. နားထောင်လွန်းသူ
"ဟဲ့ . .ရှင်လှနွယ် မနက်စောစောစီးစီး
မျက်နှာလဲမကောင်းပါလား ! ဘယ်လိုဖြစ်လာသာလဲ"
"အိမ်ပေါ်ကဆင်းလာသာ အမေရေ၊ ကျမစကားနားထောင်လွန်းတဲ့ အမေ့ သမက်ကို မပေါင်းနိုင်လို့
ဆင်းလာသာ"
"ညည်းအေ . .ကိုယ့်စကားနားထောင်တယ်လည်းပြောသေး၊
ပြီးတော့ ညည်းကပဲမပေါင်းနိုင်ဘူး ဆိုတော့ အံ့ပါ့အေ၊ မောင်မျူ ိး က လူရိုးလေးပါဟဲ့ . .ဘိုဖြစ်ကြသာတုန်း "
"ဒီလိုအမေရေ . .သာမီးက အိမ်မှုကိစ္စ
နိုင်နင်းတာလိုချင် အိမ်ဖော်
ကို ယူပေါ့လို့ ပြောမိပါတယ် . .အေးပါ . .အေးပါ တဲ့"
"ဟဲ့ . .ဒါစိတ်ဆိုးစရာလား"
"မကသေးဘူးအမေရဲ့ . .သာမီးက မြန်မာဆန်ဆန်၀တ်တာစားတာလိုချင်ရင် အသက်ကြီးကြီးမိန်းမရွေးယူလို့ ပြောတော့လဲ . .အေးပါ
. .အေးပါပဲ"
"ဟဲ့ . .ဒါစိတ်ဆိုးစရာလား"
"မကသေးဘူးအမေရဲ့ . .သာမီးက
ကိုယ်လုံးကိုယ်ပေါက် လှတာလိုချင်ရင် မယ် ကိုယူပေါ့ ပြောမိပါတယ် . .ဒါလဲ အေးပါ . .အေးပါနဲ့ "
"ဟဲ့ . .ဒါစိတ်ဆိုးစရာလား"
"မကသေးဘူအမေရဲ့ . .သာမီးက သာမီးလိုထုံထုံအအ မလိုချင်ရင် ထက်မြက်တဲ့ မိန်းမရွေးယူပြောတော့လဲ . .အေးပါ . .အေးပါပဲ"
"ဟဲ့ . .ဒါစိတ်ဆိုးစရာလား"
"မကသေးဘူအမေရဲ့ သာမီးက ဗြစ်တောက်ဗြစ်တောက်ပြောလွန်းတယ်ဆိုလို့ မကြားချင်ရင် ရှင် အအ ကိုယူပေါ့လို့ ပြောတော့လဲ
အေးပါ . .အေးပါနဲ့"
"ညည်းနှယ်အေ . . ဘာမှပြန်မပြောတဲ့ ကျုပ်သမက်လူအေးလေး
ကို ညည်းမို့ မပေါင်းနိုင်ဘူးဆိုတော့ . ."
"အမေ ဘာနားလည်လို့လဲ . . ခု သူယူလာတဲ့ မိန်းမ ၅ယောက်နဲ့တော့
ဘယ်နည်းနဲ့မှသာမီးမပေါင်းနိုင်ဘူး . ."
"Cှယ် . .ဘိုလို . .ဘိုလို . ."
ချချ
:P
:P
KZO
Crd
Ko Ko Lin
Comments
Post a Comment