ဖားအုပ် တစ်အုပ်ဟာ တောအုပ်တစ်အုပ်ကို ဖြတ်ပြီး ခရီးသွားကြတယ် ...။ 


သွားရင်းနဲ့ ဖားအုပ်ထဲက ဖားလေး နှစ်ကောင်ဟာ တွင်းနက်တစ်ခုထဲကို ကျသွားသတဲ့ ...။


အဲတော့ ကျန်တဲ့ ဖားတွေအကုန်လုံးကလည်း တွင်းရဲ့အ၀မှာ ဝိုင်းကြည့်ကြတာပေါ့ ..။


တွင်းဘယ်လောက်နက်လဲဆိုတာ သူတို့မြင်သွားကြတော့ ...


ဒီလိုတွင်းနက်ထဲကျသွားတဲ့အတွက် ကံဆိုးတဲ့ ဒီနှစ်ကောင်တော့ အပြင်ကို ထွက်လို့ရတော့မှာမဟုတ်ဘူးဆိုတော့ အချင်းချင်းပြောနေကြတယ် ...။


ဖားနှစ်ကောင်ကတော့ ဒီလိုပြောတာတွေကို မကြားပဲ တွင်းထဲက ပြန်ထွက်နိုင်အောင် ကြိုးစားပြီး ခုန်နေကြတယ်တဲ့ ...။


အပေါ်ကဖားတွေကတော့ "မင်းတို့တွေ ဘယ်လိုပဲလုပ်လုပ် တွင်းထဲက ထွက်လို့ရမှာ မဟုတ်ဘူး ... တွင်းထဲမှာပဲ ပိတ်မိပြီး သေမှာပဲ ... အပင်ပန်းခံမနေနဲ့တော့ ... ရပ်လိုက်ပါတော့" ဆိုပြီး အော်ဟစ် ပြောနေကြတာပေါ့ ...။


နောက်ဆုံးမှာ ဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ အပေါ်ကဖားတွေ ပြောနေတာတွေကို သတိပြုမိပြီး လက်လျှော့လိုက်သတဲ့ ...။


တစ်ကြိမ်ခုန်လိုက်ပြီး အကျမှာ စိတ်လျှော့လိုက်တာကြောင့် မြေကြီးနဲ့ရိုက်မိပြီး သေဆုံးသွားသတဲ့ ...။


နောက်ထပ် ဖားတစ်ကောင်ကတော့ သူတတ်နိုင်သမျှ ကြိုးစားပြီး ဆက်လက် ခုန်မြဲ ခုန်နေတယ် ...။


တစ်ကြိမ်ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း ... အပေါ်က ဖားအုပ်က သူ့ကို သေမယ့် အတူတူ မထူးတော့လို့ ... ရပ်လိုက်ဖို့ ဆက်ပြီး အော်ဟစ်နေကြတယ် ...။


ဒါပေမယ့် ဖားလေးဟာ လုံး၀ဂရုမစိုက်ပဲ .... ကြိုးစားပြီး ခုန်ရင်း ခုန်ရင်းနဲ့ နောက်ဆုံးမှာ တွင်းပေါ်ကို တက်နိုင်သွားတယ် ...။


အပြင်လဲ ရောက်ရော ... တခြားဖားတွေက "ဘာဖြစ်လို့ မင်းအဆက်မပြတ် မရရအောင် ခုန်ခဲ့တာလဲ ... ငါတို့ မင်းကို လက်လျှော့လိုက်ဖို့ ပြောနေတာ မကြားလို့လား" ဆိုပြီး ဖားလေးကိုမေးတယ် ...။


ဖားလေးက သူတို့မေးတာကို ဘာမှပြန်မဖြေဘူးတဲ့...။


နောက်မှ သူတို့တွေ သိလိုက်ရတာက ဖားလေးဟာ နားမကြားဘူး ဆိုတာ ပါပဲ ...။


သူ့အတွေးထဲမှာတော့ ဖားအုပ်ကြီး အော်ဟစ်နေကြဟာ သူ့ကို အပေါ်ကို ကြိုးစားတက်ဖို့ အားပေးနေကြတာလို့ ထင်ခဲ့ပါတယ်တဲ့ ...။


ဒီပုံပြင်မှာ သင်ခန်းစာယူစရာ နှစ်ချက်ရှိပါတယ် ...


၁) တစုံတစ်ယောက်ကို အောင်မြင်တိုးတက်အောင် စိတ်ဓာတ်ခွန်အားပေးတာပဲ ဖြစ်ဖြစ်၊ သေလိုတဲ့အထိ စိတ်ဓာတ်ကျဆင်းအောင် ပြုလုပ်လိုလျှင်ပဲ ဖြစ်ဖြစ် ... အဲလို ပြုလုပ်နိုင်တဲ့ စွမ်းအားတွေဟာ လူတွေရဲ့ လျှာဖျားပေါ်မှာ ရှိပါတယ် ...။

တစ်စုံတစ်ယောက် စိတ်ဓာတ်ကျဆင်းနေချိန်မှာ နှစ်သိမ့်တဲ့စကားတစ်ခွန်းဟာ ထိုသူကို စိတ်ဓာတ်မြင့်တက်လာအောင် ပြုလုပ်ပေးနိုင်သလို အခက်အခဲရက်စွဲတွေက ကျော်ဖြတ်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ် ...။


၂) ဖျက်ဆီးလိုတဲ့ စကားတစ်ခွန်းဟာ စိတ်ဓာတ်ကျဆင်းနေတဲ့ တစုံတယောက်ကို အသေသတ်နိုင်ပါတယ် ...။


အဲတော့ တို့တွေလည်း စကားတစ်ခွန်း ပြောတော့မယ်၊ တစုံတခုကို မှတ်ချက်ပေးတော့မယ် ဆိုရင် လက်လွတ်စပယ်မပြောပဲ သေချာဂရုစိုက် စဉ်းစားတွေးခေါ်ပြီး ပြောဆိုကြပါစို့နော် ...။


Credit အလင်္ကာမေကျော်


ပြန်လည်မျှဝေပါသည်။

Comments

Popular posts from this blog

ချောတယ်လို့