အပျို ကြီးဂိုဏ်းရဲ့ ..အနုပညာ ...!!
~~~~~~~~~~~~~~~~~~~~
တစ်ခါက...
'အပျိုကြီးဂိုဏ်း' ဆိုတာ ရှိသတဲ့။
ဂိုဏ်းဝင်အပျိုကြီးတွေဟာ 'ယောင်္ကျား
တွေနဲ့ လုံးဝ မပတ်သက်ရဘူး'... လို့
တင်းကြပ်တဲ့ စည်းကမ်းချထားတယ်။
တကယ်လို့...ပတ်သက်မိရင် အသင်း
ဂိုဏ်းချုပ် ဆရာမကြီးရှေ့မှောက်မှာ ..
ဝန်ခံကတိပြုရပြီး မဟာရေစင်နဲ့ ဆေး
ကြော သန့်စင်ရသတဲ့။
တစ်ရက်မှာတော့ ..ဂိုဏ်းချုပ်ကြီးရှေ့ကို
အပြစ်ဝန်ခံကတိပြုချင်တဲ့ ...အပျိုကြီး ၄
ယောက် ရောက်လာတယ်။
ပထမတစ်ယောက်က.....
"ကျမလေ... ယောင်္ကျားတစ်ယောက်ကို
အမှတ်မထင် စေ့စေ့ကြည့်လိုက်မိပါတယ်
ဂိုဏ်းချုပ်ကြီးရှင့်''
ဆိုတော့..ဂိုဏ်းချုပ်ကြီးက အမိန့်ချတယ်..
"ဒီရေစင်ခွက်ထဲမှာ ..နင့်မျက်လုံးတွေကို
သေချာဆေးကြောပစ်စမ်း''
ဒုတိယတစ်ယောက်က ....
"ကျမလေ... ကျမရဲ့လက်နဲ့ ယောင်္ကျား
တစ်ယောက်လက်ကို ကိုင်မိလိုက်တယ်
ဂိုဏ်းချုပ်ကြီး ရှင့်''
ဂိုဏ်းချုပ်ကြီးက အမိန့်ချတယ်... ...
"ရေစင်ခွက်ထဲမှာ ...နင့်လက်တွေကို
ဆေးကြောပစ်လိုက်"
အဲဒီအချိန်မှာပဲ နောက်မှာတန်းစီနေတဲ့
မိန်းမနှစ်ယောက်ဟာ ...စကားထ,များ
ကြရောတဲ့။
ဂိုဏ်းချုပ်ကြီးက ခေါ်မေးတယ်...
"ဘာလို့ ...ရန်ဖြစ်ကြတာလဲ ဟဲ့''
တတိယတစ်ယောက်က ဖြေတယ်...
"ဒီကောင်မက ...အလှည့်ကျော်ဖို့ ကြိုး
စားနေလို့ပါ ဂိုဏ်းချုပ်ကြီး''
ဒါနဲ့..ဂိုဏ်းချုပ်ကြီးက စတုတ္ထတစ်ယောက်
ကို မေးလိုက်တယ်...
"ညည်းက...ဘာလို့ အလှည့်ကျော်ချင်နေ
ရတာလဲ''
စတုတ္ထအပျိုကြီးက ဖြေလိုက်တာက..
"အိုး...သူ့ဖင်ကိုဆေးထားတဲ့ ရေတွေနဲ့
တော့ ..ကျမ အာလုတ်မကျင်းနိုင်ပါဘူး''
( ကဲ ..တတိယအပျိုကြီးကျူးလွန်ခဲ့တဲ့
အပြစ်နဲ့ ..စတုတ္ထအပျိုကြီးကျုးလွန်ခဲ့တဲ့
အပြစ်တွေ ..ကိုယ့်ဘာသာတွေး :) :) )
Crd#
Comments
Post a Comment