" မမှတ်မိတော့လို့ပါ "
********************
အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဟာ နှလုံးရောဂါနဲ့ ဆေးရုံကို ရောက်လာခဲ့ပါတယ် ။
သူမဟာ သေမတတ်ဝေဒနာကို ခံစားရပြီး အရေးပေါ်ခွဲစိတ်ခန်း၀င်လိုက်ရတယ် ။
သေခြင်းတရားနဲ့ အနီးကပ်ဆုံးရင်ဆိုင်လိုက်ရတယ် ။
နှလုံးခွဲစိတ်စဉ်မှာပဲ သူမရဲ့ ဝိညာဉ်က လွင့်မြောသွားပြီး ဘုရားသခင်နဲ့ တွေ့တယ်။
သူမက ဘုရားသခင်ကို မေးခဲ့တယ် ။
"ကျမ ကောင်းကင်ဘုံကိုပြန်ရတော့မှာလား" (သေရတော့မှာလားလို့)ပေါ့
"မပြန်ရသေးဘူး ။မင်းဟာ လူ့ပြည်မှာ နောက်ထပ် နှစ်သုံးဆယ်နှစ်လနဲ့ ရှစ်ရက်နေဦးမယ် "
သိပ်မကြာခင်မှာ အမျိုးသမီးက ခွဲစိတ်မှုအောင်မြင်ပြီး ကျန်းမာရေးကောင်းလာတယ်။
သူမ လူ့ပြည်မှာ အကြာကြီးနေရဦးမယ်ဆိုတဲ့အတွေးနဲ့
သူမဟာ လှလှပပနေဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် မျက်နှာကို အဲ့ဒီဆေးရုံမှာပဲ --
V-shape ပြင်လိုက်တယ်။
ခန္ဓာကိုယ်ပေါ်က အဆီပိုတွေလှီးထုတ် ။ ဆံပင်အရောင်တောင် ဆံကေသာပညာရှင်တွေခေါ်ပြီး ပြောင်းလိုက်တယ် ။
သူမဟာ အရမ်းကို လှပသွားပြီး နောက်ဆုံးခွဲစိတ်မှုလုပ်ပြီး ဆေးရုံကနေ ဆင်းခဲ့လိုက်တယ် ။
အဲ့ဒီနေ့မှာပဲ သူမရဲ့ အိမ်အပြန်လမ်းမှာ ကားတိုက်ခံရပြီး ချက်ချင်းသေဆုံးသွားခဲ့တယ်။
သူမ သေဆုံးပြီး ဘုရားသခင်နဲ့တွေ့တဲ့အခါ ရန်တွေ့တယ် ။
"ဘုရားသခင်ပြောတော့ နောက်ထပ် နှစ်သုံးဆယ်ကျော်နေရဦးမှာဆို!
ဘာလို့ ကားမတိုက်ခင် မကယ်တင်ခဲ့တာလဲ .. "
ဘုရားသခင်က သူမကိုကြည့်ပြီးပြောလိုက်တယ်
"ငါ မင်းကို မမှတ်မိတော့လို့ပါ ... "
" 0ိာန် "
#Credit
Comments
Post a Comment