☺️ "ဗျို့ အုပ်ကြီးကိုရိုး ရပ်ကွက်ရုံးက အခုလာခဲ့ဘာဒဲ့ အရေးကြီးလို့ဒဲ့ -- 🙄 တနဂ်နွေနေ့ တစ်နေ့လောက်နားရ မလားမှတ်တယ် နားကိုမနားရဘူး အသက်တစ်ရာ မနေရပေမဲ့ အမှု့တစ်ရာ ပွေရ ဝူး -- 🤔 "ဘယ်သူတွေ ဘာဖြစ်ပြန်တာလဲကွာ-? 🥺 "ဒေါ်ပိုက် အသုဘ မှာ ကိုခန့်နဲ့ ထွန်းလင်း ဖဲ ကစားရင်း ရန်ထဖြစ်ကြလို့တဲ့ အုပ်ကြီးရေ-- 🤔"ဘယ်က ဒေါ်ပိုက်လဲကွ-? 🙄"ရွာတောင်ပိုင်းက သပွတ်အူနဲ့စာသိုက် အမေ ဒေါ်ပိုက်လေဗျာ -- 😉"ဪ အေးအေး အရှုပ်ထုပ်အိမ်မှာ ရှင်းမတဲ့ နှစ်ကောင် ရန်ဖြစ်ကြတာဆိုတော့ သွားဦးမှဘာ -- 😔 ရပ်ကွက်ရုံးရောက်တော့ လူစုံ တက်စုံ ရန်ဖြစ်တဲ့ နှစ်ကောင်က ရှေ့မှာ ငခန့် ခေါင်းလည်း ပတ်တီးနဲ့ 🤕 😰"ဘယ်ကနေ စဖြစ်ကြတာလဲ အေးအေးဆေးဆေးပြောပြစမ်းပါဦး-? 🤕 "ကျနော် သီချင်းဆိုတာကို သူ့ကို စောင်းမြောင်းဆိုပါတယ် ဆိုပြီးစကား များရာက ကျနော်ကို ထွန်းလင်းက ဓါတ်မီးနဲ့ ခေါင်းကို ထုတာ အုပ်ကြီး-- 😠"မင်း ငါ ဖဲရှုံး နေမှန်းသိရဲ့နဲ့ စောင်းပြီး ဆိုတာ ငါသိတယ် -- 🤗"ကဲကဲ နေကြစမ်းပါဦး ငါအုပ်ကြီး အုပ်ကြီးဆရာ ငါ မေးပါရစေဦးဟ-- 🤔"ဟေ့ကောင် ငခန့် မင်းက ဘာ သီချင်း ဆိုတာလဲ-? 😜"ဟာ အုပ်ကြီးတောင် ဦးဂျိုကာ က...
Posts
Showing posts from October, 2022
- Get link
- X
- Other Apps
တစ်ကိုယ်လုံး တစ်နေရာထဲ ဘာလို့ကွက်မည်းလဲ အမတ်ကြီး ဦးပေါ်ဦး ကို ဘုရင်ကြီးက မေးသတဲ့ သူ့ မဟေသီ ကို ကိုယ်တုံးလုံး ချွတ်စေပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေရဲ့နဲ့ ဒီနေရာလေးပဲ ကွက်ပြီး ဘာကြောင့်မဲနေရသလဲ ဖြေစမ်းတဲ့ ဦးပေါ်ဦး က အချိန် ၃ ရက်ပေးပါ ဖြေပါ့မယ် ဆိုပြီး ဘယ်လို ပြန်ဖြေရမလဲလို့ စဉ်းစားသတဲ့ ၃ ရက် ပြည့်တော့ ဘုရင်ကြီးက ခေါ်မေးတာပေါ့ ၊ မဖြေနိုင်ရင် မောင်မင်းကို မဲဇာပို့မယ် ဘာညာပေါ့ ဦးပေါ်ဦး က မပြောမဆိုနဲ့ ဘုရင်ကြီးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာ ၊ သယ်....ငပေါ်ဦးကို သတ်စေ ပေါ့ ဦးပေါ်ဦး က ခဏလေး ဆိုင်းပါဦး အရှင်မင်းကြီး ဆိုပြီး အသင့်ယူလာတဲ့ မှန်လေးကို မင်းကြီးအား ကြည့် စေသတဲ့ မင်းကြီးလည်း မှန်ကြည့်ပြီးရော အခု အရှင်မင်းကြီး ကို ကျွန်တော်မျိုး ထိုးလိုက်တာ တစ်ချက်ထဲတောင် မျက်နှာ ညိုသွားရင် အချက်ပေါင်း များစွာ အထိုးခံထားရတဲ့ နေရာ မဲတာ မဆန်းပါဘူး လို့ ဖြေသတဲ့ Crd ♡𝑪𝒓𝒆𝒅𝒊𝒕 ➪ကွီးဖြိုး
- Get link
- X
- Other Apps
မိန်းမကိုဘယ်တော့မှအရက်မတိုက်နဲ့ =========================== "မိန်းမ ..... မောင်ဒီနေ့လစာထုတ်ပြီးပြီ။'' "ဟုတ်လား အဲ့ဒါဆို ညနေကျရင် မောင့်မိဘတွေကို အတူတူသွားကန်တော့မယ်လေ ပြီးရင် စျေးလေးဘာလေး ဝယ်တာပေါ့" "အွမ်း..... အဲ့ဒါကောင်းတယ်မိန်းမ ရော့ မောင့်လစာ တစ်ပြားမှမလျှော့ဘူးနော်" "အင်းပါ..... ယောက်ျားရဲ့ ယောက်ျားလိမ္မာတယ်ဆိုတာ မိန်းမသိပါတယ်" စကားပြောရင်း သူကပိုက်ဆံလေးတွေ ရေနေတယ်။ ကျွန်တော်က လကုန်ရက်ဆိုတော့ ရှကီကစ်ချင်နေတာ သူ့ကိုဘယ်ကနေ စပြောလို့ပြောရမှန်းမသိဘူး။ "မိန်းမ.......'' "ပြောလေ.....ယောက်ျား '' "ဟိုဟာလေ ဟိုဟာ" "ဘာဟိုဟာတုန်း မောင်သုံးစရာမရှိလို့လား ရော့နှစ်ထောင်ယူထားလေ" ခွီး တော်တော်များတဲ့ပိုက်ဆံ တစ်လလုံးသုံးရင်တောင် မနည်းကုန်အောင်သုံးရမှာ။ (၂၀၀၀) နှစ်ထောင်တဲ့။ "အဲ့ဒါမဟုတ်ဘူးမိန်းမရဲ့" "အဲ့ဒါဆိုဘာလဲ" "မောင် ညကျရင် သူငယ်ချင်းတွေနဲ့ အရက်နည်းနည်းလေးသောက်ချင်လို့" "ဘာ!!!!" "အောင်မလေး သောက်ပလုတ်တုပ် ဖြည်းဖြည်းအော်ပါမိန်းမရဲ့ မောင့်နားစည်တွေ ကွဲထွက်ကုန်ဦးမယ်...
- Get link
- X
- Other Apps
"ယောကျာ်း ရေ မြန်မြန်လာစမ်းပါအုံး.. ကျုပ်ဗိုက်တွေနာလာလို့... "အား..ကျွတ်..ကျွတ်".. "ဟေ..လာမယ် ခဏလေးပါ ကွ့.." "ဗိုက်နာလိုသေတော့မယ်မြန်မြန်လာပါ..." " ဟေး..ဗိုက်နာရင်လည်း ပရုပ်ဆီလူးလိုက်လေကွာ...ခဏလေးပါဆို " ဪ..တော့်မလဲ တစ်နေကုန် ဒီအရက်တွေဘဲသောက်နေတော့မှာလား?? ကျုပ်ဗိုက်နာတာ ခလေးမွေးချင်လို့နာတာ ဝမ်းဆွဲဆရာမမြန်မြန်သွားပင့်ပေးစမ်းပါ တော့်ကိုရှင်းပြနေရတာပိုမောတယ်.." " ခလေးမွေးချင်လိုဗိုက်နာတာ.ဟုတ်လား မပူစမ်းပါနဲ့မိန်းမရာ ငါအဂ်ုလိမာလသုတ် ရွတ်တတ်ပါတယ်.." " တော်ပါယောက်ကျား ရယ် တော် ရူးကြောင် မူးကြောင်နဲ့ ပြောင်းပြန်ရွတ်မိလို့ ကျုပ် ပါးစပ်ကနေပြန်မွေးနေပါအုံးမယ် ဆရာမကိုသာမြန်မြန်သွားပင့်ခဲ့ပါ..." "အေ.အေ့ပါကွာမိန်းမရာ ငါအမြန်သွားပင့်ခဲ့ပါမယ်... " ဒီလိုနဲ့ခဏကြာသောအခါ... ။ "မိန်းမရေ ဝမ်းဆွဲဆရာမ ပင့်ခဲ့ပြီ. ဆရာမကျွန်တော့်မိန်းမဗိုက်အရမ်းနာနေပြီ မြန်မြန်လေးမွေးပေးပါ..ဗျာ." " စိတ်ချပါ.. ကဲ ကျွန်မဆေးအိတ်ပေး ရှင်က အပြင်မှာနေခဲ့..." "ဟုတ်ကဲ့ပါ..ဆရာမ လိုအပ်တာရှိရင်ပြောပါ..ဆရာမ.." ဒ...
