ဖခင်ဖြစ်သူက
သူ့ရဲ့တတိယမြောက်မိန်းမကို ခိုးပြီး
သားရဲ့အိမ်ပေါ်ခေါ်တင်လာလေသည်။
-
-
-
မိခင်အရင်းကလဲဆုံးပြီ ၊
ပထမ မိထွေးကလည်းမရှိတော့ ၊
-
ယခု ဒုတိယမိထွေးကလည်း
အိမ်ပါလာသေးသဖြင့် သားဖြစ်သူ
ဒေါပွလေသည် ။
-
ဖခင်ကို အိမ်နောက်ဖေးသို့
တိတ်တခိုးခေါ်ကာ ပြော၏
-
"အဖေကလဲဗျာ အမေဆုံးတာက
သုံးနှစ်ကျော်ပဲရှိသေးတယ် အဖေက
နောက်မိန်းမ နှစ်ယောက်ဖြစ်နေပြီ
အဖေမရှက်ပေမယ့် သားရှက်တယ်ဗျ "
-
"ဒါ ရှက်စရာမဟုတ်ဘူးလေ သားရာ "
-
"ရှက်တာပေါ့ ...
အမေဆုံးခါနီးတော့ အဖေ နောက်မိန်းမ
မယူပါဘူးလို့ပြောခဲ့တယ်လေ
အဖေ ကတိမတည်ဘူး "
-
"ငါအခု မိန်းမတွေထပ်ယူနေတယ်ဆိုတာလဲ
မင်းအမေ ကြောင့်ပဲကွ "
-
"ဘာဆိုင်လဲ အဖေရဲ့ "
-
"မင်းအမေဆုံးခါနီးတော့
ငါ့ကိုပြောသွားတယ်လေ
-
ကျွန်မသေလို့ နောက်မိန်းမယူရင်
ရှင့်ဆီကိုချက်ချင်းပြန်လာမှာတဲ့
-
ငါ့မိန်းမကိုလွမ်းတဲ့အလွမ်းတွေ .........
ငါ လွမ်းတာ မင်းမှ မသိတာ
crd. ချစ်တတ်သူကြိးပါ
Comments
Post a Comment