Posts

Showing posts from June, 2022
 Intelligent Jokes ( 04) ကျွန်မတို့ ဆရာမ တပည့်တို့... မင်းတို့ လိမ္မာကြ ဉာဏ်ကိုအသုံးချကြ ဗဟုသုတရှိအောင် လုပ်ကြပါလို့ ဆရာမတိုက်တွန်းချင်တယ်။ ဆရာမ ဟိုတစ်နေ့က သွား သွားနုတ်တယ်။ ဆရာဝန်က သွားနုတ်ခ လေးထောင်ကျပ် တောင်းတယ်။ သွားနုတ်တာ ဆယ့်ငါးမိနစ်ပဲကြာတာ၊ လေးထောင်ဆိုရင် သိပ်များတယ်လို့ပြောတော့မှ ဆရာဝန်က တစ်နာရီကြာအောင် သွားကိုနုတ်ပေးတယ်။ ကဲ တွေ့တယ်မဟုတ်လား။ ပြီးတော့ လျင်မြန်ဖျတ်လတ်ကြပါ။ ဉာဏ်ကိုသုံးကြပါ။ ဆရာမ အရင်နေခဲ့တဲ့မြို့မှာတုန်းက ဆရာမအိမ် မီးဖိုချောင်မှာ မီးလောင်တယ်။ ဘယ်ရမလဲ၊ ဆရာမ ဉာဏ်ကိုသုံးတာပေါ့။  အိမ်ကနေ ချက်ချင်းထွက်ပြီး သစ်တောဌာနရုံးကို သွားလိုက်တယ်။ တောမီးတွေလောင်တဲ့အခါ ဘယ်လိုလုပ်သလဲလို့မေးတော့ မီးသတ်ကို အကြောင်းကြားရတယ်လို့ တာဝန်ရှိသူက ဖြေတယ်။ အဲဒီတော့ ဆရာမ မီးသတ်ကို အကြောင်းကြားလိုက်တာပေါ့။  မီးသတ်ရောက်လာတော့ ဆရာမတို့အိမ် ကုန်ပြီ။ မီးငြိမ်းတော့ ဘေးကရပ်ကွက်နှစ်ခုပါ မရှိတော့ဘူး။ သစ်တောဌာနကိုသာ သွားမေးရကောင်းမှန်းမသိရင် ဆရာမတို့မြို့ တစ်မြို့လုံးကုန်မှာ။ ပြီးတော့ သတ္တိလည်းရှိကြပါ။ ဆရာမဆိုရင် ခြင်္သေ့တွေ၊ ကျားတွေ တဝုန်းဝုန်းကြားထဲလည်း သွားတာပဲ။ မြွေတွေ အထွေးထွေးကြားလည်း...
 ဖခင်ဖြစ်သူက သူ့ရဲ့တတိယမြောက်မိန်းမကို ခိုးပြီး သားရဲ့အိမ်ပေါ်ခေါ်တင်လာလေသည်။ - - - မိခင်အရင်းကလဲဆုံးပြီ ၊ ပထမ မိထွေးကလည်းမရှိတော့ ၊ - ယခု ဒုတိယမိထွေးကလည်း အိမ်ပါလာသေးသဖြင့် သားဖြစ်သူ ဒေါပွလေသည် ။ - ဖခင်ကို အိမ်နောက်ဖေးသို့ တိတ်တခိုးခေါ်ကာ ပြော၏ - "အဖေကလဲဗျာ အမေဆုံးတာက သုံးနှစ်ကျော်ပဲရှိသေးတယ် အဖေက နောက်မိန်းမ နှစ်ယောက်ဖြစ်နေပြီ အဖေမရှက်ပေမယ့် သားရှက်တယ်ဗျ " - "ဒါ ရှက်စရာမဟုတ်ဘူးလေ သားရာ " - "ရှက်တာပေါ့ ... အမေဆုံးခါနီးတော့ အဖေ နောက်မိန်းမ မယူပါဘူးလို့ပြောခဲ့တယ်လေ အဖေ ကတိမတည်ဘူး " - "ငါအခု မိန်းမတွေထပ်ယူနေတယ်ဆိုတာလဲ မင်းအမေ ကြောင့်ပဲကွ " - "ဘာဆိုင်လဲ အဖေရဲ့ " - "မင်းအမေဆုံးခါနီးတော့ ငါ့ကိုပြောသွားတယ်လေ - ကျွန်မသေလို့ နောက်မိန်းမယူရင် ရှင့်ဆီကိုချက်ချင်းပြန်လာမှာတဲ့ - ငါ့မိန်းမကိုလွမ်းတဲ့အလွမ်းတွေ ......... ငါ လွမ်းတာ မင်းမှ မသိတာ  crd. ချစ်တတ်သူကြိးပါ
 ဟိုနေ့က ပုံပြင်လေးတခုဖတ်ရတယ်  မှတ်မိသလောက်ရေးပြမယ် . တခါက လူတယောက်ဟာ သေသွားတာ့ သူ့ဝိဥာဉ်ဟာ နက်ပြည်ဝင်ပေါက်ကိုရောက်သွားတယ်  ဒါနဲ့ ဝင်ပေါက်စောင့်တဲ့ နတ်သားက "ခင်ဗျားရဲ့ ကောင်းမှု့ အစုစုကြောင့် ဒီရောက်လာတယ် ဆိုတာတော့မှန်တယ်  သို့သော်လည်း စည်းကမ်းအရတော့ ခင်ဗျားဘာကောင်းမှု့ကြီးပဲ လုပ်လာ လုပ်လာ  "အချစ်" ဆိုတာ အင်္ဂလိပ်လို မပေါင်းပြတတ်ရင် ငရဲပြည် သွားရမယ် ကဲပေါင်းပြ " ဒါနဲ့ ထိုလူလည်း လွယ်လွယ်ကူကူ "love " အချစ် " လို့ပေါင်းပြလိုက်တာ နက်ပြည်ထဲဝင်ခွင့်ရသွားတယ် ။  သူကနတ်သားဖြစ်ပြီး တပါတ်လောက်ကြာတော့  သူလည်း အလှည့်ကျ နက်ပြည်အဝင်ဂိတ်စောင့်ရတဲ့တာဝန်ထမ်းဆောင်ရတယ် ။  တနေ့တော့  လူ့ပြည်တုန်းက သူ့မိန်မ ဟာ နက်ပြည်ဂိတ်ပေါက်ရောက်လာတယ်  "ဟာ မိန်းမ မင်း ဘယ်လို ဒီကိုရောက်လာလည်း "  "မနေ့က ကားတိုက်ပြီး ဒီကိုရောက်လာတာပဲ  ယောကျာင်္းရယ် "  " အေး မိန်းမရယ် နတ်ပြည်ရောက်လာတာတော့ ရောက်တာပေါ့ . . . နတ်ပြည်ထဲ ဝင်ဖို့ စည်းကမ်းကတော့ စည်းကမ်းပေါ့  အဲ့ဒါကတော့ အင်္ဂလိပ် စကားလုံးတခုကို မင်းပေါင်းပြမှရတယ် ဒါမှ ဝင်ခွင့်ရမှာ  "အေးပြောလေ ယောကျာင်္း " "ချက...
 "ရေနွေးကြမ်းခွက်" ============== "ဆရာမ ငချစ် လေ သမီးကို ရိုင်းစိုင်းတဲ့ နာမည်လိုက်ခေါ် နေလို့ "  "မောင်ချစ် မတ်တပ်ရပ် !! နဒီလှိုင်းကလျာ ပြောတာ ဟုတ်လား?"  "ဟုတ်ဘူးဆရာမ သူညာတာ"  "ဘာညာတာလဲ သူပဲ သူများရဲ့  ဟွာကို ကြည့်ပြီး လိုက်လိုက်ခေါ်ပြီးမှ"  "ဘာကိုကြည့်တာလဲ သမီး"  "ဟွာလေ ဆရာမ  သူဘာကြည့်လဲ ဆိုတော့....  သမီးကို ချိုချိုအောင်လို့ လာခေါ်တယ်လေ"  "ချိုချိုအောင်????? အဲ့တာ ဘာကိုပြောတာလဲ  သမီး"  "ဟာ!!!! ဆရာမကလဲ....  ဟွာ ဘာဆို"  "ဟဲ့ မောင်ချစ် ချိုချိုအောင်ဆိုတာ  ဘာကိုကြည့်ပြီးပြောတာလဲ ဟှာ ဆိုတာက ဘာလဲ..? "  "ဟွာလေ... အဲ....ဒီလိုပါ  ဆရာမ နဒီလှိုင်းကလျာက  စကားပြောရင် အရမ်းချိုတယ် မလား ဆရာမရဲ့"  "အေး..ချိုသလိုလိုတော့ ရှိသားပဲ"  "အရမ်းချိုတော့ ချိုစကွဲ ချိုစကွဲ ဆိုတော့ ချိုချိုလို့ သုံးလိုကၱာ"  "အင်း...ဆက်ပါအုံး"  "သူက အမြဲတမ်း စာမေးပွဲက  အောင်နေတယ်လေ"  "ဒါလဲဟုတ်တာပဲ"  "အဲ့ကြောင့် အောင်ပေါ့ ဒါကြောင့် ချိုချိုအောင်လို့ ခေါ်တာ မှားလား ဆရ...