- Get link
- X
- Other Apps
တရားသူကြီး''က ပြည့်တန်ဆာ''အမှုဖြင့် စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို စစ်မေးနေသည်။ တရားသူကြီး။ ။ နင့်နာမည်ဘယ်လိုခေါ်သလဲ.! မိန်းကလေး။ ။ အိုး သိရဲ့သားနဲ့ဘာလို့မေးနေသေးတာလဲ။ တရားသူကြီး။ ။ နင်ပိုက်ဆံယူပြီး ယောင်္ကျားတွေကိုဖျော်ဖြေတယ်ဆိုတာဟုတ်လား။ မိန်းကလေး။ ။ အိုး မေးပြန်ပြီ သူလည်းလာဖူးရဲ့သားနဲ့...ဟိ တရားသူကြီး''ခမျာ လူကြားထဲ..! ရှက်လာသဖြင့်...ဆက်မမေးတော့ပဲ..အမှုကိုစီရင်ချက်အမြန်ချလိုက်တော့သည်... အမိန့် ... ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် ငွေဒဏ် ၂၀၀၀၀''ကျခံစေ... ဒုန်း... " ရပါတယ်လေ...အကြွေးထဲကနှိမ်လိုက်တာပေါ့...ခ်ခ် ငွမ့်... တေနာမရေး!!! #Credit #Edit
- Get link
- X
- Other Apps
#ကိုယ့်စိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်လိုက်သူခပ်ဆိုးဆိုးကျောင်းသားလေး💚💛 💚စာသင်ခန်းတခန်းလုံးက ဝိုင်းဟားတာ ခံခဲ့ရတဲ့ လူဆိုးလေး-- တခါတုန်းကကျောင်းဆရာမ တယောက်ဟာ သူ့အတန်းထဲက ခပ်ဆိုးဆိုး ကျောင်းသားလေး တဦးကို သားကြီးလာရင် ဘာလုပ် မှာလဲ " လို့ မေးလိုက်တဲ့ အခါ ကျောင်းသားလေးက မဆိုင်းမတွဘဲ " ကျနော် ရုပ်ရှင်မင်းသား လုပ်မယ်၊ ပြီးရင် ဗိုက်ဆာနေတဲ့ သူတွေကို မုန့်လိုက်ကျွေးမယ် လို့ ဖြေလိုက်တယ်။ အဲဒီလိုလည်း ဖြေရော အတန်းဖော်တွေက " ဒီကောင် စောက်ပေါ " ဆိုပြီး သူ့ကို ဝိုင်းဟားကြတယ် ။ ဆရာမကလည်း မင်းလုပ်ချင်တာတွေက အရမ်း စိတ်ကူးယဉ် ဆန်လွန်းတယ်၊ တခြားအရာတွေကို ပြောင်းစဉ်းစားတာ ကောင်းလိမ့်မယ်" လို့ ပြောခဲ့တယ်။ နောက် နှစ်ပေါင်း ၂၀ ကျော် ၃၀ ခန့် ကြာတဲ့ အခါ အဲဒီ ကျောင်းသားလေးဟာ သူပြောခဲ့တဲ့ အတိုင်း ကမ္ဘာ့ ရုပ်ရှင်လောကရဲ့ ဝင်ငွေ အမြင့်မားဆုံး အချမ်းသာဆုံး မင်းသား၊ ၂၁ ရာစု ဥရောပနဲ့ အမေရိက က လူတွေ အားလုံးထက် သြဇာရှိ...
- Get link
- X
- Other Apps
ချောချောတောင့်တောင့်မိန်းမငယ်တစ်ဦး ကာစီနိုကစားဝိုင်းကို ရောက်လာတယ်။ သူမဟာ ဂဏန်းတစ်လုံးထဲမှာ ပိုက်ဆံတွေပုံအောထိုးထားတယ်။ ပြီးတော့ သူမကိုဝိုင်းကြည့်နေတဲ့ ဒိုင်တွေကို သူမက ပြောလိုက်တယ်။ "ကျမ အပေါ်ပိုင်းဗလာနဲ့ ကာစီနိုကစားတိုင်းနိုင်တယ်။ ကျမကို အပေါ်ပိုင်းဗလာကျင်းခွင့်ပြုပါ" ပြောပြောဆိုဆို အင်္ကျီကိုဆွဲချွတ်ပစ်လိုက်တယ်။ ဒိုင်များနဲ့ ကျန်ထိုးသားများရဲ့မျက်လုံးများဟာ သူမအပေါ်ပိုင်းကို စုပုံရောက်လာတယ်။ ပြီးတာနဲ့ အံစာတုံးကိုခေါက်ပြီး ပစ်လိုက်တယ်။ ပါးစပ်ကလည်း "နိုင်ကွ နိုင်ကွ" လို့အော်ဟစ်ရင်း ခုန်ပေါက်နေတော့ ဗို့အားပြည့်မျက်လုံးတွေ သူမကိုယ်ပေါ်မှ မခွါနိုင်ဖြစ်နေကြတာပေါ့။ "ဟာ နိုင်ပြီကွ နိုင်ပြီ" ဆိုပြီး ထိုးသားငွေကိုကောက်ယူပြီး ဒိုင်တွေကို ပျော်ပျော်ရွှင်ရွှင် လိုက်ဖက်တယ်။ ဒိုင်တွေလည်း သူမသိုင်းဖက်မှုအောက် အရည်ပျော်ကုန်ကြတယ်။ သူမဟာ နိုင်ငွေယူပြီးနောက် အင်္ကျီပြန်ဝတ်ကာ ထွက်သွားတော့တယ်။ ဒီတော့မှ ဒိုင်တွေအချင်းချင်း "ကောင်မလေး ဘာဂဏန်းထိုးတာလဲ" လို့အပြန်အလှန်လိုက်မေးကြပေမဲ့ ဘယ်သူမှ သေချာမသိကြဘူး။ ထိုးဂဏန်းထက် ပိုစိတ်ဝင်စားစရာကိုကြည့်မိတော့ ရော်တာရော်လိုက်တယ် ...
- Get link
- X
- Other Apps
" တော့်...ကိုကိုညို.. '' " ဟေ့..ဘာတုန်း မိန်းမရ ။ အော်လိုက်တာ..အရမ်းပဲ..'' " လာပါအုံး..လာပါအုံး ။ ဒီကို လာလိုက္စမ်းပါအုံး..'' " ဟာကွာ..အေးအေးကို မနေရဘူး ။ ကဲ..ဘာလဲ..ပြော..'' " ဒီမှာ..ကြည့်စမ်း ။ ရှင် fb မှာ တင်ထားတာ..ဘာတဲ့ #ငါ့အမေသာအလှဆုံး တဲ့..။ အဲ့ဒါ ဘာသဘောလဲ?..ပြော " " ဟ..ဘာ သဘောရမှာလဲ ။ ငါ့အမေ အလှဆုံးမို့..အလှဆုံးလို့..ပြောတာ..။အာ့ ဘာဖြစ်လဲ? " " ဪ...ရှင်ပြောတော့..ဒီကမ္ဘာမှာ ကျုပ်သာ အလှဆုံး ဆို..'' " ဟေ...ပြော..ပြောမိလို့လား..'' " ဘာ...!'' " ဪ...ဟိုဟို...အေးး..ဟုတ်တယ်လေကွာ ။ မိန်းမက အလှဆုံးလေ..'' " ဒါဆို..ဒီစာက..ဘာလဲ? " " ဪ...ဒါတော့ မိန်းမရယ် ။ အမေတွေရဲ့ အလှနဲ့ ။ဇနီးမယားတွေရဲ့ အလှက ဘယ်တူပါ့မလဲ..'' " ဘယ်လို မတူတာလဲ ။ ပြောပါအုံး '' " အယ်..ဘယ်လိုလဲ ဆိုတော့..အမေတွေရဲ့အလှက.. လမင်းကြီးလို အလှမျိုးပေါ့ကွာ ။ ချောက်ချားစရာ ညအမှောင်မျိုးကို သူ့ရဲ့လရောင်နဲ့ အလင်းဓာတ်ပေးတယ် ။အားအင် ပေးတယ်။အေးမြမှုကို ပေးတယ်။ .. လပြည့်ညမျိုးမှာ လမင်...
