"တယောက်စာလေး" 


ကျနော့်တွင် "သားကြီး"နှင့်"သားငယ်လေး "ဟူသော သား နှစ်ယောက်ရှိပါသည်။ သားကြီး ၁၀ တန်းအောင်တော့ ဘာသာစုံ အောင်ရုံသာကပ်အောင်သဖြင် အဆင့်မြင့်တက္ကသိုလ်များသို့ထားခွင့်မရဘဲ့ ကားဒရိုင်ဘာ ၊ ကားစပါယ်ယာ လောကထဲတွန်းပို့ခဲ့ရပါသည်။

ကျနော့်တွင် ဒိုင်နာ၊ ဘီအမ် ၊ဟိုင်းလပ် ဟူ​​သော..လိုင်းကား အစုတ် ၃ စီးရှိပါသည်၊ကျနော့်သားကြီးသည်

ဒရိုင်ဘာမလာလျင် ဒရိုင်ဘာ၊စပါယ်ယာမလာလျင်စပါယ်ယာ တာဝန်ထမ်းရသော ဂျိုကာလေးပါ၊ သားကြီးက ပင်ပန်းသည်ဟုတခါမှမညည်းခဲ့ပါ။

အဂ်လိပ်စာ ကိုတော့ ရေးတတ်၊ပြောတတ်၊ ဖတ်တတ်၊နားထောင်တတ်အောင် ကျနော်က သင်ကြားပေးခဲ့ပါသည်။ 


သားငယ်လေးအလှည်ကျတော့ဘာသာစုံ ဂုဏ်ထူးမထွက်သော်လည်း WYTU ဝင်ခွင့်ရခဲ့ပါသည်။ ကျနော်ကB.E.( Civil ) လိုင်းကိုမရွေးစေဘဲ B.E.( E.P) လိုင်း ကိုတက်စေခဲ့ပါသည်။ မြန်မာပြည်တွင် B.E.(Civil) က စူပါစတားဖြစ်ပြီး လူကြိုက်များပါသည်။ 


နိုင်ငံတကာတွင် B.E (EP) field ကျယ်သည်ဟုကျနော်ယူဆပါသည်။ 


ညီအကို နှစ်ယောက် ဘဝခြင်းအလွန်ခြားနားပါသည်။တယောက်ကဒရိုင်ဘာ၊အလွန်အန္တရာယ်များပါသည်၊ ထောင်နှတ်ခမ်းနင်းရသောအလုပ်၊ စပါယ်ယာအလုပ်ကျတော့လည်းလူမုန်းများပါသည်။ တချိန်လုံးခရီးသည်များကိုအော်ဟစ်နေရသည်၊ခရီးသည်က ချောင်ချောင်ချိချိ စီးလိုသည်။စပါယ်ယာကသူပိုက်ဆံများများရအောင်ခရီးသည်ကြပ်သိပ်အောင်တင်ချင်သည်။ 


ဒရိုင်ဘာ စပါယ်ယာအကိုတယောက်၏ ညီအပေါ်ထားသောချစ်ချင်းမေတ္တာကိုကျနော်အံ့သြမိပါသည်။ 


မောမောပန်းပန်းကားသိမ်းပြီး ပြန်လာပြီး မိသားစုထမင်းဝိုင်းတွင်ထိုင်မိချိန်တွင် သားငယ်​လေးးည်..ဟင်းဝိုင်းမှ သူအကြိုက်ဆုံး ဟင်း တွေ့လျင် "တ​ယေက်စာလေး"တယောက်စာလေး" ဟုပြောပြီး ရေခဲသေတ္တာပေါ်သွားတင်ထားသည်။ ကျနော်တို့စားပြီးမှ သူ့"တယောက်စာလေး"ယူပြီးထမင်းစားပွဲတွင်ထိုင်မစားဘဲ TV ရှေ့တွင်မျက်စိအရသာ ပါးစပ်အရသာခံစားသည် ၊

"သားကြီး မင်းညီကို ဆွဲထိုးလိုက်စမ်း ကြည့်ရတာဆောက်မြင့်ကပ်လာပြီ"

သားကြီးလက်သီးစာမိလို့ကတော့ ဆွေမျိုးမေ့သွားနိုက်သည်။

စတီယာတိုင်ဂွေ ၊..ကားသံတိုင်များကိုကျစ်ကျစ်ပါအောင်တချိန်လုံးစုပ်ကိုင်ထားရသောလက်မို့ ကြမ်းထော်ပြီးသန်မာပါသည်။ 


" ဖေကြီးရယ် ညီ လေးက အင်ဂျင်နီယာကျောင်းတက်ရတာ

.ပင်ပန်းလွန်းပါတယ် လှိုင်သာဟာအထိအဝေးကြီးသွားရတယ် ၊ကျူရှင်မယူဘဲ စာမေးပွဲမကျအောင်ကြိုးစားရတယ်၊ သားပင်ပန်းတယ်ဆိုတာ ည အိပ်လိုက်ရင် ပျောက်သွားပြီ"

အမှန်တော့ လိုင်သာယာကိုဖယ်ရီစီးသွားပြီး ကျောင်းမှာစိတ်တိုင်းကျ ကမြင်ကျောထ (ဘော်လုံးကန်၊ခြင်းခတ်၊အရက်သောက်)ပြီး မှပြန်လာတာ သူ့အဖေကျနော်သိတာပေါ့။ကျနော့်.၁၉၇၇ က ၁၀တန်းးအောင်သောသူငယ်ချင်းတွေက RIT ကျောင်းသားတွေဘဲလေ ။ ကြို့ကုန်းထဲကဖာဘိမှာဖာခ အကျွေးရ။ဖဲဝိုင်းမှာ အကျွေးခံရိုက်ကြသူများဘဲလေ၊

