သူ့ကိုယ်သူ သိပ်နုတယ်လို့ထင်နေတဲ့

အမျိုးသမီးတယောက်

သွားဆေးခန်းတခုကိုရောက်လာတယ်


သွားဆရာဝန်ရဲ့

ဆိုင်းဘုတ်ကြည့်လိုက်တော့

နာမည်နဲ့ဘွဲ့ကို ရေးထားတာတွေ့ရတယ်

နာမည်ကိုဖတ်ရင်း နဲ့

သူဆယ်တန်းတုံးက

crush ခဲ့တဲ့ အရပ်မြင့်မြင့်

ဆံပင် မျက်ခုံးကောင်းကောင်းနဲ့

လူချော တယောက်ကိုသွားသတိရမိလို့

ရင်ထဲ ထိတ်ကနဲလှိုက်ဖိုလာတယ်

ဒါပေမဲ့

အခန်းထဲဝင်လိုက်တဲ့အခါကျတော့

ခပ်ဝဝ ထိပ်ပြောင်ပြောင်

ဆံပင်အချို့ဖြူနေတဲ့ အဖိုးကြီးအရွယ်

ဆရာဝန်ကိုတွေ့လိုက်ရတော့

"ဒီအရွယ်ကြီးက ငါနဲ့အတန်းတူသူ

မဖြစ်နိုင်ပါဘူး" လို့တွေးရင်း

ခံစားချက်တွေပုံမှန်ပြန်ဖြစ်သွားတယ် 


သွား ကိစ္စလုပ်ပြီးတဲ့အခါကျတော့

အမျိုးသမီးကစပ်စုလိုက်တယ်


" ရှင် xxx ထ(၁) မှာကျောင်းတက်ခဲ့ဖူးလား"


" တက်ခဲ့ဖူးတယ်လေ"


" အာ့ဆိုရင် ဆယ်တန်း

ဘယ်နှစ်ခုနှစ်ကအောင်တာလဲ" 


"1991 ပါ ဘာဖြစ်လို့လဲ "


" ရှင် ကျမအတန်းထဲကပဲ" 


အဲ့အချိန်မှာ ဗိုက်ပူထိပ်ပြောင်

ပါးရေနားရေတွန့်နေတဲ့ ဆရာဝန်က

ဒီအမျိုးသမီးကို သေသေချာချာ 

စူးစိုက်ကြည့်ပြီး ပြန်မေးလိုက်တယ်


"ဆရာမက ဘယ်ဘာသာ သင်တာလဲ"


😁😄😃

credit#

#တာဇဲ

😁😁


(မှတ်ပ့လားးးးးး😁😁)

Comments

Popular posts from this blog

ချောတယ်လို့