- Get link
- X
- Other Apps
ငယ်ဆရာတွေကိုမမေ့ပါနဲ့ ဆယ်တန်းမှာ ဂုဏ်ထူးတွေ တသီကြီးနဲ့ တပည့်က စင်ပေါ်မှာ ဆုတက်ယူတယ်။ ကျေးဇူးတင်စကား ပြောကြားသွားတဲ့ အထဲမှာ ဆယ်တန်း ဆရာ၊ ဆရာမ တွေ ရဲ့ နာမည်အကုန်လုံးကို အစဉ်လိုက် ရွတ်ချသွားတော့တယ်...။ ဘယ်လိုသင်ပေးခဲ့ကြောင်း ၊ လမ်းညွန်ခဲ့ကြောင်း... စသည်ဖြင့်... ကင်မရာမီး တဖျတ်ဖျတ်ရဲ့ မမြင်ကွယ်ရာ ထောင့်မှာတော့ ငယ်ငယ်က ကျန်းမာရေး သိပ်ချို့တဲ့လွန်းတဲ့ သူ့ကို..... ၊ အရမ်းဂရုစိုက်ပြီး သင်ပေးခဲ့ဖူးတဲ့ သူငယ်တန်းက ဆရာမအိုကြီးမှာတော့ မျက်ရည်တွေ ဝိုင်းလို့..... ဒါတင်မကဘူး... စာ စ ရေးဖို့ ကျောက်တံကိုင်ရန်ပင် တုန်ရီနေတဲ့လက်ကို စိတ်ရှည်ရှည်နဲ့ တည်ငြိမ်လာအောင် လုပ်ရုံမက စာရေးနိုင်အောင် သင်ပေးတဲ့ သူငယ်တန်းဆရာမကြီးကလည်း ရင်ထဲစို့လို့...... ကျောင်းစာစိတ်မဝင်စားပဲ အလေလိုက်ချင်နေတဲ့ သူ့ကို ကြိုးစားသင်ကြားပြီး ကူညီထိန်းမတ်ပေးခဲ့တဲ့ အလယ်တန်းပြ ဆရာမတွေကလည်း ငေးမောလို့...။ သူကတော့ ဆယ်တန်းက ဆရာတွေကိုဖက်ပြီး ဓာတ်ပုံတွေ အရိုက်ခံရင်း၊ ဂါရဝပြုရ... လက်ဆောင် ပစ္စည်းတွေနဲ့ အမှတ်တရ ကန်တော့ရနဲ့.... ။ ပြောတဲ့စကားတွေမှာ... ရေးတဲ့စာတွေမှာ .. လူမြင်ကွင်းတွေမှာ သူတို့ငယ်ဆရာဖြစ်တဲ့ မူလတန်း ၊အလယ်တန်းဆရာတွေ အကြောင်း တ...
- Get link
- X
- Other Apps
#မိန်းမမာယာသဲကိုးဖြာဘုန်းကြီးအလည်နဲ့တွေ့သောအခါ ****************************** #တစ်ခါတုန်းကဘုန်းကြီးတစ်ပါးဟာ ဆွမ်းခံပျင်းတော့ နေမကောင်းလို့ ခေါင်းမူးလို့ အဲဒီလိုအကြောင်းအမျိုးမျိုးပြပြီး ဒကာမအိမ်မှာ မကြာခဏဆွမ်းသွားစားတယ်။ခဏခဏဆိုတော့ ဒကာမလည်း သဒ္ဓါတရားပျက်လာတာပေါ့။ တစ်ရက်တော့ ဘုန်းကြီးက ဗိုက်နာလို့ဆွမ်းခံမထွက်နိုင်ဘူးဆိုပြီး ဆွမ်းစားရအောင်သွားပြန်တယ်။ #ဒီတစ်ခါတော့ဒကာမက ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် #ငါ့မာယာနဲ့ ပထုတ်မယ်လို့ကြိမ်းဝါးပြီး ခုလိုပြောလိုက်တယ်။ #အရှင်ဘုရားတပည့်တော်မအိမ်မှာဆန်ပြတ်နေလို့ဆွမ်းကပ်စရာမရှိဘူး။ ဒါပေမယ့် တစ်ခြားအိမ်မှာရှိလို့ရှိငြား ထွက်ချေးကြည့်ဦးမယ်ဘုရားဆိုပြီး ဗန်းကလေးဆွဲထွက်သွားတယ်။ #ဘုန်းကြီးကအလည်ဆိုတော့ ဒါ ငါ့ကိုညာတာဖြစ်နိုင်တယ်ဆိုပြီး ဒကာမထွက်အသွားမှာ မီးဖိုချောင်ထဲဝင်ပြီး ထောက်လှမ်းရေးလုပ်တော့တာပေါ့။ အိုးထဲဖွင့်ကြည့်လိုက်တော့ ငကျွဲဆန်တွေအပြည့်တွေ့ရတယ်။ ပြီးတော့ ဆီ ငါးရံ့ခြောက်ပြား ကြံချောင်းကြီးတစ်ချောင်းကိုတောင် နံရံမှာ ထောင်ထားတာတွေ့သွားတယ်။ #ဒကာမကတော့ သူ့လုပ်ရပ်အပိုင်ပဲဆိုပြီး တစ်ခြားအိမ်က ခဏနေတော့ပြန်လာတယ်။ အိမ်ရောက်တော့ တပည့်တော်မ ဆန်ချေးလ...
- Get link
- X
- Other Apps
ပြဿနာနဲ့စိန်ခေါ်မှု …………………………… အထက်တန်း ကျောင်းသားများကို ဆရာက မေးသည်။ ``ပြဿနာ နဲ့ စိန်ခေါ်မှု ရဲ့ ခြားနားချက်ကို သိကြလား ´´ ကျောင်းသားတစ်ဦးက ထဖြေသည်။ `` ဒီလိုပါ ဆရာ (မိန်းကလေး ၁ ယောက် +ယောက်ျားလေး ၃ယောက် = ပြဿနာ မိန်းကလေး ၃ ယောက် +ယောက်ျားလေး ၁ ယောက် စိန်ခေါ်မှုပါ´´ ဆရာမှာ ထိုကျောင်းသား၏ ပညာရေးခံယူချက်အပေါ် အံ့သြနေလေ၏။ Crd HMKS #Photo crd
- Get link
- X
- Other Apps
အငြိမ်းစားအရာရှိကြီးတစ်ယောက် လေယာဉ်စီးပြီး နယူးယောက်မြို့ကို သွားတယ်။ လေယာဉ်တက်ပြီး သိပ်မကြာမီပဲ ရိုးရိုးတန်းမှနေ ပထမတန်းခုံကို ပြောင်းထိုင်တယ်။ ဒါကြောင့် လေယာဉ်မယ်လေးက သူ့လက်မှတ်ကို တောင်းကြည့်ပြီး ရိုးရိုးတန်းကို ပြန်ပြောင်းထိုင်ဖို့ပြောရာ "ငါက ရာထူးကြီးတယ်၊ လူကောင်လည်း ကြီးတယ်၊ နယူးယောက်ကိုသွားမှာ အကြာကြီးစီးရမှာမို့ ဒီမှာပဲထိုင်မယ်" လေယာဉ်မယ်က ပြောမရတဲ့အဆုံး တွဲဖက်လေယာဉ်မှူးကို သွားခေါ်လာတယ်။ တွဲဖက်လေယာဉ်မှူးလည်း ကိုယ့်နေရာကိုယ်ထိုင်ဖို့ ဖျောင့်ဖျပြောဆိုပေမဲ့ "ငါက ရာထူးကြီးတယ်၊ လူကောင်လည်း ကြီးတယ်၊ နယူးယောက်ကိုသွားမှာ အကြာကြီးစီးရမှာမို့ ဒီမှာပဲထိုင်မယ်" လို့ပဲပြန်ပြောနေတယ်။ နောက်ဆုံး လေယာဉ်မှူးကြီးကို အကျိုးအကြောင်းသွားပြောပြတဲ့အခါ "ငါ့ယောက္ခမလည်း အရာရှိဟောင်းပဲ၊ ဘယ်လိုပြောဆိုရမယ်ဆိုတာ ငါသိတယ်" လို့ပြောပြီး လေယာဉ်မောင်းခန်းက ထွက်သွားတယ်။ လေယာဉ်မှူးကြီးက အငြိမ်းစားအရာရှိကြီးနားကပ်ပြီး တိုးတိုး တိုးတိုးပြောလိုက်တယ်။ တအောင့်နေတော့ အငြိမ်းစားအရာရှိကြီး ရိုးရိုးတန်းကို ပြန်ပြောင်းသွားတယ်။ တွဲဖက်လေယာဉ်မှူးလေး အံ့အားသင့်ပြီး "ဆရာ - ဘယ်လိုပြောလိုက်...