 ကြိုတင်.. အကြောင်းကြားထားခြင်းမရှိပဲ စာသင်ကျောင်းတစ်ကျောင်းသို့ စစ်ဆေးရေးဆရာ ဆရာမများ ရောက်ရှိလာကြသည်။ စာသင်ခန်းသို့၀င်၀င်ချင်း စစ်ဆေးရေးဆရာမဖြစ်သူမှ ရှေ့ဆုံးတန်းမှကောင်လေးကို စတင် မေးလိုက်သည်။ " ကနောင်မင်းသားကို ဘယ်သူသတ်တာလဲ " ကျောင်းသားဖြစ်သူက... " ကျနော်မသတ်ပါဘူးဆရာမ " ဆရာမဒေါသထွက်သွားသည် ။ " ကနောင်မင်းသားကို ဘယ်သူသတ်တာလဲ " ဟု... ခပ်ကျယ်ကျယ်လေး တစ်တန်းလုံးကို အော်မေးလိုက်သည်။ တစ်တန်းလုံးက ကလေးများက တညီတညာထဲပင်... " ကျနော်တို့မသတ်ပါဘူး " ဆရာမ တဲ့... နောက်က ကျောင်းအုပ်ဆရာကြီးမှာ မျက်စိ မျက်နှာပျက်နှင့် ၀င်ပြောလိုက်သည် ။ " ဟုတ်ပါတယ်ဆရာမရယ် ဒီကလေးက ရိုးသားပါတယ် သူ မသတ်လောက်ပါဘူး " စစ်ဆေးရေး ဆရာမမှာ ကျောင်းအုပ်ကြီး အပြောကြောင့် ပိုဒေါသထွက်သွားကာ ချက်ချင်းပင် အခန်းထဲမှာလှည့်ထွက်၍ တိုင်စာရေးပြီး မြို့နယ်ပညာရေးမှူးထံသို့ပို့လိုက်လေသည်။ သုံးရက်လောက်ကြာသောအခါ ... ပညာရေးမှူးထံမှ စာကျလာသည်မှာ ကနောင်မင်းသား သေသွားသည်မှာ ကြာပြီဖြစ်သဖြင့် မစုံစမ်းပါနှင့်...တဲ့... ဆရာမ တောက်ခေါက်ကာ ဘယ်လိုပညာရေးမှူးလဲ ဆိုကာ  မကျေနပ်၍ ပညာရေး၀န်ကြီးထံ တိုင်စာထပ်ပို့လေ...
 ရွံလွန်းလို့ 🍊🍊🍊🍊🍊 ထမင်းဆိုင် တဆိုင်ကို လူတယောက် ဝင်လာပြီး ထမင်း မှာစားတယ် ” ကြက်သားနဲ့ တပွဲ ပေး ညီလေး “ ” ဟုတ်ကဲ့ အစ်ကို “ ခဏကြာတော့ စားပွဲထိုးလေးက ကြက်သားဟင်းနဲ့ ထမင်း လာ ချတယ် စားသုံးသူက စားဖို့ ဟန်ပြင်ပြီး ကြက်သားဟင်းကို ခပ်လိုက်တော့ ” ဟင် “ ” ညီလေး ခဏ “ ” ဟုတ် လာပြီ အစ်ကို – ဘာ အလိုရှိလဲ မသိဘူး “ ထိုအခါ စားသုံးသူက ဟင်းထဲက အရာတစ်ခုကို ခပ်ပြ လိုက်ပြီး ” ဒါ ဘာကြီးလဲကွ “ စားပွဲထိုးလေးက စားသုံးသူ ခပ်ပြတဲ့ အရာကို ကြည့်လိုက်ပြီး ” ဪ အဲ့ဒါက ကျတော်တို့ ဆိုင်ရဲ့ အကောင်းဆုံး အစားအစာ ကြက်လျှာ ပါအစ်ကို စားသုံးသူတွေကို ကျေးဇူးပြုတဲ့ အနေနဲ့ တမင် ထည့်ပေးထား တာပါ “ ” ဘာ ! — ကြက်လျှာ ဟုတ်လား ! “ ” ဟုတ်ပါတယ် အစ်ကို “ ” အော့ — ထွီ — ရွံ ထှာကွာ – ကြက် ပါးစပ်ထဲက ဟာကြီး “ ” ခင်ဗျာ “ ” သွားသွား ဟျောင့် အဲ့ဒါကို အခု ပြန်လဲပေး ငါ ရွံတယ် “ စားသုံးသူ အပြောကြောင့် စားပွဲထိုးလေးက ခေါင်းကုတ်ပြိ်း ” ဟုတ် ဟုတ်ကဲ့ပါ အစ်ကို ဒါနဲ့ ဘာနဲ့ လဲပေးရ မလဲ ခင်ဗျာ “ ဤအခါ စားသုံးသူ ပြန်ပြောလိုက် တာက ” ဖင်စီဖူး နဲ့ လဲပေး “ ” ဂျာ “ 😂😂😂 Crd လူချွန်တော် Credit
 ' ညီလေးပန်းကုံးက ခုံပြတ်ဆိုဘယ်လောက်လဲ ' ' လေးသိန်းခွဲလောက်ရှိမယ်အကို ' ဘေးက ဝိတ်တာလေးက လက်ကလေးနှစ်ဖက်နောက်ပစ်ပီး ချက်ချင်းဖြေသည်။ ' သူ့ကို ခုံပြတ်ချလိုက်ကွာ '  ' ခုဆိုနေတဲ့ ကောင်မလေးကိုလား ဆရာ ' ကျနော်က ခေါင်းငြိမ့်ပီး ငါးသိန်းတစ်အုပ်ပစ်ပေးလိုက်သည်။ ' ပိုတဲ့ ငါးသောင်း မင်းတို့ဝိတ်တာတွေခွဲယူလိုက် ' ဝိတ်တာလေးက ဝမ်းသာအားရနဲ့ပြေးထွက်သွားသည်။ဝီစကီတခွက်ကိုငှဲ့ပီး အဝေးကြီးကိုငေးကြည့်နေလိုက်သည်။၅မိနစ်လောက်ကြာတော့ ' ဟိတ် ' ဆိုတဲ့အသံနဲ့အတူ စင်ပေါ်ကခပ်ချောချောကောင်မလေးရောက်လာသည်။ ' သမီးကို ခုံပြတ်ပေးတယ်ဆို ကျေးဇူးတင်တဲ့အကြောင်းလာပြောတာ ' ကျနော်က ရှားလော့ဟုမ်းလို မျက်လုံးလေးဝေ့ကြည့်ပီး စီးကရက်တလိပ်ကို နှုတ်ခမ်းဖျားမှာတေ့လိုက်သည်။ သူမက အလိုက်တသိ မီးညှိပေးသည်။ပီးမှဝင်ထိုင်ရင်း ' ကဲ ပြော ဦးကို သမီးဘာပြန်လုပ်ပေးရမလဲ သမီးနဲ့ဒိတ်ချင်တာလား ' ကျနော်က အကောင်းစားပျက်လုံးတခုကြားသလို တဟားဟားရယ်လိုက်သည်။သူမက မျက်လုံးလေးဝင့်ပီး ကျနော့်ကို ငေးကြည့်နေသည်။ ' တခုပဲလုပ်ပေး ' ' ဟုတ် ဘာလုပ်ပေးရမလဲ ဦးလိုချင်တာပြောလေ ' ' ဦးက အရမ်းကြည့်က...
 #လျှော့မတွက်နဲ့ ရန်ကုန်အခြေစိုက် T4K အိုင်တီကုမ္မဏီအတွက်... ကွန်ပြူတာနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ရာထူးခန့်ထားရန် အင်တာဗျူး ခေါ်လျက် ရှိပါတယ်။ သူဌေးအခန်းထဲကို ရုံးစာရေးလေး ဝင်လာပြီး ပြောတယ်... ... "ဆရာ... အပြင်မှာ အညာသားတစ်ယောက် ရောက်နေတယ်'' "ဘာကိစ်စလဲ ဒီအညာသားက'' "ကွန်ပြူတာပညာရှင် ရာထူး လာလျှောက်တာတဲ့'' "အေး... ဗျူးကြည့်တာပေါ့၊ အခန်းထဲ လွှတ်လိုက်ကွာ'' အညာသားဆိုသူ ဝင်လာတယ်။ "ထိုင်ပါ မောင်ရင်'' "ဟုတ်ကဲ့'' "ကွန်ပြူတာနဲ့ ပတ်သက်လို့ ကျွမ်းကျင်လား'' "ဟုတ် ကျွမ်းကျင်ပါတယ်'' "မောင်ရင့်မှာ Email ရှိရင် ပြောစမ်းပါ'' "anyarthar@gmail.com ပါ'' "ပတ်စ်ဝဒ် ပြော'' "12345678'' "မင်းက ငတုံးပဲ၊ အလုပ်လေးတစ်ခု ရဖို့အတွက် ကိုယ့်ရဲ့ လျှို့ဝှက်အပ်သော ကိုယ်ရေးကိုယ်တာတွေကို ပြောပြတယ်၊ မင်းသာ ဒီကုမ္မဏီမှာ အလုပ်လုပ်ရင် ကုမ္မဏီရဲ့ လျှို့ဝှက်ချက်တွေ သူများဆီ မပေါက်ကြားပါဘူးလို့ ဘယ်လို ယုံကြည်ရမလဲ... ကဲ'' "ဆရာက ကျနော့်အကောင့်ထဲ ဝင်လိ...
