' ညီလေးပန်းကုံးက ခုံပြတ်ဆိုဘယ်လောက်လဲ '


' လေးသိန်းခွဲလောက်ရှိမယ်အကို '

ဘေးက ဝိတ်တာလေးက လက်ကလေးနှစ်ဖက်နောက်ပစ်ပီး ချက်ချင်းဖြေသည်။


' သူ့ကို ခုံပြတ်ချလိုက်ကွာ ' 


' ခုဆိုနေတဲ့ ကောင်မလေးကိုလား ဆရာ '


ကျနော်က ခေါင်းငြိမ့်ပီး ငါးသိန်းတစ်အုပ်ပစ်ပေးလိုက်သည်။


' ပိုတဲ့ ငါးသောင်း မင်းတို့ဝိတ်တာတွေခွဲယူလိုက် '


ဝိတ်တာလေးက ဝမ်းသာအားရနဲ့ပြေးထွက်သွားသည်။ဝီစကီတခွက်ကိုငှဲ့ပီး အဝေးကြီးကိုငေးကြည့်နေလိုက်သည်။၅မိနစ်လောက်ကြာတော့ ' ဟိတ် ' ဆိုတဲ့အသံနဲ့အတူ စင်ပေါ်ကခပ်ချောချောကောင်မလေးရောက်လာသည်။


' သမီးကို ခုံပြတ်ပေးတယ်ဆို ကျေးဇူးတင်တဲ့အကြောင်းလာပြောတာ '


ကျနော်က ရှားလော့ဟုမ်းလို မျက်လုံးလေးဝေ့ကြည့်ပီး စီးကရက်တလိပ်ကို နှုတ်ခမ်းဖျားမှာတေ့လိုက်သည်။


သူမက အလိုက်တသိ မီးညှိပေးသည်။ပီးမှဝင်ထိုင်ရင်း


' ကဲ ပြော ဦးကို သမီးဘာပြန်လုပ်ပေးရမလဲ သမီးနဲ့ဒိတ်ချင်တာလား '


ကျနော်က အကောင်းစားပျက်လုံးတခုကြားသလို တဟားဟားရယ်လိုက်သည်။သူမက မျက်လုံးလေးဝင့်ပီး ကျနော့်ကို ငေးကြည့်နေသည်။


' တခုပဲလုပ်ပေး '


' ဟုတ် ဘာလုပ်ပေးရမလဲ ဦးလိုချင်တာပြောလေ '


' ဦးက အရမ်းကြည့်ကောင်းတာပဲ လို့ပြော '


' ရှင် '


သူမက တအံ့တဩဖြစ်သွားသည်။


' ဟုတ်တယ် ဦးကို အရမ်းကြည့်ကောင်းတာပဲလို့ပြော အဲ့ဒါဆိုရပီ ကျန်တာမလိုဘူး '


' ဟယ် ဦးရယ် အဲ့ဒါများပိုက်ဆံတွေအကုန်ခံလို့ သမီးကိုဒီတိုင်းပြောခိုင်းလဲရပါတယ် ဦးကကြည့်ကောင်းပီးသားကို '


သူမက နှုတ်ခမ်းလေးစူပီးပြန်ပြောသည်။


' တခါတလေ ပိုက်ဆံတွေက ဘယ်လိုသုံးလို့သုံးရမှန်းမသိဘူး ' 


ကျနော်ပြောပီး တဟားဟားရယ်လိုက်သည်။


ပီးမှ ကားသော့ကိုယူပီး ထ,ထွက်လာခဲ့လိုက်သည်။ချာတိတ်မလေးက အံ့ဩခြင်း ဝမ်းသာခြင်း စိတ်လှုပ်ရှားခြင်းများနဲ့အတူကျန်ခဲ့သည်။


' ဦး ဦးက အရမ်းကြည့်ကောင်းတာပဲ နောက်ရက်လည်းလာနော်'


သူမက ချစ်စဖွယ်အသံလေးနဲ့ လှမ်းအော်ပြောသည်။

ကျနော်က ဟောင်ကောင်မင်းသားချောင်ယွင်ဖတ်လို နောက်ပြန်မကြည့်ပဲ လက်ကာပြကာ ဆိုင်ထဲမှထွက်လာလိုက်သည်။


ထို့နောက်......


အိပ်မက်က ..... လန့်နိုးလာလေတော့သတည်း.... 


😁😁


#crd

Comments

Popular posts from this blog

ချောတယ်လို့