- Get link
- X
- Other Apps
ဘုရားဖူးကားတစ်စင်း ဓားမြတိုက်ခံရချိန်တွင် ဓားမြဗိုလ် " သံလက်သီး " က သူ့တပည့်တွေကိုပြောသည်... ..။ "ဟေ့..ယောကျာ်းတွေကို မုဒိန်းကျင့်ပြီး ပစ္စည်းအကုန်ယူ . . . မိန်းကလေးတွေအကုန်လုံးကို ရိုက်... ..." 😳😳😳😳😳 တပည့်ဖြစ်သူကပြောသည်.. "ဗိုလ်ကြီး.. မှားနေတယ်နော်..." "ဘာမှားတာလည်းဟ မင်းကလည်း..." "မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး ယောက်က်ျားတွေကို ရိုက်ရမှာလေ..." 😁😁😁😁😁 ထိုစဉ်... ကားနောက်ပိုင်းမှာ ကနွဲ့ကလျနဲ့ ထိုင်နေပြီး တစ်ချိန်လုံးခေါင်းငုံ့ထားသော ခရီးသည်တစ်ယောက် ဝုန်း ကနဲ ထ လိုက်ပီး... ... ... လက်ညှိုးငေါက်ငေါက်ထိုးကာ... "ဟဲ့.. အကောင် . .! ဒီမှာ နင်က ဗိုလ်လား... သူကဗိုလ်လား ဟမ်... ပြောစမ်း... ကိုယ့်ဆရာစကားကိုယ်နားထောင်မှပေါ့... အမလေးဟယ်... တကတည်း ဘယ်လို တပည့်တွေလည်းမသိဘူး... စိတ်လေဒယ် စိတ်လေဒယ်..." 😝😝😝😝😝 အံသွဘ.. 😂😂😂😂😂 (စာညိုငတို) ပေါက်ကရ၄၀ Credit #လူကြီးမင်း
- Get link
- X
- Other Apps
ဂျင်းကောင်နဲ့သူ၏မိန်းမ ≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈ ငယ်ငယ်ကတိုင်းကျိုးပြည်ပြုပေါ်လစီကားတွေကြည့်ပီး ဇာတ်ကားထဲကဇာတ်ကောင် အင်ဂျင်နီယာ လင်မယားကို ကျွန်မ အရမ်းကိုအားကျခဲ့ဖူးတယ် ကိုယ့်စိတ်ကူးကလည်းဖြစ်ချင်တာတောင် အင်ဂျင်နီယာမဟုတ်ဘူး အင်ဂျင်နီယာရဲ့မိန်းမ🤪 ဇာတ်ကားထဲမှာတော့တကယ်လည်းအားကျစရာကြီးလေ မနက်မိုးလင်းတာနဲ့ ယောက်ကျားစားဖို့ မနက်စာကို မိန်းမဖြစ်သူက ပြင်ဆင်ပေး ပီးရင် မောင်စားပါ မေစားပါနဲ့ တယောက်တလှည့်စီခွံကျွေး စားသောက်ပီးရင် ယောက်ကျားအဝတ်စားလဲတာမိန်းမက ကူပေး အဝတ်စားလဲပီးတာနဲ့ မိန်းမက လက်ဆွဲအိတ်ကလေးကို ဆွဲပေးခဲ့ပီး အိမ်အရှေ့ကိုလိုက်ပို့ အိမ်ရှေ့ရောက်တော့ ယောက်ကျားလက်ထဲကို လက်ဆွဲအိတ်ကလေးထည့် ယောက်ကျားက ပါးကလေးကို လက်ညှိုးလေးနဲ့ထောက်ပြတော့ မိန်းမ ကအာဘွားပေး(အခန်းထဲမှာပေးခဲ့ရင်ရရဲ့သားနဲ့ကို🤣) ကိစ္စဝိစ္စပီးရင် ယောက်ကျားက ဂျစ်ကားလေးတက်မောင်းသွား မိန်းမဖြစ်သူက လက်ကလေးတပြပြနဲ့ကျန်ခဲ့ ဟောညနေရောက်တော့ ယောက်ကျားအလုပ်ကပြန်အလာကို မိန်းမက သနပ်ခါးလေးမှုန်မှုန်လေး ကားပေါ်က ဆင်းလာတဲ့ ယောက်ကျားလက်ထဲက လက်ဆွဲအိတ်ကလေးကိုယူ မောင်မောလာပီ မေ သံပုရာရည်လေး သွားယူလိုက...
- Get link
- X
- Other Apps
🤔 ဖယောင်းတိုင် 🕯🕯🕯🕯🕯🕯🕯🕯 (တက္ကသိုလ် ဘုန်းနိုင်) အမျိုးသား - ကျွန်တော်က အိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။ အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့ မိန်းကလေးဆိုတာ သင်သေချာလား။ အမျိုးသား - ဟုတ်ပါတယ်။ အတိုင်ပင်ခံ - အရင်မိန်းမကို ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။ အမျိုးသား - ဒါပေမဲ့ ခုလက်ရှိ မိန်းမက နားလည်ပေးတယ် သည်းခံတယ် တော် တယ်။ ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။ အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု မင်းချစ်နေတာက တခြားမိန်းကလေး ဖြစ်နေပြီ။ အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။ အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။ အမျိုးသား - ကွာရှင်းပြီး တခြားမိန်းက လေးကို လက်ထက်လိုက်ရင် သူနာကျင် ခံစားရလိမ့်မယ်။ အတိုင်ပင်ခံ - အိမ်ထောင်အရ ပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့အချစ် မင်းမှာ မရှိတော့ဘူး။ မင်းက တခြားတစ်ယောက...
- Get link
- X
- Other Apps
တနေ့ ညနေခင်းလေးပါ... ။ ကောင်မလေး တစ်ယောက် chat box ကနေဆက်သွယ်လာချိန် ကျော် လည်းကောင်းနေချိန်ပေါ့... "ဦး ... နေကောင်းလား?/??" " ဟေ..ကောင်းပါ့ဗျာ..!!" "ဦးကို ခင်း ချင်လို့" "ဟမ်... ကျုပ်ကို ခင်းရအောင် ဖျာ မှတ်နေလို့လား??"😒😁😂 "ခ်ခ် ခင်ချင်တယ်လို့ ပြောတာပါ၊ ရတယ်မလား? " "ခင်လို့ ရပါတယ်၊ ပိုက်ဆံမချေး ပြီးရော.:." "ဦးက ဘယ်မှာနေတာလဲ??" "အိမ်မှာ..!! " အက်လိုပြောလေ့မရှိသူ.. ကျော့် ကအက့်လယ် သာယာနေတာ. :.!! "ဟုတ်ဘူးလေ... ဘယ်မြို့မှာလဲ မေးတာ..." "အော်...တာမွေမှာ နေတာ...!" "ဘာအလုပ် လုပ်တာလဲ??" "ဗိုက်တွေ ပြင်တယ်...!" "ဒါဆို ဆရာဝန်ပေ့ါ..." "မဟုတ်ဘူး၊ သင်္ဘောဝမ်းက ဗိုက်တွေကို ပြင်တာ လူဗိုက်မဟုတ်ဘူး"😕😁😂 "ဟွင့်...,ဦးက လူပျိုလား" "ပြို ပြို ကျတာတော့ ၃ ခါရှိပြီ.." "အင်..., သဘောရော ကောင်းလားဟင်" "အင်း... ကောင်းပါတယ်၊ မညာတမ်းပြောရရင် မိန်းကလေးတွေအတွက်ဆို သဘော အတော်ကို ကောင်းတာပါ" "ငင်... တမျိုးဂျီးပဲနော်...
- Get link
- X
- Other Apps
ရောင်းမည် ======== စာရွက်စာတန်း အပြည့်အစုံ အားလုံးရှိပါတယ်။ ခုလိုကာလ အလုပ်တွေကလည်း အဆင်မပြေတော့ မရောင်းချင်ပဲ ပြန်ရောင်းရတာပါ။ စိတ်ထဲတော့ မကောင်းပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ခရီးဝေးသွားရတာ အရမ်းအဆင်ပြေပါတယ်။ စျေးကတော့ ၂ ထောင်ပါ။ အမျိုးအစားကတော့ ကြက်ပေါင်ဖိနပ်လေးပါ။ စီးရတာ အရမ်းကောင်းပါတယ်။ ကားအရှေ့မှာချွတ်ထားပါတယ်။ ✎﹏ᴾʰᵒᵗᵒ ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳⁱᵍⁱⁿᵃˡ ᵃᵘᵗʰᵒʳ﹏♡︎ ⓟⓗⓨⓞⓛⓨⓝⓝ
- Get link
- X
- Other Apps
"ဟော ကိုသာလွန်" "ဟေ" "ရှင်အိမ်ဖော်မလေးခေါ်ထားတယ်ဆို" "အေးလေ" "ဘယ်မှာတုန်း" "ဟေ့ မုဏ်း လာအုံး သူပဲကွ" "ဟယ်ရှင့်အိမ်ဖော်ကလှ လှချည်လား" "အို မင်းကလည်းကွာ ချောတယ်လှတယ် မလိုပါဘူးအိမ်မှာတောက်တိုမယ်ရ နိုင်နိုင်နင်းနင်းလုပ်နိုင်ဖို့ပါ..." "အေးပါ ရှင် အေးပါ" "ကျမလည်း အလုပ်ကမအားဘူး ခုရောက်တန်းပြန်ရမယ်" "အေး ကောင်းပါတယ်ကွာ" "သြော် ဒါနဲ့ရှင်တို့ကိုယ့်ဖာသာကိုယ်သပ်သပ်စီနေကြနော်" "အေးပေါ့ကွ သူလည်းသူ့အခန်းနေ ငါလည်းငါ့အခန်းနေတာပေါ့" "ကောင်းပါ့ရှင် ကျမပြန်အုံးမယ်" "ဟင် ပြန်တော့မို့လား ဟ" "ကိစ္စတွေရှိသေးလို့ပါဆို" "ကောင်းပါ့ဗျာ" "ဟာ မိန်းမရေ နင်ပြန်သွားတာအိမ်ကဘာယူသွားသေးလဲ" "ဘာမှယူမသွားပါဘူးရှင် ဘာလို့လဲ" "အိမ်က ထမင်းပေါင်းအိုးရှာမတွေ့တာ တစ်ပါတ်လောက်ရှိပြီ" "ဟုတ်လား သေချာရှာအုံး" "တစ်အိမ်လုံးနှံ့နေပြီ ရှာတာမတွေ့ဘူး" "ကိုယ့်အခန်းကိုရှာကြည့် " "ဟာ ငါ့ ငါ့ ကုတင်ပေါ်မှာ ထမင်းပ...