 နှလုံးသား၏ စေလိုရာ ********************* ခင်လေးဘေးရှိ ထိုင်ခုံပေါ်သို့ ၀င်ထိုင်လိုက်သည်။  `` ခင်လေး ´´ အနားကပ်၍ တိုးလျစွာ ခေါ်ကြည့်သည်။ တိုးလျလွန်း၍လားမသိ ခင်လေးက မကြား။  `` ခင်လေး ´´ အသံကို အနည်းငယ်မြှင့်၍ ​ခေါ်လိုက်သည်။ သည်တစ်ခါလည်း မကြားသေး။ သည်သို့ဆိုလျှင် ခင်လေးကြားနိုင်စေရန်အတွက် အသံကို သည်ထက်မြှင့်မှဖြစ်ပေလိမ့်မည်။ သို့သော် ခင်လေး၏ မိဘ၊ ဆွေမျိုးများ ကြားသိသွား၍ ၀င်ရောက်လာလျှင်လည်း ဒုက္ခ။ စိတ်အတွေး၀ယ် ဆုံဖြတ်ရန်အတွက် အမှန်ပင်ခက်ခဲနေ၏။  `` အစ်ကို ... အစ်ကို ... ´´ ခင်လေး၏ စကားသံက ကျယ်လောင်လွန်းလှသည်။ ထို့ကြောင့် စကားကို တိုးတိုးပြောကြားရန်အတွက် လက်ညှိုးကို ပါးစပ်၀နားသို့ ကပ်၍ ဟန်လုပ်ပြလိုက်ရ၏။ ထို့နောက် ခင်လေးကို တိုးလျစွာ ပြောလိုက်သည်။ `` တိုးတိုးပြောပါ ခင်လေးရယ်၊ ခင်လေးရဲ့ အဖေနဲ့အမေကြားသွားမှဖြင့် ... ´´ စကားကိုပင် ဆုံးအောင်မပြောလိုက်ရသေး။ ဆိုင်းမဆင့်ဗုံမဆင့်ပါဘဲ ခင်လေး၏ မိခင်ရောက်လာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပူထူသွားရသည်။ သွားပြီ။ ဒုက္ခတော့ ရောက်ပြီ။ ထောင်နန်းစံရတော့မည်လားမသိ။ တွေးပူနေမိ၏။  `` ၀မ်းသာလိုက်တာ သမီးရယ်၊ သမီးအော်သံကြားလို့ ချက်ချင်း၀င်လာခဲ့...
 " ကိုကို သီချင်းဆိုပြ " " ငင့် ဘာသီချင်းလည်း " " ဇော်ပိုင်ရဲ့ မင်းနဲ့မှချစ်တတ်ပြီပေါ့ " " ကိုကိုမှ အသံမကောင်းတာကို " " ရဘူးကွာ ဆိုပြ နားထောင်ချင်လို့ " ရုတ်တရက်ကြီး ဖုန်းထဲက ဂျီကျနေတာ ... ကျုပ်ကောင်မလေးက အဝေးကကိုးဗျ ... ကျုပ်ကလည်း ချစ်တော့ အလိုလိုက်ရတာပေါ့ဗျာ  " အင်းအင်း ... အချစ်အကြောင်းများ မသိခဲ့ဘူး ... ငယ်စဉ်က ... " " အာ အဲ့လိုမဟုတ်ဘူး " " အန် ဟုတ်တယ်လေ အာ့ မင်းနဲ့မှချစ်တတ်ပြီပေါ့လေ " " ဟုတ်ဘူး ဟိုနေ့က အိမ်အောက်မှာ လာဆိုတဲ့ ကလေးလေးတွေဆိုသလို နားထောင်ချင်တာ " " ငင် ဘယ်လိုတုန်း " " ဝါးစစ်ပိတ်လေးနဲ့ဆိုတာ တတုံတုံ့ တုန် တတုံတုံ့တုန်နဲ့ " " ငှယ် အာ့လိုဆိုရအောင် သတောင်းစားမှမဟုတ်တာကွ " " ရဘူး ချစ်ရင်ဆိုပြ မဆိုရင် အပြတ်ပဲ " " ငွဲ " နောက်နေ့ကစပြီး ကျုပ်မှာ ဝါးစစ်ပိတ်နဲ့ဆိုတဲ့ သူတောင်းစားလေးတွေလိုက်ရှာရရော ... ရှာတော့မှမတွေ့ဘူး အာ့ကလေးတွေက ... ဟောနောက်ဆုံးကျ တွေ့ပါပြီ ... ငတိလေးတွေ တောင်းစားနေတာ ... " ညေး " " ဟုတ်ကဲ့ သနားပါဗျာ ထမင်းမစားရသ...
 ရွာဦးကျောင်းဆရာတော်နဲ့ ကပ္ပိယ ကြီးတို့ ရွှေဘိုတောင်ဘက် "မဲကုန်းရွာ" က အလှူပင့်လို့သွားကြတယ်။ အလှူရေစက်ချပြီးတဲ့နေ့မှာ ရွာပြန်မကြွသေးဘဲ မန္တလေးကိုခရီးဆက်ကြမယ်ပေါ့။ မန္တလေး...လေးပြင်လေးရပ်ရှိစာသင်တိုက်ကြီးတွေမှာစာသင်လွှတ်ထားတဲ့ ရွာက ရဟန်းသာမဏေတွေကအများသား။ မဟာမြတ်မုနိဘုရားကြီးကို..မဖူးရတာလဲကြာပြီ၊ တပည့်တွေနဲ့လည်းတွေ့ချင်သေးတာ။ အလှူရေစက်ချပြီး...အလှူဒကာကို နှုတ်ဆက်တော့ အလှူဒကာက လှည်းစီစဥ်ပေးတယ်။ မဲကုန်းရွာကနေ..ရွှေဘို=မန္တလေးကားလမ်းမကြီးအထိ လှည်းစီးပြီးလာရတယ်။ ပေတရာလမ်းထိပ်ရောက်တော့ လှည်းပေါ်ကဆင်း မန္တလေးဘက်ကိုသွားမဲ့ကားကိုစောင့်စီးရုံပေါ့။ အဲ့ဒီအချိန်က အခုလိုမှန်လုံအိတ်စပတ်တွေမရှိသေးဘူး၊ ဗိုက်ပူခေါ် ပေါင်မုန့်ကားတွေနဲ့ ဒိုင်နာတွေလောက်ဘဲရှိတာ။ ကားခေါင်မိုးပေါ်မှာလဲ ကြက်ချင်းတွေ၊ သေတ္တာတွေ၊အထုပ်အပိုးတွေရော..စက်ဘီးတွေ..လူတွေရော အစုံတင်တာ။ လမ်းကဖြတ်စီးရင်နေရာမရတာများတယ်။ ဆရာတော်လည်း ဒိုင်နာကားတစီးဝင်လာလို့ လက်ပြတားလိုက်တယ်။ စပယ်ယာကလည်းလက်ပြသွားတယ်။ " ဘရိတ်မမိလို့ပါဘုရား" နောက်တစီးလာတယ်၊ လက်ပြတယ်၊ရပ်တော့မလိုလိုနဲ့ ရပ်မပေးဘူး။ ပြောသွားသေးတယ်။ "အရှိန်လွန်သွားလို့ပါဘုရ...
 " မမှတ်မိတော့လို့ပါ " ******************** အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဟာ နှလုံးရောဂါနဲ့ ဆေးရုံကို ရောက်လာခဲ့ပါတယ် ။  သူမဟာ သေမတတ်ဝေဒနာကို ခံစားရပြီး အရေးပေါ်ခွဲစိတ်ခန်း၀င်လိုက်ရတယ် ။  သေခြင်းတရားနဲ့ အနီးကပ်ဆုံးရင်ဆိုင်လိုက်ရတယ် ။  နှလုံးခွဲစိတ်စဉ်မှာပဲ သူမရဲ့ ဝိညာဉ်က လွင့်မြောသွားပြီး ဘုရားသခင်နဲ့ တွေ့တယ်။ သူမက ဘုရားသခင်ကို မေးခဲ့တယ် ။  "ကျမ ကောင်းကင်ဘုံကိုပြန်ရတော့မှာလား" (သေရတော့မှာလားလို့)ပေါ့  "မပြန်ရသေးဘူး ။မင်းဟာ လူ့ပြည်မှာ နောက်ထပ် နှစ်သုံးဆယ်နှစ်လနဲ့ ရှစ်ရက်နေဦးမယ် " သိပ်မကြာခင်မှာ အမျိုးသမီးက ခွဲစိတ်မှုအောင်မြင်ပြီး ကျန်းမာရေးကောင်းလာတယ်။  သူမ လူ့ပြည်မှာ အကြာကြီးနေရဦးမယ်ဆိုတဲ့အတွေးနဲ့  သူမဟာ လှလှပပနေဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် မျက်နှာကို အဲ့ဒီဆေးရုံမှာပဲ -- V-shape ပြင်လိုက်တယ်။  ခန္ဓာကိုယ်ပေါ်က အဆီပိုတွေလှီးထုတ် ။ ဆံပင်အရောင်တောင် ဆံကေသာပညာရှင်တွေခေါ်ပြီး ပြောင်းလိုက်တယ် ။  သူမဟာ အရမ်းကို လှပသွားပြီး နောက်ဆုံးခွဲစိတ်မှုလုပ်ပြီး ဆေးရုံကနေ ဆင်းခဲ့လိုက်တယ် ။  အဲ့ဒီနေ့မှာပဲ သူမရဲ့ အိမ်အပြန်လမ်းမှာ ကားတိုက်ခံရပြီး ချက်ချင်းသ...
 အိမ်ရှေ့မှာ တီဗီကြည့်ရင်း ဒေါသတွေ တရှူးရှူးနဲ့ ယောကျ်ားဖြစ်သူကို ရွှေဂျူးက.... "ယောကျ်ား...ဘာဖြစ်နေတာတုန်း" "ဘာဖြစ်ရမလဲ မိန်းမရဲ့ ဟိုမှာကြည့်စမ်း..ဇာတ်ကားထဲမှာ မိန်းမဖြစ်သူက ယောကျ်ားကို သိန်းတစ်ထောင်ရလို့ ရောင်းစားလိုက်သတဲ့" "ဟင်..ဒါက ရုပ်ရှင်ထဲမို့ပါ အဲ့ဒါဘာဖြစ်လို့လဲရှင့်" "မင်း ဆိုရင်ရော ငါ့ကို ရောင်းစားမှာမို့လား" "အိုရှင်...သိန်းတစ်ထောင်ဆိုတာ ရန်ကုန်မြို့မှာ တိုက်တစ်လုံးတောင်မရတာ ရောင်းစရာလားလို့" "ဒါဆို သိန်းနှစ်ထောင်ဆိုရင်ရောကွာ" "ဟင့်အင်း မရောင်းဘူး" "ငါးထောင်" "လုံးဝမရောင်းဘူး" ယောကျ်ားဖြစ်သူရဲ့ မျက်နှာကြီး တစ်ဖြေးဖြေး ပြုံးလာတယ်။ "သိန်း ခုနှစ်ထောင် ဆိုရင်ရော မိန်းမ" "ဒီမယ် ယောကျ်ား  ကုန်ကုန်ပြောမယ်..ရှင့်ကိုလေ သိန်းတစ်သောင်းရတောင်  ကျုပ်က မရောင်းဘူးရှင့်" "ဝါးးးးးပျော်ပြီလေ အဲ့လောက်ချစ်တာလားမိန်းမရယ်" "ရှင်ပဲတွေးကြည့်လေ ကုဋေရှစ်ဆယ် သူဌေးသားတောင် နေ့ချင်းညချင်းမွဲသွားသေးတာ ကျုပ်လည်း သုံးရင် မွဲမှာပေါ့" "သြော်..ဒါဆို ငွေထက်ယောကျ်ားကိုချစ်တာပေါ့...
