင်မယ် ဗီဒီယိုတွေတောင် ရိုက်လိုက်သေး ။ ကိုယ်ကလည်း အကျင့်ပါနေတော့ လက်သုံးချောင်ထောင်ပြတာ ။ ရဲမှူးက မျက်စောင်းထိုးတာနဲ့ လက်ခလယ် တစ်ချောင်းပဲ ထောင်ပြလိုက်တယ် ။ ဘာမှ မပြောဘူးဗျ 😁
ကျူပ်ကို ချောက်ထဲ တွန်းချတဲ့ မတာမ ဟိုနှစ်ကောင်တော့ ဆီဖူးတောင် မတွေ့ရဘူး
သြော်...ကူညီပါရစေဆိုတာ ဒါဏ်ရိုက်တာကို ခေါ်တာပါလား....
ဟိုတုန်းက ပြောပါတယ်😁
Crd
( လွယ်လေး )
🤣🤣🤣🤣🤣🤣
ဟိုတုန်းကပြောပါတယ်
ReplyDelete