- Get link
- X
- Other Apps
"""""""""" ယောင်ရဲ ယောင်ကြည့် """"""""" မိစိုး အဖေက ယောင်....တတ်တယ်ဗျ..... 😁 ပြီးရင် သူမဟုတ်သလိုပဲ....😂 မိစိုး ငယ်ငယ်တုန်းပေါ့......😁 အိပ်နေတုန်း အဖေ ထ ယောင်ပြီး....... ကိုယ့်ကို လည်ပင်းညှစ်ပါလေရော......🤧 ပါးစပ်ကလည်းးးးး "ဟဲ့ သူခိုးမ နင်ပြေးစမ်းးးး😡 ငါ့လက်က လွတ်မယ်ထင်နေလားးးးးးး😡 သေစမ်းကွာ.... သေ.... သေ.... သေစမ်းးးးးးး"😡 ဆိုပြီး ကိုယ့်လည်ပင်း ကိုညှစ်နေတာ.......😖 အမလေးးးးးးးးးအမေက ဝင်ဆွဲပြီးးးးးးး အဖေ့လက်ကို....ကိုက်ဆွဲတော့မှ... လွှတ်တယ် 😤 ပြီးတော့မှ အိပ်မက်ထဲမှာ သူခိုးလိုက်နေတာတဲ့😕 အဲ ဒီ တစ် ခေါက် ယောင်တာတော့ ....... အတော်ဆိုးဗျာ..... 🤧 ညီအစ်ကို မောင်နှမ သံယောဇဉ်ပါ ....... တစ်ခါတည်းပြတ်သွားတယ်.....🥴 အိမ်ကို ရွာက ဦးလေး အလည်လာတယ်...... အဖေ့ အစ်ကို ဝမ်းကွဲပေါ့..... အဲ.... ညဖက် ကျ အမေနဲ့ကိုယ်နဲ့ တစ်ခန်းးးးးး အဖေနဲ့ သူ့အစ်ကိုနဲ့ တစ်ခန်း အိပ်ကြပါလေရော...... ထုံးစံ အတိုင်း အဖေ ယောင်ပြီလေ.....😕 ဧည့်သည်ကို လည်ပင်း ထညှစ်ရော......😔 ဟိုကလည်း အကြောင်းမသိဘူးလေ.... အငယ်ဖြစ်ပြီးး...
- Get link
- X
- Other Apps
ဇနီးသည်ကစိတ်ဆိုးပြီး မိဘအိမ်ပြန်သွားလိုက်တယ် သွားရင်းနဲ့ပြောသွားတယ် ဘယ်တော့မှ ပြန်မလာတော့ဘူး … နှစ်ရက်လောက် ကြာတော့ ယောက်ကျား က ဖုန်းဆက်ပြီး ပြောတယ်… အသဲလေးကိုယ်မှားသွားတယ် ကိုယ့်ကိုခွင့်လွှတ်ပါ အိမ်ပြန်လာပါ ဇနီး ။ ။ ခွင့်မလွှတ်ဘူး ရှင်ကျွန်မ နှလုံးသားကို ခွဲလိုက်တယ် ပြန်မလာဘူး ...! ယောက်ကျား ။ ။ နှလုံးသားကို ပြန်ဆက်လိုက်လေ အသဲ လာသာလာခဲ့ပါ ... ဇနီး ။ ။ ရှင့်အနားမှာရေခွက်ရှိလား ? ယောက်ကျား ။ ။ ရှိပါတယ် ။ ဇနီး ။ ။ ခွက်ကိုမြေကြီးပေါ် အားနဲ့ ပေါက်ချ လိုက်...! ယောက်ကျား က လိုက်လုပ်လိုက်တယ် ဇနီး ။ ။ ရှင်အခုအဲဒီကွဲသွားတဲ့ ခွက်အပိုင်းအစတွေကို ပြန်ဆက်နိုင်သလား...! ယောက်ကျား ။ ။ ခွက်ကကွဲမသွားဘူး ... စတီးခွက်ကြီး ဟီး ဇနီး ။ ။ ရှင်ဟာလေ သိပ်ယုတ်တယ် ညလာခေါ်လှည့် ...! :-) :p Credit# #တာဇဲ 😁😁 #လူကြီးမင်း
- Get link
- X
- Other Apps
တနေ့ ညနေခင်းလေးပါ... ။ ကောင်မလေး တစ်ယောက် chat box ကနေဆက်သွယ်လာချိန် ကျော် လည်းကောင်းနေချိန်ပေါ့... "ဦး ... နေကောင်းလား?/??" " ဟေ..ကောင်းပါ့ဗျာ..!!" "ဦးကို ခင်း ချင်လို့" "ဟမ်... ကျုပ်ကို ခင်းရအောင် ဖျာ မှတ်နေလို့လား??"😒😁😂 "ခ်ခ် ခင်ချင်တယ်လို့ ပြောတာပါ၊ ရတယ်မလား? " "ခင်လို့ ရပါတယ်၊ ပိုက်ဆံမချေး ပြီးရော.:." "ဦးက ဘယ်မှာနေတာလဲ??" "အိမ်မှာ..!! " အက်လိုပြောလေ့မရှိသူ.. ကျော့် ကအက့်လယ် သာယာနေတာ. :.!! "ဟုတ်ဘူးလေ... ဘယ်မြို့မှာလဲ မေးတာ..." "အော်...တာမွေမှာ နေတာ...!" "ဘာအလုပ် လုပ်တာလဲ??" "ဗိုက်တွေ ပြင်တယ်...!" "ဒါဆို ဆရာဝန်ပေ့ါ..." "မဟုတ်ဘူး၊ သင်္ဘောဝမ်းက ဗိုက်တွေကို ပြင်တာ လူဗိုက်မဟုတ်ဘူး"😕😁😂 "ဟွင့်...,ဦးက လူပျိုလား" "ပြို ပြို ကျတာတော့ ၃ ခါရှိပြီ.." "အင်..., သဘောရော ကောင်းလားဟင်" "အင်း... ကောင်းပါတယ်၊ မညာတမ်းပြောရရင် မိန်းကလေးတွေအတွက်ဆို သဘော အတော်ကို ကောင်းတာပါ" "ငင်... တမျိုးဂျီးပဲနော်...
- Get link
- X
- Other Apps
😢လူပျိုသိုး ငခန့်တစ်ရောက် ရွာဦးကျောင်း ဆရာတော်ကို မျက်နှာ ညိုးငယ်စွာနဲ့ လျှောက်တင်တော့တယ် ဆရာတော်မှ နားမရှင်းလို့ -- 🤔ဟဲ့ လူပျိုသိုး ငခန့် မျက်နှာလည်း မကောင်း ဘာတွေ ဘယ်လိုဖြစ်ရပြန် တာလဲ ဟ -- ? 😢ဘုရားတပည့်တော်ကို ရဟန်းတက်ခွင့် ပြု့တော်မူပါဘုရား -- 🤔ဟဲ့ ငခန့်ရဲ့ သာသနာ့ဘောင်ရှင်ရဟန်း ဝတ်တာ မဆန်းသော်လည်း စဉ်းစားပါဦး မင်း ဘယ်အကြောင်းကြောင့် ဘုန်းကြီး ရဟန်းဘဝ ခံယူချင်ရတာလဲ-? 😢မှန်လှပါ လူ့လောကကြီးကို စိတ်ကုန် လာပြီဘုရား ကံကြမ္မာက ဘုရားတပည့်တော် ဘက်မှာ မရှိဘူးဘုရား -- 🙄အံမယ် တယ်ဆိုတဲ့ စာပါ့လား ဘယ်လိုတွေများ မင်းကံကြမ္မာက မင်းဘက်မှာ မရှိရတာလဲ လင်းစမ်းပါဦးဟ-? 😢ဘုရားတပည့်တော် ချိန်ထားတဲ့ အပျို တစ်သိုက်လည်း လင်တွေကိုယ်စီရ ဒါနဲ့ ရှိစေတော့ ဆိုပြီး တစ်ယောက်ထဲ သီးပင် စားပင်လေး စိုက်စားနေတာဘုရား --- 🙄အေး ကောင်းတယ်လေကွယ် 😢အဲ့ဒါ သဘ်ောပင်တွေ စိုက်ပြီး သဘ်ောသီး လေးရောင်း ဘဝ တိုက်ပွဲ ဝင်မလား မှတ်တယ် ဘုရား -- #သဘ်ောပင်တွေကအဖိုလ်ပင်တွေကြီးပဲဘုရား 🥲😢😵💫 🥴 ငင့် ✍️ ကာတွန်း-သူများဟာ Crd ✍️ K T A @ 😢😁🥴
- Get link
- X
- Other Apps
အရက်သောက်ရင် အသက်ရှည်တယ် =========================== တစ်ခါကပေါ့ .... အရက်သောက်သုံးမှု့ဆန့်ကျင်ရေး အသင်းတစ်သင်းရှိပါတယ်။ သူတို့ဟာအရက်သောက်ရင် အသက်တိုတတ်ကြောင်း အရက်မသောက်တဲ့သူတွေဟာ အသက်ရှည်ကြကြောင်းကို တင်ပြဖို့အတွက် ရွာတွေကို ခရီးထွက်ကြတယ်။ ပထမ ရွာတစ်ရွာ ကိုတွေ့တော့ အသက်ရှစ်ဆယ်ကျော် မိန်းမတွေဘဲ များနေတဲ့ ရွာကိုတွေ့ကြတယ်။ ဒါနဲ့ မေးကြည့်တော့ ယောကျာ်းတွေက အရက်သမားတွေများလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကုန်ကြတယ် ပြောတယ်..ဒါနဲ့ သူတို့အဖွဲ့ကဒီရွာကို မှတ်တမ်းတင်ကြတယ် .... အရက်သောက်သူတွေဟာ အသက်ရှည်ရှည်မနေရဘူးဆိုတဲ့အကြောင်း.. ဒါနဲ့့့့့့့သူတို့က အရက်မသောက်လို့ အသက်ရှည်ကျန်းမာနေတဲ့ ယောကျာ်းမျိုးတွေတွေ့ဖို့လိုသေးတယ် ဒါနဲ့နောက်တစ်ရွာဆက်ကြတယ်.... နောက်တစ်ရွာ ရောက်တော့ အသက်ရှစ်ဆယ်ကျော်အဖိုးကြီးတစ်ယောက် အိမ်ရှေ့မှာပေါက်ဆိန်ကြီးတစ်လက်နဲ့ထင်းတွေကိုတခွမ်းခွမ်းပေါက်နေတာ တွေ့ရတယ်....ဒါနဲ့သူတို့အဖွဲ့က အဖိုးကြီးနားသွားပြီးမေးကြတယ်... "အဘ အသက်ဘယ်လောက်ရှိပြီလဲ" "အဘအသက်က ၈၂ နှစ်ပါကွယ် " "အဘ အရက်သောက်လား" "မသောက်ပါဘူးကွဲ့" သူတို့အဖွဲ့ဟာ သူတို့ရှာနေတဲ့သူမျိုးတွေ့ပြီ အရက်မသောက်တ...
