(3 years..)


အဖွားတင်လှဆိုတာ...

အတိတ်တွေနိမိတ်တွေသိပ်ယုံတဲ့အဖွါးကြီး

စျေး၀ယ်ရင်တောင်ဘယ်ရွာကလာရောင်းတာလဲအရင်မေးပီးမှဝယ်တာ'...


"ဟဲ့ညည်းတို့ကဘယ်ရွာကလာရောင်းတာလဲ"


"ကြပ်ကုန်းရွာကလာတာအဖွား"


"အံမလေးလေး'ကြပ်ကုန်းကတဲ့အတိတ်တွေ

နိမိတ်တွေမကောင်းလိုက်တာ တော်ပီအေ ၀ယ်တော့ပါဘူး "


"ညည်းကရော ဘယ်ရွာကလာရောင်းတာလဲ"


" ခံကုန်းရွာကပါအဖွါး"


"အံမလေးလေး ခံကုန်းကတဲ့ တော်ပီအေ ဒီနေ့စျေးမ၀ယ်တော့ဘူး"


မြို့အနီးတစ်ဝိုက်ကရွာတွေဖြစ်တဲ့ ကြပ်ကုန်း'ခံကုန်း'သူငှေးကုန်း'အစရှိတဲ့ရွာတွေကဧရာ၀တီမြစ်ဘေးမှာဆိုတော့'ငါးလေး'ပုဇွန်လေးဖမ်းပြီး သုံးမိုင်လောက်ဝေးတဲ့မြို့ပေါ်တက်ပြီး ရပ်ကွက်အနှံ့လိုက်ရောင်းကြတာ။


တနေ့ကျတော့'

ငါးလာရောင်းတဲ့သူတွေက လမ်းမှာတိုင်ပင်ကြတယ်'....


"ဟဲ့ကောင်မတေဒီတခါအာ့ အဖွားကြီးကဘယ်ရွာကလဲမေးရင်သူဌေးကုန်းကလို့ပြောကြ"


"ဟုတ်တယ်အာ့မှအဖွားရီးက၀ယ်မှာ ဒါနဲ့စကားမစပ် မိချိုနင်လမ်းလျှောက်တာ လိမ်ဖယ်လိမ်ဖယ်နက် ဘယ်လိုလျှောက်နာလဲ"


"ဟုတ်ပါ့အေ ငါလည်းကြည့်နေတာ ဘာဖြစ်နေတာလဲ မိချို "


ရွာကအတူလာတဲ့စျေးသည်တွေကဝိုင်းမေးကြတာ......


""မပြောချင်ပါဘူးအေ

အိမ်ကတေဂျင်းဆိုးပေါ့ သွားခါနီးလာခါနီးမို့

မလုပ်ပါနဲ့ဆိုတာပြောမရဘူးလေ အခု

လမ်းလျှောက်လို့ကိုမကောင်းဘူး ရှော်ရွှတ်ကြီး''


"ဟီးးးဟီးးးးဟီးးး"


"ဟားးးဟားးးဟားးးး"


ဒလိုနက် စျေးသည်တွေ ရယ်ရင်မောရင်းမြို့ပေါ်က အဖွားတင်လှအိမ်ပေါက်ကိုရောက်ပါလေရော......


"အဖွား မြစ်ငါးလေးတွေပါတယ်လေ ယူအုံးမလား"


"နေပါအူး'နင်တို့ကဘယ်ရွာကလာရောင်းကြတာလဲဟဲ့"


ကောင်မလေးက ပြောချင်ဇောနဲ့ပြောချလိုက်တာ'.....


"ရှော်ရွှတ်ကုန်းရွာက အဖွား"


"လွဲကုန်ပြီဟဲ့ မိချိုရဲ့ အရေးထဲသူ့လင်ကိုမျှော်နေသေးတယ် ငါးကတော့ရောင်းရတော့မှာမဟုတ်ပါဘူး ဒွတ်ခပါပဲ"


အဲဒီတော့မှ မိချိုကသူ့စကားမှားသွားမှန်းသိပြီးအမြန်ပြင်ပြောလိုက်တယ်'.....


"အဲလေ မှားလို့အဖွားရေ လင်.....လင်မျှော်ကုန်းက"


"အီးးးယားးးးးးဒါကပိုဆိုးတယ်ဟဲ့ကောင်မရဲ့"


အာ့ဒီတော့ အဖွားတင်လှက'....


ဘာရယ်.....

 လင်မျှော်ကုန်းက ဟုတ်လား အတိတ်တွေ

နမိတ်တွေကောင်းလိုက်တာ ငါကသေသွားတဲ့အဘိုးကိုသတိရလို့ဆွမ်းချိုင့်လေးပို့မလားလို့စဉ်းစားမိနေတာလေ

ညည်းတို့ ပါလာတဲ့ငါးအကုန်သာချိန်လိုက်အေ"


😜😁😁

Crd

                     ဂျပန်ကြီး'


Soelamin. မျှဝေပါသည်

Comments

Popular posts from this blog

ချောတယ်လို့