စက်ရုံကို မန်နေဂျာအသစ် ရောက်လာတယ်။


စိတ်မြန်ကိုယ်မြန် ရှိပြီး စည်ကမ်းကြီးတဲ့ မန်နေဂျာလို့ လူသိများတယ်။


တစ်နေ့ တော့

အဲဒီ မန်နေဂျာဟာ စက်ရုံထဲက ဌာနတွေကို တစ်ခုပြီး တစ်ခု လှည့်လည်ကြည့်ရှုစစ်ဆေးနေတယ်။


ထုပ်ပိုးဌာန ...

ထုတ်လုပ်ရေးဌာန ...

ဈေးကွက်ဌာန ...


အဲ ... ကံဆိုးချင်တော့ လုပ်သားနားနေခန်းထောင့်နားမှာ ငုတ်တုတ်ကြီး အိပ်ငိုက်နေတဲ့ လူတစ်ယောက်ကို မိပါလေရော။ ဘာပြောကောင်းမလဲ၊ မန်နေဂျာ ကိုဒေါသ ယမ်းပုံးမီးကျပေါ့။


အိပ်ငိုက်နေတဲ့ လူကို သူကိုယ်တိုင် သွားနှိုးတယ်။


" ဟေ့ကောင် ဟေ့ကောင်၊ ထစမ်း အခု"

"ဗျာ..အင်း...အဲ"


"အောင်မာ အလုပ်ချိန်ကြီး အိပ်နေတယ်၊ ငါလုပ်လိုက်ရ နာတော့မယ်"

"မဟုတ် ... မဟုတ်ဘူး ဆရာ၊ ကျနော် ရှင်းပြ.. ပြ"


"ဘာမှ ရှင်းပြမနေနဲ့ ငါကိုယ်တိုင် မြင်တာ မင်းလစာ ဘယ်လောက်ရလဲ ပြောစမ်း"


"သုံးသောင်းပါ"


"ရော့ ... ဒီမှာ သုံးလစာ၊ ဒီနေ့ကစပြီး ဒီစက်ရုံကို မင်း လာစရာ မလိုတော့ဘူး၊ ကြားလား ဟေ့ကောင်"


သနားစရာပါ ဗျာ "ဟုတ်ကဲ့...ဟုတ် ကဲ့" ဆိုပြီး

ဟိုလူလည်း ငွေ ကိုးသောင်းကိုင်လို့ ထွက်သွားရှာတယ်။


ဒေါသမပြေသေးတဲ့ မန်နေဂျာက သူ့ကို ဝိုင်းကြည့်နေတဲ့ 

ဝန်ထမ်းတွေကို ဆက်ပြီး ကြိမ်းမောင်းနေတယ်...


"ကျန်တဲ့ ဝန်ထမ်းတွေလည်း သတိထား၊ ဒါနမူနာဘဲမှတ်"


ရှုးရှုးရှဲရှဲနဲ့ ထွက်သွားမယ် လုပ်ပြီးမှ သတိရလို့ ပြန်မေးတယ်။


"ဒါနဲ့... အဲဒီကောင်က ဘယ်ဌာနကတုန်း"


ဝန်ထမ်းတယောက်က ဝင်ဖြေတယ်။


"ဘယ်ဌာနကမှ မဟုတ်ဘူး၊ စမူဆာ လာပို့တဲ့ ကောင်"


မှတ်စု

Crd.


#Crd

Comments

Popular posts from this blog

ချောတယ်လို့