- Get link
- X
- Other Apps
ခွေးတစ်ကောင်ဟာ မီးခဲကိုနင်းမိရင် ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ နောက်တစ်ကောင်ကထပ်နင်းမိလည်း ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ သူနင်းမိလို့ပူတဲ့ကိစ္စကို တစ်ခြားခွေးတွေကို မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့ျမာ ဘာသာစကားမၿရိလို့ ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ ကမ္ဘာဦးအစခွေးတွေကနေ ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ တို့တစ်တွေလူတွေမှာတော့ အဲ့ဒီလိုမဟုတ်ဘူး ဘာသာစကားရှိတယ် မင်းတို့ငယ်ငယ်ကတည်းက တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ အမေဖြစ်သူက အဲ့ဒါမကိုင်နဲ့ ပူပူ အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့ မင်းကိုင်ပါဦးမလား မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့် မင်း မီးကို အပူမှန်းသိသွားတယ် ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ် အောက်ဆီဂျင်ကို ခုချက်ခြင်း မင်းဓာတ်ခွဲခန်းထဲမှာ မင်းရှာဖွေထုတ်နိုင်တယ် အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူး ဒါပေမယ့် ရှာတွေ့ခဲ့တဲ့ပညာရှင်က လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ် ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ ပညာသင်တယ် ပညာရှာတယ်ဆိုတာ ဒါပဲလေ ဘာသာစကားၿရိလို့ တစ်ပါးသူရဲ့အတွေ...
- Get link
- X
- Other Apps
အမျိုးသမီးတစ်ယောက်သည်အကျဉ်းထောင်သို့ သွားပြီးသိပ်မကြာခင်ကမှအနှစ် ၄၀ ထောင်ချခြင်းခံခဲ့ရသော ခင်ပွန်းဖြစ်သူထံသို့ ထောင်ဝင်စာ သွားတွေ့လေသည်။ သူမသည် ဧည့်တွေ့ခန်းအတွင်းတွင် ခင်ပွန်းဖြစ်သူ နှင့် တွေ့လျှင်တွေ့ခြင်းခင်ပွန်းဖြစ်သူအား ဖက်လိုက်ပြီး နောက် အော်ဟစ်ကာငို လိုက်လေသည်။ " အမလေး! ကိုဘမောင်ရဲ့ အနှစ် ၄၀ ကြီးများတောင်တဲ့ ကိုဘမောင် ရဲ့!" ထိုအခါ ခင်ပွန်းဖြစ်သူက နှစ်သိမ့်လိုက်သည်။ " အေးပါကွာ! မိန်းမရာ...ဒါ့ထက် မင်း ဘာတွေ လုပ်မယ်လို့ စိတ်ကူးထားလဲ ဟင်?" အမျိုးသမီးကလည်း တရှုံ့ရှုံ့ လုပ်လိုက်ပြီးမှ ပြန်၍ ပြောလိုက်သည်။ " ကိုဘမောင်ရယ်... ကျမလေ ရှင့် အမှုကိုကိုင်တဲ့ တရားသူကြီးကို သွားတွေ့လိုက်တယ်...ရှင့်!" " သူက မင်းကို ဘာပြောသလဲ?" ဟု ကိုဘမောင်ကမေးသောအခါ သူမက ပြန်၍ ပြောလေသည်။ " သူက လေ... ကျမကိုသူနဲ့ တစ်ညတာ လာအိပ်တိုင်း ရှင့်ရဲ့ အပြစ်ဒဏ်ကိုတစ်နှစ် လျှော့ပေးမယ်..တဲ့ " " ဘာ...!! တော်တော်စက်ဆုတ်စရာကောင်းတဲ့ အကောင်ဘဲ!အဲ့ဒီတော့ အဲ့ဒီ့ခွေးမသားကို မင်းက ဘာပြန်ပြောလိုက်သလဲ?" ဟု ကိုဘမောင်က ဒေါသတကြီး အော်၍ ပြောလိုက်သည်။ ထိုအခါ အမျိုးသမီးသည် ဤကဲ့...
- Get link
- X
- Other Apps
ဆိုင်ကယ်နဲ့သွားနေရင်းနဲ့ တစ်ယောက်က လှမ်းအော်သွားတယ်... 💥 အရှေ့မှာ ပစ်နေပြီ ... ပြန်လှည့် ... ပြန်လှည့်... ပြန်လှည့် တဲ့...... အာ့တာ ကြားတာနဲ့ ၂လမ်းကျော်လောက်က ဆိုင်ကယ်တွေ ကားတွေ ပြန်လှည့်သွားကြတယ်၊ တချို့တွေလည်း စပ်စပ်စုစုနဲ့ လာမေးတယ်၊ "ဘာဖြစ်တာလဲ အကို" တဲ့၊ "ရှေ့မယ် ပစ်နေလို့၊ရပ်စောင့်နေတာ" ဆိုတော့"ဒီကောင်တွေ တော်တော်ယုတ်မာ နေပြီ" တဲ့ တချို့ကလည်း လှမ်းပြောတယ်၊ "ဆိုင်ကယ်တွေ ကားတွေကို ကန့်လန့် ပိတ်လိုက်" တဲ့ အဲ့အနီးအနားက အိမ်တွေကတော့အိမ်ရှေ့ ရပ်ထားတဲ့ကားတွေကို အထဲသွင်းလိုက်ပြီ၊ တချို့ လူတွေကတော့ ဒီဖက်ကို မလာဖို့ အိမ်ရှေ့ရပ်ပြီး အော်ပေးနေကြတယ်... "ခဏလေး သွားကြည့်မယ် အန်တီ--- ဆိုင်ကယ် ခဏထားခဲ့မယ်" လို့ ပြောတာကို မြန်မာကားထဲက အမေခန်းသရုပ်ဆောင် တွေလို "မသွားပါနဲ့ သားရယ်" လုပ်နေလို့ "သား သွားမှဖြစ်မယ် အမေ" ဆိုပြီး ထွက်လာတော့လူတွေအများကြီးပဲ ဆာလာအိတ်တွေခြင်းတောင်းတွေနဲ့ ထွက်ပြေးနေကြတာ... ငါတော့ ပစ်ကွင်းထဲ ဝင်နေပြီလားဆိုပြီး နီး...
- Get link
- X
- Other Apps
တနေ့သ၌ စုဖုရားလတ်သည် public ဖြင့် post တစ်ခုကို တင်လိုက်သည်။ ” လောကမှာ ယောက်ကျားဒီလောက်ရှားသလား သူများလင်ကိုလုသူစနှိုက်ကြော်မတွေ အရှင်မထားဘူး ပုံ အချစ်ကြီးသူ su " မောင်းမတော်တွေက "Share ပါရေစ ဖုရား" "အားပေးတယ် ဖုရား" "အံ့ပါရဲ့တော် ဒီလိုမိန်းမတွေ ဒီခေတ်ကြီးထဲရှိနေတာ၊ တိုင်းပြည်သိက္ခာကျတယ် ချချ " စသည်ဖြင့် မြှောက်ထိုးပင့်ကော်လုပ်နေကြတာပေါ့။ ဒါကို စုဖုရားကြီးမြင်တော့ လိုက်တော့မပေးဘူး မန့်တစ်ခုရေးတယ်။ " ဟဟတောင် တစ်ဝက်ပဲရမယ်ကောင်မ " အဲ့လိုလည်းမန့်ရော စုဖုရားလတ်က replyပြန်တယ်။ "ယောက်ကျားမရနိုင်တော့တဲ့ FA အပျိုကြီးတွေ အေးဆေးနေပါ" ဆင်ဖြူမရှင်က အသည်းလေးပေးပြီး မန့်တယ်။ ”ချချအားပေးတယ် စမီးတဲ့ " ကင်းဝန်မင်းကြီးက. "ဒီကိစ္စက လွတ်တော်မှာအဆိုတင်သွင်းပြီးမှ ဝိုင်းဝန်းဆုံးဖြတ်သင့်ကြောင်း" မန့်တယ်။ ဒါကိုလည်း ချက်ချင်းဆိုသလို reply ပြန်တယ်။ "နေ့ရွှေ့ညရွှေ့လုပ်နေမယ်ဆိုရင် ဟွင်းဟွင်း "တဲ့ ဒါကို သီပေါမင်းကလည်း တွေ့တယ်" woo..."reacted ပေးတယ်။ ပြီးတော့ မောင်မောင်တုတ်နဲ့ မောင်ဖေငယ် သိအောင်လည်း share ပေးလိုက်သေးတယ်။( သ...