 သူ့ကိုယ်သူ သိပ်နုတယ်လို့ထင်နေတဲ့ အမျိုးသမီးတယောက် သွားဆေးခန်းတခုကိုရောက်လာတယ် သွားဆရာဝန်ရဲ့ ဆိုင်းဘုတ်ကြည့်လိုက်တော့ နာမည်နဲ့ဘွဲ့ကို ရေးထားတာတွေ့ရတယ် နာမည်ကိုဖတ်ရင်း နဲ့ သူဆယ်တန်းတုံးက crush ခဲ့တဲ့ အရပ်မြင့်မြင့် ဆံပင် မျက်ခုံးကောင်းကောင်းနဲ့ လူချော တယောက်ကိုသွားသတိရမိလို့ ရင်ထဲ ထိတ်ကနဲလှိုက်ဖိုလာတယ် ဒါပေမဲ့ အခန်းထဲဝင်လိုက်တဲ့အခါကျတော့ ခပ်ဝဝ ထိပ်ပြောင်ပြောင် ဆံပင်အချို့ဖြူနေတဲ့ အဖိုးကြီးအရွယ် ဆရာဝန်ကိုတွေ့လိုက်ရတော့ "ဒီအရွယ်ကြီးက ငါနဲ့အတန်းတူသူ မဖြစ်နိုင်ပါဘူး" လို့တွေးရင်း ခံစားချက်တွေပုံမှန်ပြန်ဖြစ်သွားတယ်  သွား ကိစ္စလုပ်ပြီးတဲ့အခါကျတော့ အမျိုးသမီးကစပ်စုလိုက်တယ် " ရှင် xxx ထ(၁) မှာကျောင်းတက်ခဲ့ဖူးလား" " တက်ခဲ့ဖူးတယ်လေ" " အာ့ဆိုရင် ဆယ်တန်း ဘယ်နှစ်ခုနှစ်ကအောင်တာလဲ"  "1991 ပါ ဘာဖြစ်လို့လဲ " " ရှင် ကျမအတန်းထဲကပဲ"  အဲ့အချိန်မှာ ဗိုက်ပူထိပ်ပြောင် ပါးရေနားရေတွန့်နေတဲ့ ဆရာဝန်က ဒီအမျိုးသမီးကို သေသေချာချာ  စူးစိုက်ကြည့်ပြီး ပြန်မေးလိုက်တယ် "ဆရာမက ဘယ်ဘာသာ သင်တာလဲ" 😁😄😃 credit# #တာဇဲ 😁😁 (မှတ်ပ့လားးးးးး😁😁)
 " တရားခံ..ဘယ်သူလဲ ဟေ့..! "🤣    ~~~~~~~~~~~~~~~ #crd < op ဦးပု တယောက် အသက် ၅၅ နှစ်ရောက်မှ..အသက် ၃၀ အရွယ် ကျုံဖျော်က ခင်ငွေနှင့်အိမ် ထောင်ပြုလိုက်သည်။ ဇနီးဖြစ်သူ ခင်ငွေ ကိုယ်ဝန်ရှိလာသည် ကိုသိလိုက်ရသောအခါ..အလွန်ဝမ်းသာ သွားပြီး... အိပ်ပျော်နေသောဇနီးသည်၏ဖုန်းကိုယူ ၍ ...သူမ၏ Contact List တွင်ရှိသူများ အား ..."ငါ့မှာ ...ကိုယ်ဝန်ရှိနေပြီ" ဟု Message ပို့လိုက်လေသည်။ ခဏအကြာတွင် ...ထိုသူများထံမှ .. Message များ ပြန်ဝင်လာသည်။ *အမေဖြစ်သူ မယ်မင်းအိ - "ဟဲ့ သမီး ...အရင်ဘဲနဲ့ ပြန် ဆက်နေတာလား .." *ညီမ ဖြစ်သူ မတ်မတ်မြ - "စိတ်မညစ်ပါနဲ့ မမ..ယောင်္ကျား နဲ့ရတယ်လို့သာ..ညာထားလိုက်.." *ကျောင်းနေဘက်ဖြစ်သူ ဆိုမာလီ ဝင်း - "ဟိုတစ်ခါဖြစ်တာ.. ကြာပြီနော်..ငါ့ကိုတော့ ခေါင်းပုံမချနဲ့.." *လုပ်ဖော်ကိုင်ဘက် ဖြစ်သူ ကိုစိုး- "ဟုတ်ပါ့မလား ကွာ..တပတ်ပဲ ရှိသေးတာ .." *သူဋ္ဌေး ဖြစ်သူ ဦးညို - "မင်းတောင်းသလောက်ပေး မယ်၊ ငါနဲ့ရတယ်ဆိုပြီး..လျှောက်မဖွနဲ့.." *အိမ်နီးချင်းဖြစ်သူ ကိုစိန် - "မနောက်ပါနဲ့..သဲရယ်  ကိုယ်သားကြောဖြတ်ထားတာ ကြာပြီ.." *ဖောက်သည် ဖ...
 တခါ တုန်းက တိုင်းပြည်တပြည်မှာ  ဘုရင်ကြီးက အမတ်ကြီးကို မေးတယ်  " အမတ်ကြီး မိန်းမကြောက်တဲ့ သူတွေဟာ ဘာနဲ့ တူသလဲ "  အမတ်ကြီးကလည်း ပြန်ဖြေတယ် ။ " မိန်းမကြောက်တဲ့သူတွေဟာ  လူစွမ်းလူစ မရှိတဲ့သူတွေပါ " ဘုရင်ကြီးလည်းအမတ်ကြီးအဖြေကို သဘောကျလို့ လိုရာဆုတောင်းစေပေါ့  " မှန်လှပါဘုရား.. . မိန်းမကြောက်တဲ့သူတွေဆီကနေပြီး  ကြက်တကောင်အခွန် ကောက်ခွင့် ပေးပါ " လို့တောင်းသတဲ့  ဘုရင်ကလဲ ကောက်စေပေါ့ .. ဒါနဲ့ အမတ်ကြီးလဲ တိုင်းပြည်ထဲ ပတ်ပြီး ကောက်တော့တာပေါ့ . ..  နေမွန်းမတည့်မီ အမတ်ကြီး  ပြန်ရောက်လာတယ် ။ သူ့ နောက်မှာ ကြက်ခြင်း တွေအများကြီးပဲ ...  ဘုရင်ပြောတာပေါ့  " ငါ့ရဲ့တိုင်းပြည်ထဲမှာ မိန်းမကြောက်တဲ့ လူတွေများနေတာ မကောင်းဘူးကွ "  အမတ်ကြီးက  "ဒါတောင် မကုန်သေးပါဘူး  ဘုရင်ကြီး " ခုကျွန်တော်မျိုးပြန်လာတာက  ဆော်အလန်းလေးတပွေ တွေ့ခဲ့လို့  ဘုရင်ကြီး တော်ကောက်လို့ ရအောင် လာပြောတာပါဘုရား. ..."  " ဟာ အမတ်ကြီးတိုးတိုးပြောပါဟ ! နင့်မေလခွားတဲမှပဲ မိဖုရားကြီးကြား  သွားလိမ့်မယ်.. .... .."  ဒီတော့အမတ်ကြီးကပြုံးပြုံးကြီး  ပြ...
 🤧🤧🤧 ********** တရားသူကြီးကမေးတယ် ''မင်းရဲ့မိန်းမနဲ့ဘာလို့ကွာရှင်းချင်တာလဲ" "ကျနော့ကိုနေ့တိုင်း 'ကြက်သွန်ဖြူ'ခွာခိုင်းတယ် 'ကြက်သွန်နီ'လှီးခိုင်းတယ် 'ပန်းကန်'တွေဆေးခိုင်းတယ် အဲဒါကြောင့်"😠 "အဲဒါဘာများအပန်းကြီးလဲ လွယ်လွယ်လေးတွေဟာကို😳 'ကြက်သွန်ဖြူ'မခွာခင်မီးအပူလေးပေးလိုက် အခွံခွာရတာလွယ်သွားမယ်😞 'ကြက်သွန်နီ'လှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကိုရေခဲသေတ္တာထဲခဏထား နောက်လှီးကြည့် မျက်စိမစပ်တော့ဘူးပေါ့😞 ဒီလိုပဲလေ.. ပန်းကန်လည်းမဆေးခင် ရေထဲဆယ်မိနစ်လောက်စိမ်ထား  ဆေးရတာလွယ်လွယ်လေး😖 ဒါပေမဲ့မင်းကို အဝတ်တော့မလျှော်ခိုင်းသေးဘူးမဟုတ်လား နောက်အဝတ်လျှော်ခိုင်းရင်ဒီလိုလုပ်ကွ သေချာမှတ်ထား အဝတ်မလျှော်ခင်ဆပ်ပြာရည်အထဲမှာ အဝတ်ကိုဆယ့်ငါးမိနစ်လောက်စိမ်ထား ဂျီးတွေသူ့အလိုလိုထွက်လာမယ် လျှော်တဲ့အချိန်အားသုံးစရာမလိုတော့ဘူးပေါ့ ပြီးတော့...သနပ်ခါးသွေး..." "ရပါပြီခင်ဗျ ကျနော့လျှောက်လွာပြန်ရုပ်သိမ်းခွင့်ပြုပါ တရားသူကြီးမင်းခင်ဗျား" "မင်းငါပြောတာနားလည်သွားလို့ပေါ့...ဟုတ်လား" "အမှန်တော့ကျနော်ဟာ တရားသူကြီးထက်စာရင် အများကြီးသက်...
