ဗုဒ္ဓဘာသာ နဲ့ မြန်မာပြည် ရေခံမြေခံက 

မကိုက်ဘူး။ ဒီလိုပြောတော့ လွန်တယ်ထင်မယ်။


ဒီဘာသာရဲ့ Founding Father ကြီးနဲ့ 

သူ့ရဲ့ Fellowship တွေကို တချက်ကြည့် ကြည့်။ 


ဂေါတမဗုဒ္ဓ(သိဒ္ဓတ္တ)- လူ့ဘဝမှာ ဘုရင့်သား၊ 

လိုချင်တဲ့ လောကီ စည်းစိမ်း အကုန်ရတယ်။

 ဘောစိကို နှစ်ထပ်ကွမ်းစိတာ။ 


သူရဲ့ ပထမဆုံးသာဝက တွေကြည့်။


ရှင်ကောဏ္ဍည- ဇာတ်အမြင့်ဆုံး ဗြဟ္မဏပုဏ္ဏားနွယ်၊

 နန်းသုံး ဗေဒင်ဆရာ (နန်းသုံး ဗေဒင်ဆရာတွေ 

ဆိုတာ ဒီခေတ်တောင် စိတယ်)


ကျန်လေးပါး - ရှင်ဝပ္ပ၊ ရှင်ဘဒ္ဒိယ၊ ရှင်မဟာနာမ်၊

ရှင်အဿဇိ ( ရှင်ကောဏ္ဍည ဘော်ဒါ နန်းတွင်း 

ဗေဒင်ဆရာ ပုဏ္ဏာကြီးတွေရဲ့ သားတွေ) 

အကုန် ဇာတ်မြင့်။

နန်းတော်အသိုင်းဝိုင်းက ဘောစိပေါက်စလေးတွေ


တခါ နာမည်ကျော် သာဝကကြီးတွေကိုကြည့်ဦး


ရှင်သာရိပုတ္တရာ- အိန္ဒိယ လူ့ဘောင် ဇာတ်အမြင့်ဆုံး 

ဗြဟ္မဏနွယ်၊ သူကြီးသား ဘောစိ


ရှင်မဟာမောဂ္ဂလန်- ထိုနည်းလည်းကောင်းပဲ၊ 

ဇာတ်မြင့် ဘောစိ


ရှင်မဟာကဿပ- ထိုနည်းလည်းကောင်းပဲ၊

ဇာတ်မြင့် ကုဋေ၈၀ သူဌေးသား RK


ရှင်ဒေဝဒတ် - ဘုရင့်သား၊ နှစ်ထပ်ကွမ်းဘောစိ RK


ရှင်အာနန္ဒာ- ဆွေတော်မျိုးတော် ဇာတ်မြင့်၊ ဘောစိ


ရှင်ကာဠုဒါယိီ- ဖွားဖက်တော်၊ ဘုရင်က ရှယ်မြှောက်စား၊

ဇာတ်မြင့် ဘောစိ


ကျန်တဲ့ တသိုက်ထဲ အိန္ဒိယလူ့ဘောင် လူ့မလိုင်လွှာက 

လူငယ်လေးတွေ မနည်းဘူး။ 

(အင်မတန် မွဲတေတဲ့ ရဟန္တာတွေ​လည်း ပါတော့ပါတယ်) 