- Get link
- X
- Other Apps
အသစ်စက်စက်မင်္ဂလာစုံတွဲ မင်္ဂလာဧည့်ခံပွဲပြီးတာနဲ့ ငပလီကို လေယာဉ်စီးပြီး ဟန်းနီးမွမ်းထွက်ခဲ့ကြတယ်။ မထွက်ခင် နှစ်ဖက်မိဖတွေကို ကန်တော့တဲ့အခါ သတို့သားရဲ့အမေက သားအနားမှာ တတွတ်တွတ်နဲ့ဆုတောင်းပေးနေတယ်။ အသစ်စက်စက်စုံတွဲ ရေမိုးချိုး ညစာစား လမ်းလျှောက်ကြပြီး ဟိုတယ်အခန်းထဲ ပြန်ဝင်ကြတယ်။ ညဉ့်လည်း နက်လာပြီ။ ယောက်ျားက လေသာဆောင်မှာ ကောင်းကင်ကကြယ်တွေကို ရေတွက်ရင်း သောင်ခြေနဲ့မြူးတူးနေတဲ့ ရေလှိုင်းပုတ်သံ ပင်လယ်ရေပြင်ထဲ ကနေတဲ့လရိပ်ဖြူဖြူ အုန်းလက်တွေ လေတိုးသံနဲ့အတူ ဆော့မြူးနေတာကို မက်မက်မောမော ထိုင်ကြည့်နေတယ်။ ဒါနဲ့ အသစ်စက်စက်သတို့သမီးက ' ကိုရေ - ညဉ့်နက်နေပြီ လာလေ အိပ်ရာဝင်ကြရအောင် " ညုတုတု ခရာတာတာလေး လှမ်းခေါ်လိုက်တော့ " နေစမ်းပါအုံး အမေကမှာလိုက်တယ် ဒီည အလှဆုံးညပဲ သား တဲ့။ ငါ ဒီအခွင့်အရေးကို လက်လွတ်မခံချင်ဘူး။ အချစ်လေး အိပ်တော့ " တဲ့ Crd 😂😂😂 MHA
- Get link
- X
- Other Apps
လင်မယားနှစ်ယောက် မြို့ပြင်ကို ကားမောင်းထွက်လာကြရင်း တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုန်လုပ်ကာ စိတ်ဆိုးနေကြလို့ ကားထဲတိတ်ဆိတ်နေတယ်။ မြို့ပြင်တစ်နေရာအရောက် လမ်းဘေးမှာ ဝက်တစ်ကောင်ရယ် ခွေးတစ်ကောင်ရယ် နွားတစ်ကောင်ရယ်တွေ့တော့ ယောက်ျားလုပ်သူက ဇနီးကို လှမ်းမေးလိုက်တယ်။ " အဲဒါတွေ - မင်းနဲ့ အမျိုးတော်သလား " ခေသူမဟုတ်တဲ့ဇနီးက ချက်ချင်း ခွန်းတုန့်ပြန်ဖြေလိုက်တာက " တော်တာပေါ့ .... သူတို့က ခဲအိုရယ် မတ်ရယ် ယောက်မရယ် " 🤣🤣🤣🤣🤣 MHA
- Get link
- X
- Other Apps
သားတစ်ယောက် မိဘတွေ နေတဲ့မွေးရပ်မြေ တော ရွာလေးကို အလည်ပြန်လာတယ် ....... ဒါပေမဲ့သူဟာခွင့်၂ ရက်ပဲရခဲ့လို့ တစ်ညတည်းအိပ်ပြီးနောက်နေ့မနက် စောစော ၆ နာရီ လောက် မြို့ကားအမှီ ထပြန်ရမှာ ........ အဲ့ဒီည သားအမိနှစ်ယောက်သားရှေးဟောင်းနှောင်းဖြစ်တွေ အလုပ်အကိုင်အကြောင်းတွေ ကိုထိုင်ပြောကြရင်း ညဉ့်တော်တော်နက်သွားတယ် ........ သွားမအိပ်ခင်လေးမှာသားဖြစ်သူဟာ သူ့အမေကို နောင်တ ကြီးစွာနဲ့ပြောတာ "အမေရယ် သား ဒီတစ်ခေါက်ပြန်လာရတာအရမ်းကို အလောတစ်ကြီးနိုင်လိုက်တာ နောက်တစ်ခါဆို သားအမေနဲ့ အကြာကြီးနေလို့ရအောင် ကြိုးစားပါ့မယ် သားလေအမေလုပ်ကျွေးတဲ့ ငှက်ပျောမုန့်ဖက်ထုပ် ကို အရမ်းကြိုက်တာပဲ ဘယ်မှာပဲဝယ်စားစားအမေ့လက်ရာကိုလုံးဝမမှီဘူး " သားရဲ့အပြောကြောင့် အမေ့ရဲ့မျက်နှာမှာပီတိ တွေနဲ့ပြုံးသွားတယ် ပြောပြီးတာနဲ့သားဖြစ်သူဟာ မနက်ကျသူစောစောထရမှာမို့ အမေ့ကိုနုတ်ဆက်ပြီးအိပ်ခန်းဆီသွားခဲ့တယ် .......... သားဖြစ်သူ သွားအိပ်ပြီးတဲ့နောက် အမေဖြစ်သူဟာ မအိပ်ချင်တော့ဘူးလို့ခံစားရတယ် သူမဟာ သူမအခန်းဆီလျှောက်သွားပြီး အိပ်ပျော်နေတဲ့သူ့မခင်ပွန်းကိုသွားနှိုး...
- Get link
- X
- Other Apps
ဆရာကန်တော့ပွဲ ****************** " ကျူပ် ဝေခွဲမရတဲ့ပွဲပဲ " မတိုင်မီတော့ အလှူငွေ လာကောက်ရင်း ပြောသွားတယ် ဘာတဲ့....... " တို့ သူငယ်ချင်းတွေ ဆုံရတာပေါ့ ။ လာဖြစ်အောင် လာနော်တဲ့ " မျှော်လင့်စိတ်နဲ့ အစောကြီးပဲ ကျောင်းကို ရောက်သွားတယ် ဘယ်မှာလဲ ကျူပ်ရဲ့ အတန်းဖော်သူငယ်ချင်းတွေ...... မြို့ပြ အင်ဂျင်နီယာဆိုတဲ့အကောင်က ကားအကောင်းစားကြီးနဲ့ လာတယ် ။ နှုတ်မဆက်ဘူး ။ ဆရာဝန်မက ဆိုင်ကယ်အကောင်းစားနဲ့ လာတယ် ။ ငဲ့မကြည့်ဘူး ။ ကုမ္ပဏီပိုင်ဆိုတဲ့အကောင်က ဘွတ်ရှ်ရှူးအကောင်းစားနဲ့ လာတယ် ။ ဖုန်းပြောမပျက်ဘူး ။ အတန်းပိုင်ဆရာမက ကျူပ်ကိုတွေ့တော့ " ငဖျင်းကောင် ခုထိ ဖျင်းနေတုန်းလားတဲ့ " သူငယ်ချင်းတွေ ဝိုင်းရယ်ကြတယ် ။ ဟိုအကောင်က " မင်း အလုပ်လိုချင်ရင် ငါ့ကုမ္ပဏီမှာ လျှောက်လွှာ လာတင်ထားလိုက်လေ ။ အင်တာဗျူးဖြေလို့ ငါ့ မန်နေဂျာက ခန့်ရင် ငါကုမ္ပဏီမှာ မင်း အလုပ်ရပြီတဲ့ " သူ့မန်နေဂျာက ခန့်မှ အလုပ်ရမယ်တဲ့လား ။ အဲ့ဒါဆို မင်းနဲ့ငါ သူငယ်ချင်းဆိုတဲ့ အခွင့်ရေးကြီးက အလကားပေါ့ ။ အေးပါလေ ကြည့်ရသေးတာပေါ့ အခန်းနား စပြီ ။ ကျူပ်လည်း ကျောင်းအပြင်ဘက်ကို လွတ်လပ်ပေါ့ပါးစွာ ထွက်လာခဲ့ပြီ ။ ဆရာကန်တော့ပွဲဆို...