 ကာလပေါ် နတ်များ ================ အကြံအစည်အောင်လို့နတ်ကန္နား ပေးတယ်ဆိုတဲ့ပွဲတစ်ပွဲအကြောင်း ကြားနေရတယ်.. ကိုယ့်ဝန်ထမ်းမိသားစုနဲ့နွယ်တဲ့ အရပ်ထဲမှမိသားစုတစ်စုပါ.. နတ်ကန္နားပွဲ(၃)ရက်အပြီး သူတို့နဲ့ နွယ်တဲ့ကိုယ့်တပည့်နဲ့တွေ့တော့ မေးကြည့်ဖြစ်တယ်.. ဆိုင်းသက်သက်ချည်းပဲ(၂၂)သိန်း| နတ်ကတော်ဘာညာအစုံနဲ့ဆို စုစုပေါင်း(၃၅/၄၀)လောက်ကုန် တယ်ဆိုပဲ.. ဒီခေတ်ကြီးမှာ ဒီလိုမသေးတဲ့စရိတ် တွေအတွက် ကိုယ်တော့အံ့ဩနေမိ ပါရဲ့.. "အောင်မယ်..နတ်တွေကလည်း ခေတ်မီလာပြီ..သမားရိုးကျနတ် သီချင်းတွေနဲ့ချည်းက,ခုန်တာမဟုတ် တော့ဘူး..ညပိုင်းမှာ'နတ်စတိတ်ရှိုး' အစီအစဉ်ဆိုတာပါရှိလာတယ်.." ချစ်တပည့်ကပြောလာတယ်.. "ဘာလဲဟ..နတ်စတိတ်ရှိုးဆိုတာ..?" ပြန်မေးတော့ချစ်တပည့်ရီနေရင်း ပြန်ပြောတယ်.. "ဇာတ်/အငြိမ့်တွေမှာ ညဦးပိုင်း စတိတ်ရှိုးအစီအစဉ်ဆိုပြီး..အပြင် စတီရီယိုသီချင်းတွေနဲ့ ပရိသတ်ကို ဆွဲဆောင်သလိုပေါ့..အခုလည်း  အပြင်မှာခေတ်စားနေတဲ့တေးသံစဉ် တွေနဲ့ နတ်ကတာကိုနတ်စတိတ်ရှိုး လို့ခေါ်တာ..အဲ့ဒီအချိန်ဆို ပရိသတ် ကတိုးမပေါက်ဘူး.." သူ့စကားကြားတော့ကိုယ်ရီနေ မိတယ်.. အင်း.. ကိုယ်လည်းတော်တော်ခေတ် နောက်ကျနေပါပြီကွယ်.. နောက်နော...
 စက်ရုံကို မန်နေဂျာအသစ် ရောက်လာတယ်။ စိတ်မြန်ကိုယ်မြန် ရှိပြီး စည်ကမ်းကြီးတဲ့ မန်နေဂျာလို့ လူသိများတယ်။ တစ်နေ့ တော့ အဲဒီ မန်နေဂျာဟာ စက်ရုံထဲက ဌာနတွေကို တစ်ခုပြီး တစ်ခု လှည့်လည်ကြည့်ရှုစစ်ဆေးနေတယ်။ ထုပ်ပိုးဌာန ... ထုတ်လုပ်ရေးဌာန ... ဈေးကွက်ဌာန ... အဲ ... ကံဆိုးချင်တော့ လုပ်သားနားနေခန်းထောင့်နားမှာ ငုတ်တုတ်ကြီး အိပ်ငိုက်နေတဲ့ လူတစ်ယောက်ကို မိပါလေရော။ ဘာပြောကောင်းမလဲ၊ မန်နေဂျာ ကိုဒေါသ ယမ်းပုံးမီးကျပေါ့။ အိပ်ငိုက်နေတဲ့ လူကို သူကိုယ်တိုင် သွားနှိုးတယ်။ " ဟေ့ကောင် ဟေ့ကောင်၊ ထစမ်း အခု" "ဗျာ..အင်း...အဲ" "အောင်မာ အလုပ်ချိန်ကြီး အိပ်နေတယ်၊ ငါလုပ်လိုက်ရ နာတော့မယ်" "မဟုတ် ... မဟုတ်ဘူး ဆရာ၊ ကျနော် ရှင်းပြ.. ပြ" "ဘာမှ ရှင်းပြမနေနဲ့ ငါကိုယ်တိုင် မြင်တာ မင်းလစာ ဘယ်လောက်ရလဲ ပြောစမ်း" "သုံးသောင်းပါ" "ရော့ ... ဒီမှာ သုံးလစာ၊ ဒီနေ့ကစပြီး ဒီစက်ရုံကို မင်း လာစရာ မလိုတော့ဘူး၊ ကြားလား ဟေ့ကောင်" သနားစရာပါ ဗျာ "ဟုတ်ကဲ့...ဟုတ် ကဲ့" ဆိုပြီး ဟိုလူလည်း ငွေ ကိုးသောင်းကိုင်လို့ ထွက်သွားရှာတယ်။ ဒေါသမပြေသေးတဲ့ မန်နေဂျာက သူ့ကို ဝိုင်းကြည့်နေတ...
 အပျို ကြီးဂိုဏ်းရဲ့ ..အနုပညာ ...!! ~~~~~~~~~~~~~~~~~~~~ တစ်ခါက... 'အပျိုကြီးဂိုဏ်း' ဆိုတာ ရှိသတဲ့။ ဂိုဏ်းဝင်အပျိုကြီးတွေဟာ 'ယောင်္ကျား တွေနဲ့ လုံးဝ မပတ်သက်ရဘူး'... လို့ တင်းကြပ်တဲ့ စည်းကမ်းချထားတယ်။ တကယ်လို့...ပတ်သက်မိရင် အသင်း ဂိုဏ်းချုပ် ဆရာမကြီးရှေ့မှောက်မှာ .. ဝန်ခံကတိပြုရပြီး မဟာရေစင်နဲ့ ဆေး ကြော သန့်စင်ရသတဲ့။ တစ်ရက်မှာတော့ ..ဂိုဏ်းချုပ်ကြီးရှေ့ကို အပြစ်ဝန်ခံကတိပြုချင်တဲ့ ...အပျိုကြီး ၄  ယောက် ရောက်လာတယ်။ ပထမတစ်ယောက်က..... "ကျမလေ... ယောင်္ကျားတစ်ယောက်ကို  အမှတ်မထင် စေ့စေ့ကြည့်လိုက်မိပါတယ်  ဂိုဏ်းချုပ်ကြီးရှင့်'' ဆိုတော့..ဂိုဏ်းချုပ်ကြီးက အမိန့်ချတယ်.. "ဒီရေစင်ခွက်ထဲမှာ ..နင့်မျက်လုံးတွေကို  သေချာဆေးကြောပစ်စမ်း'' ဒုတိယတစ်ယောက်က .... "ကျမလေ... ကျမရဲ့လက်နဲ့ ယောင်္ကျား တစ်ယောက်လက်ကို ကိုင်မိလိုက်တယ် ဂိုဏ်းချုပ်ကြီး ရှင့်'' ဂိုဏ်းချုပ်ကြီးက အမိန့်ချတယ်... ... "ရေစင်ခွက်ထဲမှာ ...နင့်လက်တွေကို ဆေးကြောပစ်လိုက်" အဲဒီအချိန်မှာပဲ နောက်မှာတန်းစီနေတဲ့ မိန်းမနှစ်ယောက်ဟာ ...စကားထ,များ ကြရောတဲ့။ ဂိုဏ်းချုပ်ကြီးက ခေါ်မေးတယ်... ...
 "အိုးမလုံအုံပွင့်" ========= စျေးထဲမှာ.'. . .  ပုရစ်တွေ'ပုံပြီးရောင်းနေတဲ့'အသည်က' ရက်ကြာလို့'မလတ်ဆတ်'တော့တဲ့ သူ့ပုရစ်ပုံပေါ်' ပုရစ်အရှင် သုံးလေးကောင်ကို  ခြေထောက်ချိုးပြီး ရောထည့်ထားတယ်'. . .  ခြေတောက်ကျိုးနေတဲ့ပုရစ်ကလေးတွေက 'ပုရစ်ပုံကြီးပေါ်မှာ'လောက်လက်'လောက်လက်နဲ့ 'ဟိုသွားလိုက်' ဒီတက်လိုက်နဲ့'. .  ကြည့်လိုက်ရင်' ပုရစ်ပုံကြီးက လတ်လတ်'ဆတ် ဆတ်'ပုံစံ' ပုရစ်အရှင်တွေတောင်'ပါတယ်ပေါ့'. .  တိုင်းရင်းသား' ဝတ်စုံဝတ်ထားတဲ့'အဖိုးကြီးက 'သကာရည်တွေ'ထည့်ထားတဲ့ပုလင်းထဲကို ပျားနှစ်ကောင်နှစ်သတ်ထားပြီး'. . ခပ်တည်တည်ပဲ' အော်ရောင်းနေတာ'. .  "တောပျားရည်စစ်'စစ်'. . . သေချာကြည့် 'ပျားသေတွေတောင်ပါသေးတယ်'.. . ပျားရည်ဟေ့" . . တဲ့လေ'.  ဟင်းသီးဟင်းရွက်'တွေရောင်းတဲ့ဆိုင်မှာတော 'ခရမ်းသီးဝယ်နေတဲ့အမျိုးသမီးကို ဆိုင်ရှင်မိန်းမက 'အော်ပြောပြီး နှုတ်ဆက်နေတာ'. .  "ဟဲ့'ရီမြင့်'နင့်ယောကျာ်း'  ရွာပြန်သွားပြန်ပြီလား'". . ဆိုတော့'. . . ...
