Intelligent Jokes ( 04)

ကျွန်မတို့ ဆရာမ


တပည့်တို့... မင်းတို့ လိမ္မာကြ ဉာဏ်ကိုအသုံးချကြ ဗဟုသုတရှိအောင် လုပ်ကြပါလို့ ဆရာမတိုက်တွန်းချင်တယ်။


ဆရာမ ဟိုတစ်နေ့က သွား သွားနုတ်တယ်။ ဆရာဝန်က သွားနုတ်ခ လေးထောင်ကျပ် တောင်းတယ်။ သွားနုတ်တာ ဆယ့်ငါးမိနစ်ပဲကြာတာ၊ လေးထောင်ဆိုရင် သိပ်များတယ်လို့ပြောတော့မှ ဆရာဝန်က တစ်နာရီကြာအောင် သွားကိုနုတ်ပေးတယ်။ ကဲ တွေ့တယ်မဟုတ်လား။


ပြီးတော့ လျင်မြန်ဖျတ်လတ်ကြပါ။ ဉာဏ်ကိုသုံးကြပါ။ ဆရာမ အရင်နေခဲ့တဲ့မြို့မှာတုန်းက ဆရာမအိမ် မီးဖိုချောင်မှာ မီးလောင်တယ်။ ဘယ်ရမလဲ၊ ဆရာမ ဉာဏ်ကိုသုံးတာပေါ့။ 


အိမ်ကနေ ချက်ချင်းထွက်ပြီး သစ်တောဌာနရုံးကို သွားလိုက်တယ်။ တောမီးတွေလောင်တဲ့အခါ ဘယ်လိုလုပ်သလဲလို့မေးတော့ မီးသတ်ကို အကြောင်းကြားရတယ်လို့ တာဝန်ရှိသူက ဖြေတယ်။ အဲဒီတော့ ဆရာမ မီးသတ်ကို အကြောင်းကြားလိုက်တာပေါ့။ 


မီးသတ်ရောက်လာတော့ ဆရာမတို့အိမ် ကုန်ပြီ။ မီးငြိမ်းတော့ ဘေးကရပ်ကွက်နှစ်ခုပါ မရှိတော့ဘူး။


သစ်တောဌာနကိုသာ သွားမေးရကောင်းမှန်းမသိရင် ဆရာမတို့မြို့ တစ်မြို့လုံးကုန်မှာ။


ပြီးတော့ သတ္တိလည်းရှိကြပါ။ ဆရာမဆိုရင် ခြင်္သေ့တွေ၊ ကျားတွေ တဝုန်းဝုန်းကြားထဲလည်း သွားတာပဲ။ မြွေတွေ အထွေးထွေးကြားလည်း သွားတာပဲ။ 


ခြင်္သေ့တွေကတော့ လှောင်အိမ်ထဲမှာပေါ့။ မြွေတွေကလည်း မှန်သေတ္တာထဲမှာ။


အေး ပြီးတော့ ဗဟုသုတရှိအောင်လည်းလုပ်ကြ။


ဒီအတန်းထဲမှာ မနေ့ကရောက်လာတဲ့ ကျောင်းသူသစ်ရဲ့ နာမည်က ဓာတုကလျာတဲ့။ ဒီနာမည် ဘယ်လိုရသလဲဆိုတာ မင်းတို့သိကြလား။ သမီးကိုယ်တိုင်ရော ဒီနာမည်ကို မိဘတွေက ဘာကြောင့်မှည့်လဲသိလား။


"ဖေဖေကပြောတော့ တောင်ငူမင်းသမီးရဲ့နာမည်ကို ဂုဏ်ပြုပြီးတော့ ပေးတာတဲ့...”


"အေး... အဲဒါပြောတာပေါ့။ ဗဟုသုတရှိကြပါ ... ဗဟုသုတ ရှိကြပါဆိုတာ။ အမှန်က မင်းရဲ့မိဘတွေက စမှားတာ။ ကလျာ ဝိဇ္ဇာသိပ္ပံဆိုတာ မင်းသမီးမဟုတ်ဘူး၊ စာရေးဆရာ။ ပြီးတော့ ဝိဇ္ဇာရော သိပ္ပံရောဆိုတော့ ဓာတုဗေဒ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပြီးတော့ သူက တောင်ငူကလည်းမဟုတ်ဘူး။ ဆရာမတို့ အိမ်နားတင် နေတာ။ ဖျာပုံက။

ပျော်ရပါစေဗျာ....

Crd.

#ဖိုးလိမ္မော် (ကေဂျေဟာသများ)


via.Soelamin

Comments

Popular posts from this blog

ချောတယ်လို့