ကာလပေါ် နတ်များ
================
အကြံအစည်အောင်လို့နတ်ကန္နား
ပေးတယ်ဆိုတဲ့ပွဲတစ်ပွဲအကြောင်း
ကြားနေရတယ်..
ကိုယ့်ဝန်ထမ်းမိသားစုနဲ့နွယ်တဲ့
အရပ်ထဲမှမိသားစုတစ်စုပါ..
နတ်ကန္နားပွဲ(၃)ရက်အပြီး သူတို့နဲ့
နွယ်တဲ့ကိုယ့်တပည့်နဲ့တွေ့တော့
မေးကြည့်ဖြစ်တယ်..
ဆိုင်းသက်သက်ချည်းပဲ(၂၂)သိန်း|
နတ်ကတော်ဘာညာအစုံနဲ့ဆို
စုစုပေါင်း(၃၅/၄၀)လောက်ကုန်
တယ်ဆိုပဲ..
ဒီခေတ်ကြီးမှာ ဒီလိုမသေးတဲ့စရိတ်
တွေအတွက် ကိုယ်တော့အံ့ဩနေမိ
ပါရဲ့..
"အောင်မယ်..နတ်တွေကလည်း
ခေတ်မီလာပြီ..သမားရိုးကျနတ်
သီချင်းတွေနဲ့ချည်းက,ခုန်တာမဟုတ်
တော့ဘူး..ညပိုင်းမှာ'နတ်စတိတ်ရှိုး'
အစီအစဉ်ဆိုတာပါရှိလာတယ်.."
ချစ်တပည့်ကပြောလာတယ်..
"ဘာလဲဟ..နတ်စတိတ်ရှိုးဆိုတာ..?"
ပြန်မေးတော့ချစ်တပည့်ရီနေရင်း
ပြန်ပြောတယ်..
"ဇာတ်/အငြိမ့်တွေမှာ ညဦးပိုင်း
စတိတ်ရှိုးအစီအစဉ်ဆိုပြီး..အပြင်
စတီရီယိုသီချင်းတွေနဲ့ ပရိသတ်ကို
ဆွဲဆောင်သလိုပေါ့..အခုလည်း
အပြင်မှာခေတ်စားနေတဲ့တေးသံစဉ်
တွေနဲ့ နတ်ကတာကိုနတ်စတိတ်ရှိုး
လို့ခေါ်တာ..အဲ့ဒီအချိန်ဆို ပရိသတ်
ကတိုးမပေါက်ဘူး.."
သူ့စကားကြားတော့ကိုယ်ရီနေ
မိတယ်..
အင်း..
ကိုယ်လည်းတော်တော်ခေတ်
နောက်ကျနေပါပြီကွယ်..
နောက်နောက်များ..ကြုံကြိုက်မယ်
ဆိုရင်ဖြင့်..'နတ်စတိတ်ရှိုး'ဆိုတာကြီး
ကိုကြည့်ဘူးတယ်ရှိအောင်ကြည့်
စမ်းချင်ပါသေးရဲ့..😜
Crd
Comments
Post a Comment