 အုန်းသီးနဲ့ ဘုန်းကြီး ============== တစ်နေ့ ဦးဇင်းတစ်ပါးထံ ဆရာမ အပျိုကြီး နှစ်ယောက် အလည်ရောက်လာ ကြလေသည်။ ဦးဇင်းက မုန့်ပဲ သရေစာ လေးများဖြင့် ဧည့်ခံ ကျွေးမွေးသော်လည်း အပျိုကြီး ဆရာမ များက မစားရဲပဲ ရှက်နေကြလေသည်။ ( ဦးဇင်း ) "ဆရာမတို့ စားစား...                   ဦးဇင်း ကတော့ ကိုယ့်ဆောင်ပုဒ်နဲ့ ကိုယ်နေတာ"   ( ဆရာမ ) "အရှင်ဘုရားက ဘာဆောင်ပုဒ်နဲ့                   နေတာလဲ ဘုရား.." ( ဦးဇင်း ) "ဦးဇင်းက ကျွေးရင်လည်း စားမှ                   ပေးရင်လည်း ယူမှ                   အလှုခံရင်လည်း လှုမှ ကြိုက်တာဗျ .." ( ဆရာမ ) "ဦးဇင်း ဆောင်ပုဒ်လည်း မဆိုးပါဘူး ဘုရား။                   တပည့်တော်တို့ ဆရာမ တွေလည်း                    ဆောင်ပုဒ်နဲ့ နေတာဘုရာ့.." ( ဦးဇင်း ) "ဆရာမ တို့ဆောင်ပုဒ် လုပ်ပါဦး.."     ...
 ရွှေရောင်မှန်ဘောင်သွင်းထားတဲ့ အမျိုးသမီးတယောက်ဓါတ်ပုံရှေ့မှာဖယောင်းတိုင်အမွေးတိုင်ထွန်းညှိထားတယ်။သဇင်ပန်း၊ဂန္ဓမာပန်းစံပယ်ပန်းနဲ့ဓါတ်ပုံမှန်ဘောင်ကိုလှလှပပဝန်းရံအုပ်မိုးထားတယ်။ ကြက်ကြော်၊ဘဲကင်၊ဝက်နံရိုးကင်၊အမဲနပ်ကြံမဆိုင်ဟင်းချိုခွက်ကြီးအလည်တည်ထားတယ်။အငွေ့တထောင်းထောင်းထကွေးညွတ်နေတဲ့ဆန်အကောင်းစားနဲ့ချက်ထားတဲ့ထမင်းမို့မို့ကြီးကိုထမင်းအုပ်အောက်မှာတွေ့ရတယ်။   စတီးရောင်ပြောင်လက်နေတဲ့ဇွန်းမျိုးစုံစားပွဲပေါ်ညီညီညာစီထားတယ်။လဘက်ရည်ကြမ်း၊ပက်စီအအေးပုလင်းပျားလိမ္မော်အခွံခွါပြီးသားတပုဂံအပြည့်၊ရွှေပုဇွန်ဆနွင်းမကင်းဗူးသစ်ဗူးနဲ့ဟောလစ် အိုဗာတင်းပုလင်းသုံးလေးမျိုးတွေ့တယ်။ မှန်ဘောင်ထဲကအမေ့ကိုကျွေးဖို့ပါ။ အမေ့နှစ်ပတ်လည်အမှတ်တရအမေ့ကိုကျွေးမွေးနေတာပါ။အမေ့ကျေးဇူးကိုနေ့တိုင်းသတိရပြီးညဘက်လူမသိအောင်မျက်ရည်ကျတယ်တဲ့။ညတိုင်းအမေ့ကိုရှိခိုးအိပ်တဲ့အမေ့ချစ်သမီးဟန်နီ။  လွန်ခဲ့တဲ့သုံးနှစ်က…။ “ သမီး..အမေ့ကိုငါးသောင်းလောက်ချေးပါလား………”. အမေ့အသံကဖုန်းထဲမှာတုန်နေတယ်။မဆက်စဘူးသူ့သမီးဆီဖုန်းဆက်ပြီးပိုက်ဆံငါးသောင်းချေးနေတာပါ။ “ ဟာ…အမေကလည်း..သမီးလည်းကျပ်နေတယ်…..အငယ်ကောင် iPhone 12 ဝယ်ခိုင်းတာတောင်ဝယ်မပေးရသေးဘူး...
 *နှုတ်ဆက်နည်း* အစိုး ၅ တန်းအောင်ပြီး  နွေရာသီ ကျောင်းပိတ်ရက်တွင် ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း နဲ့ အင်္ဂလိပ် speaking သွားတက်ခဲ့ပါတယ်..... အဲ့အချိန်မှ စ ပြီးတက်ဖူးတာဗျ  ကိုယ်တွေက အငယ်ဆုံးပဲ ကိုယ့်ထက်ကြီးတဲ့သူတွေ ၇တန်း ၈တန်း  အရွယ်တွေလည်း ပါတယ် ပထမဆုံးက အင်္ဂလိပ်စာချိန်.... ဆရာကြီးက ဝင်လာရောပေါ့ Sir - "All stand         Good morning class" Student - "Good morning teacher" Sir - "OK , How are you? Student - "Fine , thank you and you?" Sir - "Fine, please sit down." Student - "Thank you teacher." အလဲ့ ဟုတ်နေတာပေါ့ ဒီလောက်က အပျော့  နေ့တိုင်း ကျောင်းမှာ  နှုတ်ဆက်နေကျ စကား အေးဆေး... အဲ...ဆရာလည်း  Grammar တွေဘာတွေ သင်ပြီး ထွက်သွားတော့  ဘုန်းဘုန်းတစ်ပါး  ဝင်လာပါလေရော.. ဘုန်းဘုန်းကို မြင်တာနဲ့  သိလိုက်ပြီ ဘုရားစာ  သင်တော့မယ် ဆိုတာ... အဲ့ဒီ ဘုန်းဘုန်းက  အရိုက်ကြမ်းတယ်လို့ တချို့က ပြောကြတယ်..... ဟုတ်လောက်တယ်ဗျ... လက်ထဲမှာ  ကြိမ်လုံးကြီးကိုင်လာတာ နည်းတာကြီး မဟုတ်ဘူး အဲ...ဖြစ်ချင်တော့  ကိုယ်...
 သာလိကာ ======= တစ်ခါက... လူတစ်ယောက်ဟာ စကားတတ်တဲ့ သာလိကာတစ်ကောင် ဝယ်လာသတဲ့။ အဲ့ဒီသာလိကာဟာ... သူ့အိမ်ရှေ့က မနက်တိုင်းဖြတ်သွားတဲ့ မိန်းမကြီးတစ်ယောက်ကို မြင်တိုင်း... ... "ဆိုးလိုက်တဲ့ ရုပ်ကြီးနှယ်၊ ဆိုးလိုက်တဲ့ ရုပ်ကြီးနှယ်'' လို့ အော်သတဲ့။ အစပိုင်းတော့ ဟိုမိန်းမကြီးက သူ့အော်နေမှန်း မသိဘူး။ ရက်ကြာလာတော့မှ သူ့အော်နေမှန်း သတိထားမိတာ။ စိတ်ဆိုးတာပေါ့... မိန်းမဆိုတဲ့အမျိုးက ရုပ်ဘယ်လောက်ဆိုးဆိုး သူတို့ကို လှတယ်ပြောမှ ကြိုက်တာ။ စိတ်ဆိုးမာန်းဆိုးနဲ့ အိမ်ရှင်ကို ဝင်တိုင်သတဲ့... ... "နင့် စောင်သာလိကာကို ဆုံးမထား၊ ငါ့ကို ရုပ်ဆိုးသလေး ဘာလေးနဲ့၊ နောက်တစ်ခါ ထပ်အော်ကြည့်... ပိုင်ရှင်ကိုပါ အသရေဖျက်မှုနဲ့ တရားစွဲမယ်'' ဒါနဲ့... ပိုင်ရှင်ကလည်း သူ့ငှက်ကို ရိုက်နက်ပြီး ဆုံးမရတာပေါ့။ နောက်ရက် အော်ရဲအော်ကြည့်၊ အမွှေးနှုတ်ပြီး ကြော်စားပစ်မယ် ဘာညာဆိုတော့ ငှက်လည်း လန့်သွားတယ်။ ဒီလိုနဲ့... နောက်ရက်ကျတော့ ထုံးစံအတိုင်း ဟိုမိန်းမကြီးက အိမ်ရှေ့ကဖြတ်ပြန်တယ်။ သာလိကာကို လှည့်ကြည့်လှည့်ကြည့်နဲ့ အသွား သာလိကာက လှမ်းအော်တယ်... ... "ကိုယ့်ဟာကိုယ်သိ ဟင်း ဟင်း ဟင်း'' "ကိုယ့်ဟာကိုယ်သိ...
