ကြိုတင်..


အကြောင်းကြားထားခြင်းမရှိပဲ

စာသင်ကျောင်းတစ်ကျောင်းသို့

စစ်ဆေးရေးဆရာ ဆရာမများ ရောက်ရှိလာကြသည်။


စာသင်ခန်းသို့၀င်၀င်ချင်း စစ်ဆေးရေးဆရာမဖြစ်သူမှ

ရှေ့ဆုံးတန်းမှကောင်လေးကို စတင် မေးလိုက်သည်။


" ကနောင်မင်းသားကို ဘယ်သူသတ်တာလဲ "


ကျောင်းသားဖြစ်သူက...


" ကျနော်မသတ်ပါဘူးဆရာမ "


ဆရာမဒေါသထွက်သွားသည် ။


" ကနောင်မင်းသားကို ဘယ်သူသတ်တာလဲ " ဟု...


ခပ်ကျယ်ကျယ်လေး တစ်တန်းလုံးကို အော်မေးလိုက်သည်။


တစ်တန်းလုံးက ကလေးများက တညီတညာထဲပင်...


" ကျနော်တို့မသတ်ပါဘူး " ဆရာမ တဲ့...


နောက်က ကျောင်းအုပ်ဆရာကြီးမှာ

မျက်စိ မျက်နှာပျက်နှင့် ၀င်ပြောလိုက်သည် ။


" ဟုတ်ပါတယ်ဆရာမရယ် ဒီကလေးက ရိုးသားပါတယ်

သူ မသတ်လောက်ပါဘူး "


စစ်ဆေးရေး ဆရာမမှာ

ကျောင်းအုပ်ကြီး အပြောကြောင့် ပိုဒေါသထွက်သွားကာ

ချက်ချင်းပင် အခန်းထဲမှာလှည့်ထွက်၍ တိုင်စာရေးပြီး

မြို့နယ်ပညာရေးမှူးထံသို့ပို့လိုက်လေသည်။


သုံးရက်လောက်ကြာသောအခါ ...


ပညာရေးမှူးထံမှ စာကျလာသည်မှာ

ကနောင်မင်းသား သေသွားသည်မှာ

ကြာပြီဖြစ်သဖြင့် မစုံစမ်းပါနှင့်...တဲ့...


ဆရာမ တောက်ခေါက်ကာ ဘယ်လိုပညာရေးမှူးလဲ ဆိုကာ 

မကျေနပ်၍ ပညာရေး၀န်ကြီးထံ တိုင်စာထပ်ပို့လေသည်။


လေးရက်လောက်ကြာသော်... 

ဆရာမကို ရာထူးက ရပ်နားသောစာရောက်လာသည်။


ဆရာမမှာ အူကြောင်ကြောင်ဖြစ်ပြီး 

ပညာရေးမှူးကို အကျိုးအ‌ကြောင်း လှမ်းမေးလိုက်သည်။


ပညာရေးမှူးက ...


" အထက်က စာရောက်လာတယ် ဆရာမ 

ဆရာမက... ဆရာမအလုပ်... ဆရာမ မလုပ်ဘဲ

ထောက်လှမ်းရေးလုပ်နေလို့ရာထူးကရပ်ဆိုင်းတာပါ "😂😂


#Credit

Comments

Popular posts from this blog

ချောတယ်လို့