*နှုတ်ဆက်နည်း*
အစိုး ၅ တန်းအောင်ပြီး
နွေရာသီ ကျောင်းပိတ်ရက်တွင်
ဘုန်းကြီးကျောင်းမှာ
ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း နဲ့
အင်္ဂလိပ် speaking
သွားတက်ခဲ့ပါတယ်.....
အဲ့အချိန်မှ စ ပြီးတက်ဖူးတာဗျ
ကိုယ်တွေက အငယ်ဆုံးပဲ
ကိုယ့်ထက်ကြီးတဲ့သူတွေ
၇တန်း ၈တန်း
အရွယ်တွေလည်း ပါတယ်
ပထမဆုံးက အင်္ဂလိပ်စာချိန်....
ဆရာကြီးက ဝင်လာရောပေါ့
Sir - "All stand
Good morning class"
Student - "Good morning teacher"
Sir - "OK , How are you?
Student - "Fine , thank you and you?"
Sir - "Fine, please sit down."
Student - "Thank you teacher."
အလဲ့ ဟုတ်နေတာပေါ့
ဒီလောက်က အပျော့
နေ့တိုင်း ကျောင်းမှာ
နှုတ်ဆက်နေကျ စကား
အေးဆေး...
အဲ...ဆရာလည်း
Grammar တွေဘာတွေ
သင်ပြီး ထွက်သွားတော့
ဘုန်းဘုန်းတစ်ပါး
ဝင်လာပါလေရော..
ဘုန်းဘုန်းကို မြင်တာနဲ့
သိလိုက်ပြီ
ဘုရားစာ
သင်တော့မယ် ဆိုတာ...
အဲ့ဒီ ဘုန်းဘုန်းက
အရိုက်ကြမ်းတယ်လို့
တချို့က ပြောကြတယ်.....
ဟုတ်လောက်တယ်ဗျ...
လက်ထဲမှာ
ကြိမ်လုံးကြီးကိုင်လာတာ
နည်းတာကြီး မဟုတ်ဘူး
အဲ...ဖြစ်ချင်တော့
ကိုယ်က အရှေ့ဆုံးအတန်းမှာ
ကိုယ်လည်း
ကြောက်ကြောက်လန့်လန့်နဲ့
တစ်ယောက်တည်း
ထ အော်ပြီး
နှုတ်ဆက်လိုက်ပါတယ်.....
"မင်္ဂလာပါ...ဘုန်းကြီး"
အဲ....တစ်ခန်းလုံး
ဝိုင်းရယ်ကြရော
ဘုန်းဘုန်းလည်း
ရယ်ရမလို စိတ်ဆိုးရမလိုနဲ့
ပြီးမှ....
"ကဲ...ဘုန်းဘုန်းတို့ကို
နှုတ်ဆက်မယ်ဆိုရင်
*မင်္ဂလာပါ အရှင်ဘုရား*
လို့ နှုတ်ဆက်ရတယ်"
ဆိုပြီး သင်ပေးခဲ့တာ.....
အဲ့တော့မှ ပဲ သိတယ်😁
Crd
#SOE
Comments
Post a Comment