#ချစ်လိုက်ကြတာ  


ကမ္ဘာလှည့် ခရီးသွားများ 

အများဆုံး တည်းခိုလေ့ ရှိတဲ့

ဟော်တယ် တခုရဲ့ ညစာ စားပွဲတခုတွင် 

အမေရိကန် ပြင်သစ်နဲ့ မြန်မာ

မိန်းခလေး ၃ဦး စကားစမြည် ပြောနေကြလေသည်


အမေရိကန် အမျိုးသမီးက

'' ကျမ ယောက်ကျားနဲ့ ကျမ ညားခါစ

မင်္ဂလာဦးညမှာဘဲ ကျမက အိမ်မှုကိစ္စတွေ

မလုပ်နိူင်ဘူး အစားအသောက်လဲ မချက်တတ်ဘူး

လို့ သူ့ကို ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုက်တာ''


'' အဲ့လိုလဲ ပြောလိုက်ရော သူက အိမ်က

ချက်ခြင်း ထွက်သွားပြီး တပတ်လောက် ကြတော့

အိမ်ဖော် ထမင်းဟင်းချက်တဲ့ စက်ရုပ်တရုပ်

သွားဝယ်ပြီး ပြန်လာတယ်လေ ''


'' ပြင်သစ် အမျိုးသမီးက ''

''ကျမလဲ အတူတူပါဘဲ ကျမ ယောက်ကျားကို

မင်္ဂလာဦး ညမှာဘဲ ထမင်းလဲ မချက်တတ်ဘူး

အိမ်သန့်ရှင်းရေးလဲ မလုပ်တတ်ဘူးလို့

ပြောလိုက်တယ်... ဒီလိုနဲ့ သူကအိမ်က ထွက်သွားပြီး 

သူ့ကို တရက်မမြင်ရဘူး နှစ်ရက်မမြင်ရဘူး

၃ ရက်မြောက်နေ့ကျမှာ ကုမ္မဏီ တခုကိုသွားပြီး အကောင်းဆုံး အိမ်ဖော် တယောက်ငှားပြီး

ပြန်လာတယ်လေ ''


"မြန်မာ အမျိုးသမီးက"


ကျမလဲ ကျမ ယောက်ကျားကို

မင်္ဂလာဦးညမှာဘဲ ကျမဟာ ထမင်းဟင်း

ချက်ဖို့ နေနေသာသာ ဘဲဥတောင်

ကောင်းကောင်း မပြုတ် တတ်တဲ့အကြောင်း

အဝတ်မလျော် အိမ်သန့်ရှင်းရေး မလုပ်တတ်တဲ့

အကြောင်း လုပ်ဖို့လဲ ဝါသနာ မပါကြောင်း

ကျမ အချစ်ဆုံး ယောက်ကျားကို

ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုက်တယ်


ကျမ အဲ့လို ပြောအပြီးမှာဘဲ

ကျမ ယောက်ကျားကို တရက် မမြင်ရဘူး

နှစ်ရက် မမြင်ရဘူး သုံးရက်ထိ မမြင်ရဘူး


အဲလေးရက်မြောက်နေ့ ရောက်တော့မှ

ဘယ်ဘက် မျက်လုံး တလုံးက

ဖူးရောင် ကိုင်းနေရာကနေ 

ဝါးတားတားလေး သူ့ကို စမြင်ရလာတယ် "😅


#ညီသုတ ( ခေတ္တ လူ့ပြည် )

Crd


တချက်ပြုံးရင် တရက်ပိုအသက်ရှည်မှာပါ..


Htike (Solo)

Comments

  1. လက်ပါတတ်တဲ့ယောက်ျားလေးဆိုရင် ရွံစရာအကောင်းဆုံးပါ အပျိုကြီး ပဲလုပ်မှာ

    ReplyDelete

Post a Comment

Popular posts from this blog

ချောတယ်လို့