ဒါပေမဲ့ မြန်မာပြည် နိင်ငံရေးဇောက်ထိုးဖြစ်သွားအောင် ကိုင်လှုပ်ခဲ့သူများပါ 


ခုလဲကို့သားအကြောင်းကိုယ်သိတာပေါ့။


B.E S.T စာမေးပွဲ အောင်တော့သားကြီး လဲသဘော်သားဖြစ်သွားပါသည်။

မိသားစုအတွက်ကုန်းပေါ်မှာ "ဂွေကိုင်" ပြီးနောက် ရေထဲဆင်းပြီး " Wheel"ကိုင်ရပြန်သည်။ 


" သားကြီး ပင်လယ်ထဲမှာမုန်တိုင်းမိရင်ကြောက်စရာကြီးလား" 


"ဖေကြီးကလဲ နောက်တော့မယ်၊ပင်လယ်မှာလှိုင်းလူးတာ " တောင်ဒဂုံ" လမ်းကြမ်းပြီး ' ဒိုင်နာ' လူးတာမမှီဘူး၊သူများတွေဥသြ ဆွဲ ချိန် သားကသာသာယာယာဘဲ" 


သားငယ်လေးလဲ ကျောင်းပြီးသောအခါ နိုင်ငံရပ်ခြားထွက်၍ စီးပွားရှာပါသည်၊ 


ဘက်ညီသော နွားတယှဥ်း အားစိုက်ခွန်စိုက်ရုံးသောခါထွန်ရေးညက်​ပြီး စပါးအထွက်ကောင်းသကဲ့ ညီအကိုနှစ်ယောက်ကြိုးစားရှာ ရသမျှ အကုန် မိဘစီပြန်ပို့သောအခါ ကျနော့်စီးပွားရေးလည်းတိုးတက်လာပါသည်။ 


တနေ့သောအခါ သားငယ်လေးနှင့် Video Chat ပြောဖြစ်တော့ သားငယ်လေးက ဤသို့ပြော၏။ 


" ဖေကြီးရေ ဖေကြီးကဘာဘဲဖြစ်ဖြစ် သားနှစ်ယောက်.ရှိတဲ့အတွက် divided by two, divided by two ဆိုတဲ့ policy ကိုကျင့်သုံးတယ် ၊ ညီတူညီမျှ Equality ပေါ့၊

နောက်ဆို divided by one " တ​ယေက်စာလေး" ဘဲဖြစ်ပါစေ၊ ကိုကြီးအတွက်တယောက် " တယောက်စာလေး" ဖြစ်ပါစေ

ကိုကြီးမှာ သားသမီး၂ ​ယေက်တဗိုက်ရှိနေပြီ ။ သားမှာတေသားသမီးမရှိသေးပါဘူး ။ ဝင်ငွေခြင်းလဲ.ကွာပါတယ်၊..ကိုကြီးရဲ့ ကျေးဇူးတွေဟာစပ်မကုန်နိုင်ပါဘူး။သားအိပ်ကောင်းတုံး မနက် ၃ နာရီ လောက်အိပ်ယာကထပြီး ဂတ်စ်တန်းစီ ဘို့ထသွာရတာမမေ့ပါဘူး 


ဆရာဝန်တယောက်ဟာ ကိုဆရာဝန်ဖြစ်တော့ အင်ဂျင်နီယာတက်နေတဲ့ညီကို ကျောင်းစရိတ်ထောက်ဘို့စိတ်မကူးဘဲ ကားဝယ်စီးတာတွေ့ဘူးတယ်

ကိုကြီးကျတော့ ဒရိုင်ဘာတယောက်က သားကိ.အင်ဂျင်နီယာဖြစ်အောင်ကျောင်းထားပေးခဲ့နိင်တယ် 


ဒီတော့ ဖေကြီးရဲ့ Equality ညီတူညီမျှဟာမှားပါပြီ

အဲဒီအစား Equtity ကိုကျင့်သုံးပေးပါ ၊တရားသူကြီးတယောက်ရဲ့.တာဝန်ဟာတရားခံကိုထောင်ချဘို့ဆိုပေမဲ့ သားသမီးငတ်နေတာမကြည့်ရက်လို့ စတိုးဆိင်ထဲ ဝင်ခိုးမိတဲ့သူခိုးကိုတရားသူကြီးက ထောင်မချတဲ့အပြင် ကလေးတွေကိုပါခေါ်လာခိုင်းပြီး မုံ့တဝကြီးကျွေးလိုက်သလိုပေါ့၊ ဥပဒေကို ဂရုမစိုက်ဘဲ လုပ်သင့်တာလုပ်တာပါ ၊ထောင်ချလိုက်ရင် ကလေးတွေပါပိုခက်ခဲသွားမှာပါ။ 


ဖေကြီးရေ 'တယောက်စာလေး ' 'တယောက်စာလေး'ဟာ ကိုကြီးအတွက်တယောက်စာလေးဖြစ်သွားပါပြီနော် 

Equality မဟုတ်ဘူးနော်

Equity , Equity. လိုသူကိုလိုသလိုပိုပေး ပိုနေသူကိုပိုနေတဲ့အတွက်လျှော့ပေးပါ

Crd

Comments

Popular posts from this blog

ချောတယ်လို့