#လျှော့မတွက်နဲ့
ရန်ကုန်အခြေစိုက် T4K အိုင်တီကုမ္မဏီအတွက်...
ကွန်ပြူတာနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ရာထူးခန့်ထားရန် အင်တာဗျူး ခေါ်လျက် ရှိပါတယ်။
သူဌေးအခန်းထဲကို ရုံးစာရေးလေး ဝင်လာပြီး ပြောတယ်... ...
"ဆရာ... အပြင်မှာ အညာသားတစ်ယောက် ရောက်နေတယ်''
"ဘာကိစ်စလဲ ဒီအညာသားက''
"ကွန်ပြူတာပညာရှင် ရာထူး လာလျှောက်တာတဲ့''
"အေး... ဗျူးကြည့်တာပေါ့၊ အခန်းထဲ လွှတ်လိုက်ကွာ''
အညာသားဆိုသူ ဝင်လာတယ်။
"ထိုင်ပါ မောင်ရင်''
"ဟုတ်ကဲ့''
"ကွန်ပြူတာနဲ့ ပတ်သက်လို့ ကျွမ်းကျင်လား''
"ဟုတ် ကျွမ်းကျင်ပါတယ်''
"မောင်ရင့်မှာ Email ရှိရင် ပြောစမ်းပါ''
"anyarthar@gmail.com ပါ''
"ပတ်စ်ဝဒ် ပြော''
"12345678''
"မင်းက ငတုံးပဲ၊ အလုပ်လေးတစ်ခု ရဖို့အတွက် ကိုယ့်ရဲ့ လျှို့ဝှက်အပ်သော ကိုယ်ရေးကိုယ်တာတွေကို ပြောပြတယ်၊ မင်းသာ ဒီကုမ္မဏီမှာ အလုပ်လုပ်ရင် ကုမ္မဏီရဲ့ လျှို့ဝှက်ချက်တွေ သူများဆီ မပေါက်ကြားပါဘူးလို့ ဘယ်လို ယုံကြည်ရမလဲ... ကဲ''
"ဆရာက ကျနော့်အကောင့်ထဲ ဝင်လို့ရမယ် ထင်နေတာလား''
"ဘာလို့ မရရမှာလဲကွ၊ ပတ်စ်ဝဒ် သိနေမင့်ဟာ''
"ကျနော့်ပတ်စ်ဝဒ်က...
1two3four5six7eight လည်း ဖြစ်နိုင်တယ်
One2three4five6seven8 လည်း ဖြစ်နိုင်တယ်
1234fivesixseveneight လည်း ဖြစ်နိုင်တယ်
13355557777778 (1, two 3, four 5, six 7 and 8) လည်း ဖြစ်နိုင်တယ်
11444666668888888 (one 2, three 4, five 6 and seven 8) လည်း ဖြစ်နိုင်တယ်
နောက်ပြီး... ...''
"ဟိုး... ရပြီ မောင်ရင် ရပြီ၊ မင်း လစာ ဘယ်လောက်လိုချင်လဲ သာ ပြောတော့''
"ကျုပ် ဒီအလုပ်ကို မလိုချင်တော့ဘူး''
"ဘာလို့လဲ''
"ငတုံးတွေအောက်မှာ အလုပ် မလုပ်ချင်လို့''
"Vါင်...''
:-)
:p
သန်၄ကို_ရမ်းဘာသာပြန်သည်။
#Credit
Comments
Post a Comment