ကျနော့်သူငယ်ချင်း " မောင်မောင် " က ..
မဂိုလမ်းမှာ ရွှေ ဆိုင်ဖွင့်ထားတယ် .. 
စောဘွားကြီးကုန်းမှာ လည်း 
ဘိလပ်မြေရောင်းတယ် .. 
ဒီကောင်က လူ့ဂွစာ ..
-
-
စကားပြောရင် ဘုဘောက်နဲ့ ပြောတာ
တော်ရုံလူ သူနဲ့ မတည့်ဘူး။
-
ဖြစ်ချင်တော့...
တစ်ရက် ... ကိုယ်တွေပူပြီးဖျားလို့
 ဆေးရုံတင်လိုက်ရတယ်။
-
နဂိုကမှ ပြသနာရှာတဲ့လူ
ဆေးရုံတက်ရတော့ ပိုဆိုးတာပေါ့။
မဲမဲမြင်ရာ ရန်သူထင်ပြီး
မြင်မြင်သမျှ ရစ်တော့တာ။
-
သူရန်စွာသာကို အဆိုးဆုံးခံရတာက 
သူနာပြုဆရာမတွေ။
-
ပူတယ် ပန်ကာဖွင့်ပေး
ပန်ကာလေကများတယ် ပြန်လျှော့ပေး
-
ပြူတင်းပေါက်က နေထိုးတယ် လိုက်ကာ 
ကာပေး .. အီးပါမယ် ... ရှူးပေါက်မယ်
-
ထမင်း က မာတယ်
ဟင်းက မကောင်းဘူး
စုံလို့ ရစ်တာ ရစ်တာ
-
ဆရာမတွေလည်း 
အံကြိတ်ပြီးတော့သာ သည်းခံနေတာ
တကယ်က " မောင်မောင် "ကို 
အရေခွံ ဆုတ်ပစ်ချင်နေတာရယ်။
-
အဲ...
ဒီနေ့တော့ အပူချိန်လာတိုင်းတဲ့ 
ဆရာမကို ရစ်နေချည်ရော...
-
"အပူချိန်က ခဏခဏ တိုင်းနေတော့တာပဲ''
-
"ဒါမှ ရှင် ဖျား မဖျား သိရမှာပေါ့''
-
"နဖူးစမ်းကြည့်လို့ မရဘူးလား''
-
"မရဘူး တိတိကျကျသိရအောင် တိုင်းရမယ်''
-
"ဒစ်ဂျစ်တယ်စက်နဲ့ တိုင်းပေး''
-
"မရှိဘူး ... သာမိုမီတာပဲ ရှိတယ်... 
ကဲ မှောက်လိုက်''
-
"ဟမ်... ဘာလို့ မှောက်ရမှာလဲ''
-
"ဖင်ထဲ သာမိုမီတာထည့်ပြီး တိုင်းရမှာလေ''
-
"ဟာ... ဆရာမ ! 
ပါးစပ်ထဲ ထည့်တိုင်းလို့ မရဘူးလားဗျ''
-
"ရတယ်လေ... ရှင်မရွံတတ်ရင်ပေါ့၊ 
ဒီသာမိုမီတာက သူများတွေ ဖင်ထဲလည်း 
ထိုးတိုင်းထားတာကြီး''
-
"ထွီ... ကဲ တိုင်းဗျာ တိုင်းလှည့်''
-
ဆိုပြီး ကုတင်ပေါ် မှောက်ပေးလိုက်တယ်။
-
ဆရာမကလည်း အခွင့်ရပြီလေ
ဒီလောက်တောင် ရစ်တဲ့လူ 
ပညာပေးအုံးမှ ဆိုပြီး...
-
သူ့ဖင်ထဲကို သာမိုမီတာ မထည့်ဘဲနဲ့ 
ဘေးစားပွဲပေါ်က နှင်းဆီပွင့်ကို ယူ့ပီး
အရိုးဘက်ကနေ ဖင်ထဲ ထိုးထည့်လိုက်တယ်။
-
ပြီးတော့ ပြောတယ်... ...
-
"ကျမ ဟိုဖက်ခန်း ခဏသွားလိုက်အုံးမယ်၊ 
ငြိမ်ငြိမ်နေနော်၊ သာမိုမီတာ ကျိုးပြီး 
ဖင်ထဲကျန်နေလို့ ခွဲထုတ်နေရမယ်''
-
"အေးဘာဗျာ .. ! မြန်မြန်တော့ ပြန်လာနော်''
-
အဲ့မှာ...
ဆရာမက တော်တော်နဲ့ ပြန်မလာဘူး။
-
ဖင်ပြောင်ပြောင်မှာ နှင်းဆီပန်းပွင့်လေး 
ထိုးထိုးထောင်ထောင်နဲ့ သူ့အဖြစ်ကို 
မြင်သူတိုင်းက တဟီးဟီးနဲ့ ရီတာပေါ့။
-
အဲ့အချိန်မှာပဲ...
 သူ့မိန်းမရောက်လာတယ်။
သူ့မိန်းမကလည်း သူ့အဖြစ်ကို မြင်တော့ 
ရီတာပေါ့
-
"အို... " ကိုမောင် " ... ဟီး ဟီး 🤪🤪
-
 " ကိုမောင် " ... ရယ် ဟီး'' 😬
-
"ကောင်မ... အပူချိန်တိုင်းတာ ရီစရာပါလား''
-
"ဟင် ဒါ အပူချိန်တိုင်းတာ?'' 🙄
-
"အေးလေ... နင် မမြင်ဖူးဘူးလား''
-
"အင်း... နှင်းဆီရိုးနဲ့ တိုင်းတာတော့ 
ဒါ ပထမဆုံး မြင်ဖူးတာပဲ'' 😜
--
"ဘာ...''
-
ဆိုပြီး...
သူ့ဖင်သူ လည်ပြန်ကြည့်လိုက်တော့မှ...
-
ဖင်ပေါက်ဝ မှာ ထောင်နေတဲ့
 နှင်းဆီပွင့်လေးကို မြင်တော့တယ်။
-
စိတ်တွေဆိုးပြီး ဆေးရုံက ဆင်းပါမယ် 
လုပ်နေလို့ မနည်းချော့လိုက်ရတာလေ။
-
ဆေးရုံက .. ဆင်းလာပြီးတဲ့နောက် ...
-
ထပ်ရစ်ဖို့ မပြောနဲ့ .. စကားတောင် 
ကျယ်ကျယ် မပြောရဲတော့ဘူး ..
သူ့ခမျာ နောင်ကျဉ်သွားရှာတာ 😡😡
.
.
Credit ; original writer and Up loader

Comments

Popular posts from this blog

ချောတယ်လို့