 ဖားအုပ် တစ်အုပ်ဟာ တောအုပ်တစ်အုပ်ကို ဖြတ်ပြီး ခရီးသွားကြတယ် ...။  သွားရင်းနဲ့ ဖားအုပ်ထဲက ဖားလေး နှစ်ကောင်ဟာ တွင်းနက်တစ်ခုထဲကို ကျသွားသတဲ့ ...။ အဲတော့ ကျန်တဲ့ ဖားတွေအကုန်လုံးကလည်း တွင်းရဲ့အ၀မှာ ဝိုင်းကြည့်ကြတာပေါ့ ..။ တွင်းဘယ်လောက်နက်လဲဆိုတာ သူတို့မြင်သွားကြတော့ ... ဒီလိုတွင်းနက်ထဲကျသွားတဲ့အတွက် ကံဆိုးတဲ့ ဒီနှစ်ကောင်တော့ အပြင်ကို ထွက်လို့ရတော့မှာမဟုတ်ဘူးဆိုတော့ အချင်းချင်းပြောနေကြတယ် ...။ ဖားနှစ်ကောင်ကတော့ ဒီလိုပြောတာတွေကို မကြားပဲ တွင်းထဲက ပြန်ထွက်နိုင်အောင် ကြိုးစားပြီး ခုန်နေကြတယ်တဲ့ ...။ အပေါ်ကဖားတွေကတော့ "မင်းတို့တွေ ဘယ်လိုပဲလုပ်လုပ် တွင်းထဲက ထွက်လို့ရမှာ မဟုတ်ဘူး ... တွင်းထဲမှာပဲ ပိတ်မိပြီး သေမှာပဲ ... အပင်ပန်းခံမနေနဲ့တော့ ... ရပ်လိုက်ပါတော့" ဆိုပြီး အော်ဟစ် ပြောနေကြတာပေါ့ ...။ နောက်ဆုံးမှာ ဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ အပေါ်ကဖားတွေ ပြောနေတာတွေကို သတိပြုမိပြီး လက်လျှော့လိုက်သတဲ့ ...။ တစ်ကြိမ်ခုန်လိုက်ပြီး အကျမှာ စိတ်လျှော့လိုက်တာကြောင့် မြေကြီးနဲ့ရိုက်မိပြီး သေဆုံးသွားသတဲ့ ...။ နောက်ထပ် ဖားတစ်ကောင်ကတော့ သူတတ်နိုင်သမျှ ကြိုးစားပြီး ဆက်လက် ခုန်မြဲ ခုန်နေတယ် ...။ တစ်ကြိမ်ခုန်လ...
 စကြ၀တေးမင်းဖြစ်ချင်သူ ဟိုရှေးရှေးတုန်းက အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာလူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့်အလွန်ကို ကြီးမားတဲ့ နေရာတခုရှိသတဲ့။ အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ခုနကကာင်တွေ အားလုံးပေါင်းပြီးဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။ အဲ့ဒီလို နဲ့အမိုက်ဆုံး နဲ့ညဏ်ပညာမရှိဆုံး တကောင်က ဘုရင်ဖြစ်လာပါလေရော့လား. သူလည်း ဘုရင်ဖြစ်ရော တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ပစ္စည်းမှန်သမျှကို ငါးမူးနဲ့ပဲ ရောင်းခိုင်းတော့တယ်။ သူ့ဟာသူ အပြင်မှာ ဘယ်လောက်ပဲ စျေးများများ သုနိုင်ငံမှာတော့ ငါးမူးပဲ တစ်ပွဲ ကို ၈၀၀ကျပ် လောက်စျေးရှိတဲ့ ထမင်းကစားငါးမူး ပဲပေးရတယ်။ တနေ့မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ထွက် လာတဲ့ တက္ကသီလ က ဆရာနဲ့သူရဲ့ အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့ အဲ့ဒီနိုင်ငံရောက်လာကြတာပေါ့။ ဆရာကတော့အဲ့ဒီဒေသ ကို သိပ်သဘောမတွေ့ဘူးပေါ့။ သူ့တပည့် က တော့ မတရား သဘောကျတယ်.အရာအားလုံး ငါးမူးကို နော်။ သူ့မှာက ပိုက်ဆံ ၈သိန်းတောင်ပါလာတာဆိုတော့ တသက်လုံး နေလို့ရတယ် လို့ပြောလို့ရတာပေါ့။ ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူ ကမပြန်ချင်တော့ဘူး။ ဆရာက ပြောတယ်။ ဒီမှာ ငါ့တပည့် စဉ်းစားညဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့တိုင...
 . နားထောင်လွန်းသူ "ဟဲ့ . .ရှင်လှနွယ် မနက်စောစောစီးစီး  မျက်နှာလဲမကောင်းပါလား ! ဘယ်လိုဖြစ်လာသာလဲ" "အိမ်ပေါ်ကဆင်းလာသာ အမေရေ၊ ကျမစကားနားထောင်လွန်းတဲ့ အမေ့ သမက်ကို မပေါင်းနိုင်လို့  ဆင်းလာသာ" "ညည်းအေ . .ကိုယ့်စကားနားထောင်တယ်လည်းပြောသေး၊ ပြီးတော့ ညည်းကပဲမပေါင်းနိုင်ဘူး ဆိုတော့ အံ့ပါ့အေ၊ မောင်မျူ ိး က လူရိုးလေးပါဟဲ့ . .ဘိုဖြစ်ကြသာတုန်း " "ဒီလိုအမေရေ . .သာမီးက အိမ်မှုကိစ္စ  နိုင်နင်းတာလိုချင် အိမ်ဖော် ကို ယူပေါ့လို့ ပြောမိပါတယ် . .အေးပါ . .အေးပါ တဲ့" "ဟဲ့ . .ဒါစိတ်ဆိုးစရာလား" "မကသေးဘူးအမေရဲ့ . .သာမီးက မြန်မာဆန်ဆန်၀တ်တာစားတာလိုချင်ရင် အသက်ကြီးကြီးမိန်းမရွေးယူလို့ ပြောတော့လဲ . .အေးပါ  . .အေးပါပဲ" "ဟဲ့ . .ဒါစိတ်ဆိုးစရာလား" "မကသေးဘူးအမေရဲ့ . .သာမီးက  ကိုယ်လုံးကိုယ်ပေါက် လှတာလိုချင်ရင် မယ် ကိုယူပေါ့ ပြောမိပါတယ် . .ဒါလဲ အေးပါ . .အေးပါနဲ့ " "ဟဲ့ . .ဒါစိတ်ဆိုးစရာလား" "မကသေးဘူအမေရဲ့ . .သာမီးက သာမီးလိုထုံထုံအအ မလိုချင်ရင် ထက်မြက်တဲ့ မိန်းမရွေးယူပြောတော့လဲ . .အေးပါ . .အေးပါပဲ" "...
 ကမ္ဘာ့ဖလားဘောပွဲ အိမ်ရှင်အဖြစ် တစ်ခါလေး ---------------------------- လက်ခံခဲ့ရပါတယ်..... --------------------------- ( စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်လို့ပဲမှတ်ပါ ) ခရစ်သက္ကရာဇ်(၂၀၃၄)ခုနှစ် ဇွန်လ, လလယ်တစ်ရက်..။ ထိုနေ့သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ သော ကမ္ဘာ့ဖလားဘောလုံးပွဲ ဖွင့်ပွဲနေ့ဖြစ်၏...။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော်ခန့်ကပင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီး(FIFA)ထံတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခွင့်ပြုပါရန် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ကြိုးစားတောင်းဆိုခဲ့မှုကြောင့် (၂၀၃၄)ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့် ရရှိခဲ့လေသည်။ ဤသို့ဖြင့်...အထက်တွင်ဖော်ပြခဲ့သလို..(၂၀၃၄)ခုနှစ်  ဇွန်လ, လလယ်ပိုင်းတစ်ရက်တွင် ကမ္ဘာ့ဖလားဘောလုံး ဖွင့်ပွဲအခန်းအနားနှင့်တကွ အိမ်ရှင်မြန်မာနိုင်ငံအသင်းနှင့် လက်ရှိချ န်ပီယံ ဗလာစီယာ(အဲလေ)ဘရာဇီးနိုင်ငံ ဘော အသင်းတို့ အဖွင့် ယှဉ်ပြို င်ကြမည် ဖြစ်လေရကား အနှစ် နှစ် အလလ မျှော်လင့်စောင့်စားခဲ့ရသော မြန်မာဘောလုံး အသင်း၏ ကမ္ဘာ့ဖလားလုပွဲခြေစွမ်းပြခွင့်ကို ကြည့်ရှူ ရတော့မည်ဖြစ်၍ မြန်မာနိုင်ငံသားအာ...
 တခါက...  လူတယောက်ဟာ သတင်းစာထဲမှာ  'ဇနီး အလိုရှိသည်' ဆိုတဲ့  ကြေညာတခု ထည့်လိုက်တယ်... သူ့ကို ဆက်သွယ်ရမယ့်လိပ်စာလည်း  ထည့်ပေးလိုက်တယ်။ နောက်ရက်ကျတော့  ရာထောင်ချီတဲ့ စာတွေ  သူလက်ခံရရှိလိုက်တယ် အိမ်ထောင်ဖက် လိုအပ်နေတဲ့  အမျိုးသမီးတွေ  တော်တော်များပါလား လို့လည်း  သူတွေးနေမိတယ် ... စာအိတ်တွေကို  တခုခြင်းဖွင့်ဖတ်ကြည့်တော့...  ယောက်ျားတွေဆီက  ထည့်လိုက်တဲ့စာတွေဖြစ်နေတယ် ရေးထားတာက တပုံစံတည်းပဲ...  "ငါ့မိန်းမကို ယူ"... တဲ့ :-)  :p သန်၄ကို #Credit
 "ငါ့သမီး ဒီရက် အစားအသောက်သောင်းကျန်းနေပါ့လား"  "မထင်ပါနဲ့ဖေဖေ ...မီး စိတ်ညစ်လို့ပါ" "ဟေ...ဘာလို့တုန်း....ဖေဖေ့ကိုပြောစမ်း" "မီး ဖေ့ဖုတ်အကောင့်ပျက်သွားလို့" ဖေဖေက သက်ပြင်းရှည်ကြီးချလိုက်ရင်း....  "ဒါတွေက ဘဝမှမဟုတ်တာသမီးရယ်...ပျက်သွားရင်ထပ်ဖွင့်ပေါ့" "ထပ်ဖွင့်လို့ရပေမယ့် ....မရှိတော့တဲ့friတချို့ကိုတော့ ပြန်မရနိုင်တော့ဘူးလေ" ဖေဖေက အနားမှာ ထိုင်လိုက်ရင်း ခေါင်းကိုဖွဖွလေးပွတ်ပြီးပြောရှာတယ်။    "တချို့က လဲ သမီးလေးကို လာaddကြမှာပါ ....သမီးကလဲ မှတ်မိသ၍ပြန်addပေါ့ကွယ်"     "ဗျဲ.....အီးဟီးဟီး" "ဟာ...ပြောကာမှ ထငိုပြန်ပြီ. ဘာဖြစ်ရပြန်တာတုန်း"     "သမီးအကောင့်ထဲ သူတို့မရှိရင်မဖြစ်သလို. သူတို့အတွက်လဲ မီးမရှိရင်အဆင်မပြေလောက်ဘူး"    ဘုရား ဘုရား. ....ငါ့သမီးလေးက အဲ့လောက်အရေးပါနေလို့လား .....ဘာဖြစ်လို့ပါလိမ့် ဆိုတဲ့အကြည့်နဲ့ဖေဖေက ကြည့်နေတယ်......ကိုယ်လဲကျလက်စ မျက်ရည်ကို သုတ်လိုက်ရင်း တခွန်းဘဲပြန်ဖြေလိုက်တယ်.......     "ဟုတ်တယ်ဖေဖေ......မီးလို ရုပ်ရည်ချောမော လှပတဲ့ကောင်မလေးရဲ့ပုံတွေသာ မမြင်ရတော့ရင...