ဆိုလိုတာက အဲ့ဒီ ဗုဒ္ဓဘာသာဖြစ်လာတဲ့ ဖြစ်စဉ်ကို

တချက်ကြည့်ကြည့်။ အိန္ဒိယပြည်က လိုတိုင်းရတဲ့

သက်လတ်ပိုင်း လူ့မလိုင် Rich Kids လေးတသိုက်ဟာ

သူတို့ရရှိနေတဲ့ စည်းစိမ်တွေဟာ ချမ်းသာအစစ်

မဟုတ်ပါတကား။ ငြိမ်းအေးမှုအစစ် မဟုတ်ပေ

တကား၊ လိုတိုင်းရတဲ့ ရွှေငွေကျောက်သံပတ္တမြား၊

ဆင်မြင်းကျွဲနွား ရာထူးစည်းစိမ် နဲ့တကွ 

စကီအလန်းလေးတွေဟာ စက်ဆုပ်ဖွယ်ပါတကား

ဆိုပြီး လွတ်မြောက်ရာ ရှာကြတာမလား။ 

အဲ့လိုရှာကြရင်းမှ ဂေါတမဗုဒ္ဓနဲ့တွေ့ပြီး 

အကြောင်း ပါကုန်ကြတာမလား။ 

RK လေးတွေဟာ ပိုင်သမျှ အရာရာကို စွန့်လွှတ်ခဲ့ပြီး 

လူမသုံးတဲ့ အဝတ်တွေကို သစ်ခေါက်ဆိုးဝတ်၊

 သူများကျွေးမှ လှူမှ စားရတဲ့ သူတောင်းစားသာသာ 

ဘဝ ကို ရွေးခဲ့တာ။ 


ခက်တာက ဗမာပြည်က ဗုဒ္ဓဘာသာ ကိုးကွယ်

ကြတဲ့ စတိုင်ကို တချက်ကြည့်။ 

တိုင်းပြည်က မွဲတေစုတ်ပျက်

လူတွေခမျာဟာ မပြည့်ဝခြင်းတွေ ဗလပွနဲ့၊ 

ငတ်မွတ်ရခြင်းတွေ ဗလပွနဲ့၊ 

တောင့်တရခြင်းတွေ ဗလပွနဲ့။

ဘာတွေကို ငတ်မွတ်ကြလဲ 

ရာထူးစည်းစိမ်၊ ရွှေငွေ

ကျောက်သံပတ္တမြားတွေ။ 

ဘာလုပ်ကြလဲ ဗုဒ္ဓရှေ့မှာ ဖင်ကုန်းပြီး 

ပေးပါ ပေးပါ ရပါလို၏ ဆုတောင်းကြတယ်။


ဟို RK တသိုက်က လွန်ခဲ့တဲ့ နှစ်၂၆၀၀ လောက်က

ထဲက သူတို့ကိုယ်တိုင် ချမ်းသာအစစ်မဟုတ်ပေ

တကားလို့ စွန့်ခွါခဲ့တဲ့ အရာတွေကို တောင်းနေကြတယ်။ အတော်လည်း ဂွကျပါတယ်။ 


လူဆိုတာ ရုပ်ဝတ္ထုတွေ ပြည့်စုံချင်တာပဲ။ 

မဆန်းပါဘူး။ ခက်တာက ရုပ်ဝတ္ထုတွေ

အင်မတန် မပြည့်စုံတဲ့နေရာမှာ ဒီရုပ်ဝတ္ထုတွေကို

မတွယ်တာဖို့ ရည်ရွယ်တဲ့ ဘာသာတခုဟာ 

ဆောက်တလွဲဖြစ်၊ ဆောက်တလွဲ ပုံဖော်ခံနေရတယ်။

 ဗမာပြည်ဟာ အင်မတန် 

ကြွယ်ဝချမ်းသာလာမှသာ Genuine Buddhism နဲ့

 ရေခံမြေခံ ကိုက်လာနိုင်တယ်။ မဟုတ်ရင်

ပဌာန်းသက်စေ့ရွတ်ပြီး သိန်း၂သောင်းရပါစေ

ဆုတောင်းသူတွေချည်း ဖြစ်နေမယ်။


ဒီကြားထဲ ခေတ်အဆက်ဆက် ဘုရင်နဲ့ 

ဘုန်းကြီးခရိုနီတွေ ပေါင်း ဂျင်းထည့်လာတာ 

လည်း ခံရရှာ သေးတယ်။

Crd

Comments