ရွံလွန်းလို့
🍊🍊🍊🍊🍊
ထမင်းဆိုင် တဆိုင်ကို
လူတယောက် ဝင်လာပြီး ထမင်း မှာစားတယ်
” ကြက်သားနဲ့ တပွဲ ပေး ညီလေး “
” ဟုတ်ကဲ့ အစ်ကို “
ခဏကြာတော့
စားပွဲထိုးလေးက ကြက်သားဟင်းနဲ့ ထမင်း လာ ချတယ်
စားသုံးသူက
စားဖို့ ဟန်ပြင်ပြီး ကြက်သားဟင်းကို ခပ်လိုက်တော့
” ဟင် “
” ညီလေး ခဏ “
” ဟုတ် လာပြီ အစ်ကို – ဘာ အလိုရှိလဲ မသိဘူး “
ထိုအခါ
စားသုံးသူက
ဟင်းထဲက အရာတစ်ခုကို ခပ်ပြ လိုက်ပြီး
” ဒါ ဘာကြီးလဲကွ “
စားပွဲထိုးလေးက
စားသုံးသူ ခပ်ပြတဲ့ အရာကို ကြည့်လိုက်ပြီး
” ဪ အဲ့ဒါက ကျတော်တို့ ဆိုင်ရဲ့ အကောင်းဆုံး အစားအစာ
ကြက်လျှာ ပါအစ်ကို
စားသုံးသူတွေကို ကျေးဇူးပြုတဲ့ အနေနဲ့ တမင် ထည့်ပေးထား တာပါ “
” ဘာ ! — ကြက်လျှာ ဟုတ်လား ! “
” ဟုတ်ပါတယ် အစ်ကို “
” အော့ — ထွီ — ရွံ ထှာကွာ – ကြက် ပါးစပ်ထဲက ဟာကြီး “
” ခင်ဗျာ “
” သွားသွား ဟျောင့်
အဲ့ဒါကို အခု ပြန်လဲပေး
ငါ ရွံတယ် “
စားသုံးသူ အပြောကြောင့်
စားပွဲထိုးလေးက ခေါင်းကုတ်ပြိ်း
” ဟုတ် ဟုတ်ကဲ့ပါ အစ်ကို
ဒါနဲ့ ဘာနဲ့ လဲပေးရ မလဲ ခင်ဗျာ “
ဤအခါ
စားသုံးသူ ပြန်ပြောလိုက် တာက
” ဖင်စီဖူး နဲ့ လဲပေး “
” ဂျာ “
😂😂😂
Crd
လူချွန်တော်
Credit
Comments
Post a Comment