တခါ တုန်းက တိုင်းပြည်တပြည်မှာ
ဘုရင်ကြီးက အမတ်ကြီးကို မေးတယ်
" အမတ်ကြီး မိန်းမကြောက်တဲ့
သူတွေဟာ ဘာနဲ့ တူသလဲ "
အမတ်ကြီးကလည်း ပြန်ဖြေတယ် ။
" မိန်းမကြောက်တဲ့သူတွေဟာ
လူစွမ်းလူစ မရှိတဲ့သူတွေပါ "
ဘုရင်ကြီးလည်းအမတ်ကြီးအဖြေကို
သဘောကျလို့ လိုရာဆုတောင်းစေပေါ့
" မှန်လှပါဘုရား.. .
မိန်းမကြောက်တဲ့သူတွေဆီကနေပြီး
ကြက်တကောင်အခွန် ကောက်ခွင့်
ပေးပါ " လို့တောင်းသတဲ့
ဘုရင်ကလဲ ကောက်စေပေါ့ ..
ဒါနဲ့ အမတ်ကြီးလဲ တိုင်းပြည်ထဲ
ပတ်ပြီး ကောက်တော့တာပေါ့ . ..
နေမွန်းမတည့်မီ အမတ်ကြီး
ပြန်ရောက်လာတယ် ။
သူ့ နောက်မှာ
ကြက်ခြင်း တွေအများကြီးပဲ ...
ဘုရင်ပြောတာပေါ့
" ငါ့ရဲ့တိုင်းပြည်ထဲမှာ မိန်းမကြောက်တဲ့
လူတွေများနေတာ မကောင်းဘူးကွ "
အမတ်ကြီးက
"ဒါတောင် မကုန်သေးပါဘူး
ဘုရင်ကြီး "
ခုကျွန်တော်မျိုးပြန်လာတာက
ဆော်အလန်းလေးတပွေ တွေ့ခဲ့လို့
ဘုရင်ကြီး တော်ကောက်လို့ ရအောင်
လာပြောတာပါဘုရား. ..."
" ဟာ အမတ်ကြီးတိုးတိုးပြောပါဟ !
နင့်မေလခွားတဲမှပဲ မိဖုရားကြီးကြား
သွားလိမ့်မယ်.. .... .."
ဒီတော့အမတ်ကြီးကပြုံးပြုံးကြီး
ပြောတာပေါ့
အမတ်ကြီး ပြောတာက
" လာထားကြက်တကောင် " တဲ့
" Vာ- -Vာ "
:-)
:p
#Credit ;PK
copy from U Min Htike
Comments
Post a Comment