🏛️⛺🌷 ဇွန် ( ၁ ) ရက် ကျောင်းတွေစဖွင့်တဲ့နေ့ နံနက် ၉ နာရီ ကျောင်းသားများ အလံdတိုင်ရှေ့ စုဝေးနေကြလေ၏။ (ကျောင်းအုပ်ကြီးက)  ကဲတပည့်တို့  ကမ္ဘာမကြေသီချင်းကို  ညီညီညာညာဆိုကြ (ကျောင်းသားများ) ......  ကမ္ဘာ....မကြေ....ဘူး .... ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတေး ........ (ဆရာကြီး)...... ဟေ့ဟေ့ အဲဒီသီချင်း မဟုတ်ဘူးလေ။ (ကျောင်းသားများ) ......  မသိဘူးဆရာကြီး ကျွန်တော်တို့တော့ဒီသီချင်းပဲရတော့တယ်..... 😂😂😂😉😂 # credit.   💓💓
* အချစ်ရဲ့ ဒုက္ခ * ထိုင်၀မ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။ သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။ ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့  နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု  သားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။ သားလေးလည်း အလွန်လိမ္မာပါတယ်။ အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။ ဒီလိုနဲ့ ဆရာမ၀င်ငွေငွေလေးနဲ့ သားလေးကို  ရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။ သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကို  ပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။ အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။ ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲ အိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ၀ယ်နိုင်ခဲ့ပါတယ်။ မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆရာမကတော့ တာ၀န်နဲ့မို့  ဆရာမအဖြစ်ပဲ ထိုင်၀မ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။ ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကို  သတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့  သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။ အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာ...
ရယ်ရင် သတိ / ငိုရင် သေဘို့သာပြင်ထား ******** ကမ္ဘာဦးအစက ယောက်ျားတွေနဲ့ မိန်းမတွေဟာ မတည့်ကြဘူးတဲ့ ( ယနေ့ခေတ်တော့ မသိ ) ကျားတွေကို ကျားဘုရင်ကြီးက အုပ်ချူပ်ပြီး မိန်းမတွေကို မိန်းမ ဘုရင်မကြီးက အုပ်ချူပ်ကာ သီးခြားစီ နေကြသတဲ့ ။ ကျားတွေဟာ မ'တွေနေတဲ့တိုင်းပြည်ကို မကြာခဏ ကျူးကျော်ရန်စပြီး စစ်သွားတိုက်တတ်ကြသတဲ့ ။ သို့ပေမယ့် ကျားတွေသာ တိုက်တိုင်း ရှူံးပြန်လာရသတဲ့ ကျားတွေဟာ ပျင်းလည်းပျင်း ဝီရိယလည်း မရှိတော့ တစ်ကယ်တမ်း မ' တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြောင်ပြေး ကြွက်ပြေး ပြေးခဲ့ရတာချည့်ပဲတဲ့ အဲ့သလို တိုက်တိုင်းရှူံးနေတော့ ကျားဘုရင်ကြီးဟာ သူ့ယောက်ျားအဲ.......သူ့ ကျားတပ်သားတွေကို အမိန့် ချမှတ်လိုက်သတဲ့ ။ ကျားမှန်သမျှ မိမိတို့ လက်နှက်တွေကို ချွန်ထက်နေအောင် နေ့စဥ် သွေးနေရမယ် ။ ရဲစွမ်းသတ္တိနှင့် ခွန်အားပြည့်နေအောင်လည်း အမြဲ လေ့ကျင့်နေကြရမယ် ။ အမိန့်ဖောက်ဖျက်တာတွေ့ရရင် " အရင်းကနေ ဖြတ်ပစ်မယ်  "လယ်ပင်းကို " ဆိုတော့ ကျားတွေလည်း အဖြတ်ခံရမှာစိုးထိတ်ပြီး ထကြွ နိုးကြားလာကြတယ် သည်လိုနဲ့ ကာလအတန်ကြာလာတော့ ။ ကျားဘုရင်ကြီးဟာ သူ့ရဲ့ ကျားတပ်ကြီးကို စစ်ဆေးတဲ့အခါ စိတ်ချရလောက်တဲ့အနေထားရှိနေတာ တွေ့ရလို...
ကျနော့်သူငယ်ချင်း " မောင်မောင် " က .. မဂိုလမ်းမှာ ရွှေ ဆိုင်ဖွင့်ထားတယ် ..  စောဘွားကြီးကုန်းမှာ လည်း  ဘိလပ်မြေရောင်းတယ် ..  ဒီကောင်က လူ့ဂွစာ .. - - စကားပြောရင် ဘုဘောက်နဲ့ ပြောတာ တော်ရုံလူ သူနဲ့ မတည့်ဘူး။ - ဖြစ်ချင်တော့... တစ်ရက် ... ကိုယ်တွေပူပြီးဖျားလို့  ဆေးရုံတင်လိုက်ရတယ်။ - နဂိုကမှ ပြသနာရှာတဲ့လူ ဆေးရုံတက်ရတော့ ပိုဆိုးတာပေါ့။ မဲမဲမြင်ရာ ရန်သူထင်ပြီး မြင်မြင်သမျှ ရစ်တော့တာ။ - သူရန်စွာသာကို အဆိုးဆုံးခံရတာက  သူနာပြုဆရာမတွေ။ - ပူတယ် ပန်ကာဖွင့်ပေး ပန်ကာလေကများတယ် ပြန်လျှော့ပေး - ပြူတင်းပေါက်က နေထိုးတယ် လိုက်ကာ  ကာပေး .. အီးပါမယ် ... ရှူးပေါက်မယ် - ထမင်း က မာတယ် ဟင်းက မကောင်းဘူး စုံလို့ ရစ်တာ ရစ်တာ - ဆရာမတွေလည်း  အံကြိတ်ပြီးတော့သာ သည်းခံနေတာ တကယ်က " မောင်မောင် "ကို  အရေခွံ ဆုတ်ပစ်ချင်နေတာရယ်။ - အဲ... ဒီနေ့တော့ အပူချိန်လာတိုင်းတဲ့  ဆရာမကို ရစ်နေချည်ရော... - "အပူချိန်က ခဏခဏ တိုင်းနေတော့တာပဲ'' - "ဒါမှ ရှင် ဖျား မဖျား သိရမှာပေါ့'' - "နဖူးစမ်းကြည့်လို့ မရဘူးလား'' - "မရဘူး တိတိကျကျသိရအောင် တိုင်းရမယ်'' - "ဒစ်ဂျစ်တယ်စက်...
အပေါက်ထဲ ထိုးထည့်လိုက်သော  အတန်သည် စက္ကန့်ပိုင်း အတွင်း  အရည်အနည်းငယ် ပန်းထွက်လာပြီး  ငြိမ်သက်ရပ်တန့် သွားသည် ။  သူမက အတန်ကို သေချာကိုင်ခါ ပေးနေရင်း ပြောသည်။  အစ်ကို ပြီးသွားပြီတဲ့ ။ ထို့ကြောင့် ကိုယ်က မေးလိုက်သည် ။ ညီမ ဟာက  ပုံမှန်ဟုတ်ရောဟုတ်ရဲ့လား။  အကို့အတွက်   အရမ်းမြန်လွန်းနေတယ်နော်.. ဟု  မသင်္ကာသော လေသံဖြင့်  စောဒဂတက်မိလိုက်တော့  ..................... .................. .............. .......... ....... ..... ... .. .. . . ဓါတ်ဆီဆိုင်မှ မိမိ၏ ဆိုင်ကယ်ကို  ဓါတ်ဆီဖြည့်ပေးနေသော  ကလေးမလေးက အကိုရယ်  ဒီ ဓါတ်ဆီစျေးနဲ့ အကိုဖြည့်တဲ့  ဆီ ၁၀၀၀ ဖိုးကို  ဘယ်လောက်ကြာကြာ ထည့်ပေးရမှာလဲဟု ခပ်ချေချေ ပြောရင်း  မိမိ၏ ဆိုင်ကယ်ဆီတိုင်ကီ  အပေါက်ထဲမှ သူမကိုင်ထည့်ထားသော  ဆီပန့်ဂေါက်အတန်ကို  ဆောင့်ကြီးအောင့်ကြီး ခါရင်း  ဆွဲထုတ်လိုက်ပါတော့တယ် ။ Crd# #တာဇဲ 😁😁 (ဆီစျေးတက်ချက်တော့😁😁)
လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တစ်ခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် ... နယ်ခံသတင်းစာရဲ့ အယ်ဒီတာက အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။ အယ်ဒီတာက... "ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ကြပါသလဲ ခင်ဗျာ?" ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်း ပြောပါတယ်... "ကျတော်တို့တွေ Honeymoon မှာ တောဖက်ကို သွားခဲ့ကြပါတယ်။  အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ" "အဲဒီမှာ ကျတော့်မြင်းက စီးရတာ အဆင်ပြေပေမယ့် ကျတော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ" "လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျတော့်မိန်းမ ဒယိမ်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော" "ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို...  "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ ပ...