သာလိကာ

=======

တစ်ခါက...

လူတစ်ယောက်ဟာ စကားတတ်တဲ့ သာလိကာတစ်ကောင် ဝယ်လာသတဲ့။


အဲ့ဒီသာလိကာဟာ...

သူ့အိမ်ရှေ့က မနက်တိုင်းဖြတ်သွားတဲ့ မိန်းမကြီးတစ်ယောက်ကို မြင်တိုင်း... ...


"ဆိုးလိုက်တဲ့ ရုပ်ကြီးနှယ်၊ ဆိုးလိုက်တဲ့ ရုပ်ကြီးနှယ်'' လို့ အော်သတဲ့။


အစပိုင်းတော့ ဟိုမိန်းမကြီးက သူ့အော်နေမှန်း မသိဘူး။

ရက်ကြာလာတော့မှ သူ့အော်နေမှန်း သတိထားမိတာ။


စိတ်ဆိုးတာပေါ့...

မိန်းမဆိုတဲ့အမျိုးက ရုပ်ဘယ်လောက်ဆိုးဆိုး သူတို့ကို လှတယ်ပြောမှ ကြိုက်တာ။


စိတ်ဆိုးမာန်းဆိုးနဲ့ အိမ်ရှင်ကို ဝင်တိုင်သတဲ့... ...


"နင့် စောင်သာလိကာကို ဆုံးမထား၊ ငါ့ကို ရုပ်ဆိုးသလေး ဘာလေးနဲ့၊ နောက်တစ်ခါ ထပ်အော်ကြည့်... ပိုင်ရှင်ကိုပါ အသရေဖျက်မှုနဲ့ တရားစွဲမယ်''


ဒါနဲ့...

ပိုင်ရှင်ကလည်း သူ့ငှက်ကို ရိုက်နက်ပြီး ဆုံးမရတာပေါ့။

နောက်ရက် အော်ရဲအော်ကြည့်၊ အမွှေးနှုတ်ပြီး ကြော်စားပစ်မယ် ဘာညာဆိုတော့ ငှက်လည်း လန့်သွားတယ်။


ဒီလိုနဲ့...

နောက်ရက်ကျတော့ ထုံးစံအတိုင်း ဟိုမိန်းမကြီးက အိမ်ရှေ့ကဖြတ်ပြန်တယ်။

သာလိကာကို လှည့်ကြည့်လှည့်ကြည့်နဲ့ အသွား သာလိကာက လှမ်းအော်တယ်... ...


"ကိုယ့်ဟာကိုယ်သိ ဟင်း ဟင်း ဟင်း''

"ကိုယ့်ဟာကိုယ်သိ ဟင်း ဟင်း ဟင်း''... တဲ့။


crd #သန် ၄ ကို

# တာဇဲ

😁😁

Comments

Popular posts from this blog

ချောတယ်လို့