အိမ်ရှေ့မှာ တီဗီကြည့်ရင်း ဒေါသတွေ
တရှူးရှူးနဲ့ ယောကျ်ားဖြစ်သူကို
ရွှေဂျူးက....
"ယောကျ်ား...ဘာဖြစ်နေတာတုန်း"
"ဘာဖြစ်ရမလဲ မိန်းမရဲ့
ဟိုမှာကြည့်စမ်း..ဇာတ်ကားထဲမှာ
မိန်းမဖြစ်သူက ယောကျ်ားကို
သိန်းတစ်ထောင်ရလို့ ရောင်းစားလိုက်သတဲ့"
"ဟင်..ဒါက ရုပ်ရှင်ထဲမို့ပါ
အဲ့ဒါဘာဖြစ်လို့လဲရှင့်"
"မင်း ဆိုရင်ရော
ငါ့ကို ရောင်းစားမှာမို့လား"
"အိုရှင်...သိန်းတစ်ထောင်ဆိုတာ
ရန်ကုန်မြို့မှာ တိုက်တစ်လုံးတောင်မရတာ
ရောင်းစရာလားလို့"
"ဒါဆို သိန်းနှစ်ထောင်ဆိုရင်ရောကွာ"
"ဟင့်အင်း မရောင်းဘူး"
"ငါးထောင်"
"လုံးဝမရောင်းဘူး"
ယောကျ်ားဖြစ်သူရဲ့ မျက်နှာကြီး တစ်ဖြေးဖြေး ပြုံးလာတယ်။
"သိန်း ခုနှစ်ထောင် ဆိုရင်ရော မိန်းမ"
"ဒီမယ် ယောကျ်ား
ကုန်ကုန်ပြောမယ်..ရှင့်ကိုလေ
သိန်းတစ်သောင်းရတောင်
ကျုပ်က မရောင်းဘူးရှင့်"
"ဝါးးးးးပျော်ပြီလေ
အဲ့လောက်ချစ်တာလားမိန်းမရယ်"
"ရှင်ပဲတွေးကြည့်လေ
ကုဋေရှစ်ဆယ် သူဌေးသားတောင်
နေ့ချင်းညချင်းမွဲသွားသေးတာ
ကျုပ်လည်း သုံးရင် မွဲမှာပေါ့"
"သြော်..ဒါဆို
ငွေထက်ယောကျ်ားကိုချစ်တာပေါ့လေ"
"မဟုတ်တာ
ငွေက အသုံးမခံဘူး
ယောကျ်ားက တသက်လုံး ခိုင်းစားလို့ရတယ်လေ"
"သေပြီဆရာ"
😁😁😁😁😁😁
မှန်တာပြောတဲ့ဟာကို။
Crd.
#shwejue
#စာချစ်သူများကို အစဥ်လေးစားလျက်။
Comments
Post a Comment