အုန်းသီးနဲ့ ဘုန်းကြီး
==============
တစ်နေ့ ဦးဇင်းတစ်ပါးထံ
ဆရာမ အပျိုကြီး နှစ်ယောက်
အလည်ရောက်လာ ကြလေသည်။
ဦးဇင်းက မုန့်ပဲ သရေစာ လေးများဖြင့်
ဧည့်ခံ ကျွေးမွေးသော်လည်း
အပျိုကြီး ဆရာမ များက မစားရဲပဲ ရှက်နေကြလေသည်။
( ဦးဇင်း ) "ဆရာမတို့ စားစား...
ဦးဇင်း ကတော့ ကိုယ့်ဆောင်ပုဒ်နဲ့ ကိုယ်နေတာ"
( ဆရာမ ) "အရှင်ဘုရားက ဘာဆောင်ပုဒ်နဲ့
နေတာလဲ ဘုရား.."
( ဦးဇင်း ) "ဦးဇင်းက ကျွေးရင်လည်း စားမှ
ပေးရင်လည်း ယူမှ
အလှုခံရင်လည်း လှုမှ ကြိုက်တာဗျ .."
( ဆရာမ ) "ဦးဇင်း ဆောင်ပုဒ်လည်း မဆိုးပါဘူး ဘုရား။
တပည့်တော်တို့ ဆရာမ တွေလည်း
ဆောင်ပုဒ်နဲ့ နေတာဘုရာ့.."
( ဦးဇင်း ) "ဆရာမ တို့ဆောင်ပုဒ် လုပ်ပါဦး.."
( ဆရာမ ) "အုန်းသီး များလည်း မစားနဲ့
ဘုန်းကြီး နားလည်း မသွားနဲ့ ပါဘုရား.."
( ဦးဇင်း ) "အမ်..ဘာဆိုင် ဆရာမ ကလည်း "
( ဆရာမ ) "လာမယ်လေး ဘုရာ့..
အုန်းသီး များစားက အပူကန် တတ်တယ်..
ဘုန်းကြီး နားသွားက အလှုခံ တတ်တယ်.."
( ဦးဇင်း ) "တိန်. ."
.
.😜😜😜
အရှင်ဇဝန ( မားဒူ သာသနာပြုဌာန )
ချင်းပြည်။ မတူပီ။
#Credit. ရယ်မောခြင်းဖြစ် ပျော်ရွှင်ကြပါစေ။
Comments
Post a Comment