- Get link
- X
- Other Apps
တခါက မြန်မာသုံးယောက် သင်္ဘောမှောက်ပြီး ကျွန်းတကျွန်းပေါ် ရောက်သွားကြတော့ တယောက်က ပြည်ထဲရေးဝန်ကြီး လုက်တယ် နောက်တယောက်က လူအခွင့်ရေးဝန်ကြီးလုက်တယ် နောက်ဆုံးတယောက်က စီးပွားရေး ဝန်ကြီးလုက်တယ် နောက်တလလောက်ကြတော့ သုံးယောက်လုံး သေသွားကြတယ် ပြသနာက သုံးယောက်လုံးက ဝန်ကြီးတွေဘဲဆိုတော့ အလုက်သမားမရှိတာနဲ့ အစာရေစာ ပြက်ပြီးသေသွားကြရရှာတယ်😂😂 Crd😂
- Get link
- X
- Other Apps
** သမားဆို "အို" မှ ** လက်မခံချင်လည်း နေကြပါလေ.... အတွေ့အကြုံဆိုတာ အလကားမဟုတ်ပါဘူး။ ထက်ထက်မြက်မြက် လူငယ်ဆရာ၀န်လေးတစ်ယောက် စေတနာလည်း ကောင်းတယ်။ သူ့ဆီကို တစ်ရက်တော့ လူနာအမျိုးသမီးလေးတစ်ယောက် ရှက်ရှက်နဲ့ အားကိုးပြီး လာပြတယ်။ မိန်းမကိုယ်မှာ အနာရှိတယ်ပေါ့။ ဆရာ၀န်လေးက ဒါမျိုးတော့ ပျင်းတယ်ပေါ့။ သေချာကို ကုပေးတာ..... ဒါပေမဲ့... တစ်လလောက်သာ ကြာတယ် မပျောက်ဘူး။ အဲဒါနဲ့ ဆရာဝန်လေးခမျာ ... လူနာကို သူ့ဆရာ ဆရာ၀န်ကြီးဆီ လွှဲရတယ်။ ဆရာ၀န်ကြီးက အိုရှာပါပြီ ။ ဒီလိုနဲ့... ဆရာ၀န်ကြီးက သူ့တပည့်လွှဲတဲ့လူနာမလေးကို ဘာမှမမေးခင် သူ့တပည့်ပေးတဲ့ဆေးတွေ ကုထားတာတွေ သေချာကြည့်တယ်... အကုန်မှန်နေတယ်... ဆရာ၀န်ကြီးက... လူနာကောင်မလေးကို တစ်ခုပဲ မေးတယ်... “ သမီးက အိမ်ထောင်သည်မို့လား၊ သမီးယောက်ျား ကွမ်းစားလား ” တဲ့.... လူနာကောင်မလေးက.... “ ဟာ ဟုတ်တယ်ဆရာကြီး အိမ်ထောင်သည်ပါ။ အမျိုးသားက ကွမ်းအရမ်းစားတယ် ” လို့ ဖြေတော့... ဆရာကြီးက တစ်ချက်ပြုံးပြီး..... “ အေး.... ညည်းဟာက ထုံးပေါက်တာကွဲ့ ။ ယောက်ျားကို ကွမ်းဖြတ်ခိုင်းရင် ပျောက်ပြီ "😁😁 သမားဆို အို မှနော် . . . 😂😂😂 #Credit
- Get link
- X
- Other Apps
#ဘုရင်ကြီးနှင့် သူဤအယုံကြည်ရဆုံး သူရဲကောင်းများ# (18+ ဟာသတို) -ဝမ်းစပွန်းအေတိုင်းပေါ့😁 ဗုရင်ကြီးက တိုင်းခန်းလှည့်လှည်ရန် အလို့ငှာ ရွှေနန်းတော်မှ ထွက်ခွာရန်ပြင်ဆင်နေသတဲ့.....သို့သော် သူ့ဘဝင်မချမ်းမြေ့စရာ ကိစ္စများမြောင်တွေထဲက တစ်ခုဖြစ်တဲ့ အလွန်အင်မတန်ချောေမာလှပ စက်စက်ယို ခပ်ယွယွ မိဗုရားကြီး ကြောင့် သောကများနေရသတဲ့..... တိုင်းခန်းလှည့်ရာခေါ်သွားပြန်ရင်လည်း ခုခေတ် ဒီဂျေသမားတွေ စကားမပီကလာပီကလာလေးတွေပြောတတ်တဲ့ ဖြူဖက်ဖြူရော် ခက်နွဲ့နွဲ့ ဆံပင် သက်တံ့ရောင် ပုဇွန် စပိုက်စီအနက်ရောင်လေးတွေကျွေးတတ်တဲ့ လုင်ဇိုးလေးတွေနဲ့ တွေ့လို့ မျက်စိကျသွားရင်လည်း ဗုရင်ကြီး စောက်ရှက်ကွဲပြီ ဖြစ်တော်မူမှာ လည်းစိုးရ.. နန်းတွင်းထဲထားခဲ့ပြန်တော့လည်း ဗုရင်ကြီး ပြည်ပနိုင်ငံများထွက်ခွာရင် မူးကြီးမတ်ရာစစ်သေနာပတိချုပ်တွေက. နှိုက်နှိုက်မြည်းကြတယ်ဆိုတဲ့သတင်းက ခပ်သဲ့သဲ့ကြားထားပြန်တော့ ဗုရင်ကြီး အခက်တွေ့နေရှာသပေါ့.... နောက်တော့.... အိမ်း!@#$@#$$$$(ဗုရင်ကြီးစဥ်းစားနေတာနော်😁) ခပ်ကြောင်ကြောင်ဒီဂျေကောင်တွေနဲ့စာရင် ကိုယ့်ထဲကိုယ့်ဟာက ဖုံးထားဖိထားလို့ ရပါတယ်လေဆိုပြီး မိဗုရားကြီးကိုနန်းတော်မှာပဲထားခဲ့သတဲ့.... သို့သော်...သစ္စာစောင့်...
- Get link
- X
- Other Apps
အမှတ်တရ DJ ============ အခုရက်တွေမှာ Pop Newsတွေနဲ့ ပတ်သက်ပြီးထူးခြားချက်တစ်ခုကို သတိထားမိတယ်.. ဘယ်မင်းသားကတော့ DJ လိုင်းဝင် သွားပြီ|ဘယ် မင်းသမီး(ဒါမှမဟုတ်) မော်ဒယ်မ,လေးလည်း DJ အလုပ် ပဲလုပ်တော့မယ်..စသည်ဖြင့်တကူး တက..တရားဝင်'အော်'ပြနေတာမျိုး ကိုပါ.. အဲ့ဒီ DJ ဆိုတာ တူရိယာ/ဂီတနဲ့ ဆိုင်တဲ့ Instrument အသုံးတစ်ခု အနေနဲ့ပဲသိပြီး တီးခတ်ရတာလား..? မှုတ်တာလား..? ဒါမှမဟုတ်ဘဲ Computer Program နဲ့ Arrange လုပ်ရတာမျိုးလား..?ကိုယ်သေချာ မသိပါဘူး.. (အနုပညာနဲ့ပတ်သက်လို့ လေချွန် တာတောင်အဖြစ်မရှိတဲ့ကိုယ့် အတွက် DJ ဆိုတာတော်တော်စိမ်း နေတဲ့အကြောင်းပါ..😜) ဒီနေ့ ကာတွန်းတစ်ကွက်ကိုဖတ်မိ တော့မှ DJဆိုတာဘာလဲဆိုတာကို ရိပ်မိတယ်.. ဒီကာတွန်းကိုဖတ်ရင်း 'ကလျာ' မဂ္ဂဇင်းတစ်အုပ်မှာဖေါ်ပြခဲ့တဲ့ဆရာ ကာတွန်း'မောင်ဝဏ္ဍ'လက်ရာတစ်ခု ကိုသတိရနေမိတယ်.. အိမ်ဆောက်နေသူက 'ဘဝဆိုတာ တည်ဆောက်ခြင်း'လို့ပြောတယ်| ပန်းပုထုရင်းမလိုတဲ့အသားတွေကို ဖဲ့ထုတ်နေတဲ့ ပန်းပုဆရာက'ဘဝ ဆိုတာ ဖဲ့ထုတ်ခြင်းပဲ'လို့ဆိုပြန်တယ်| အိုးထိန်းသည်ကတော့ ရွံ့နဲ့လုပ်ထား တဲ့အကြမ်းထည်ကို စက်တင်ပြီး ချောမွေ့အောင်ပွတ်ရင်းဘဝဒသန ဖွင့်တယ်.....
- Get link
- X
- Other Apps
သူ့သမီး လိုချင်ရင် ****************** သူ့အမေကိုကြည့်တဲ့ ဘာသွားကြည့်မှာလဲဗျ ။ အရွယ်တင်လား အိုလွယ်သလား လှလား နုလား ဝလား ပိန်လား ဖြူလား မဲလား ကျစ်လား ပွလား ရွဲလား ပလဲလား အဲဲ့ဒါတွေ မဟုတ်ဘူးဗျ " သူ့အမေကို သူက ဘယ်လို ဆက်ဆံလဲ ဆိုတာကို ကြည့်ခိုင်းတာ " သူ့အမေကို သူက ရိုရိုသေသေ ပြုစု စောင့်ရှောက်ပြီး ဆက်ဆံတတ်လေ့ရှိသူမှ ကိုယ့်အမေကိုလည်း သူ့အမေလို သဘောထားပြီး ရိုသေလေးစားမယ်ဗျ ။ အဲ့ဒါကို ကြည့်လို့ ပြောတာ သိပီလာ့......😊 Crd ( လွယ်လေး )
- Get link
- X
- Other Apps
မြန်မာ့ ဆိုင်းဝိုင်း တစ်ခုမှာ ဗုံ အရေအတွက်ဟာ ၃၁ လုံး ရှိတယ် ..။ ဆိုလိုချင်တာကတော့ ( ၃၁) ဘုံ ကို ကိုယ်စားပြုတာပါ ....။ လူ ဘုံ ( ၁ ) နတ် ဘုံ ( ၆ ) ဗြမ္မာ ဘုံ ( ၂၀ ) အပ္ပါယ် ဘုံ ( ၄ ) အားလုံး ပေါင်းတော့ ( ၃၁ ) ဘုံ ...။ အပ္ပါယ် ဘုံ ကို ကိုယ်စားပြု တဲ့ ဗုံ လေးတွေကို တုတ်နဲ့ တီးရပါတယ် ...။ ဒုက္ခဆင်းရဲခြင်း ကို မြင်စေ ချင်ယုံ ထင်ပါရဲ့ ...!!! ဗုံ အကြောင်းကလည်းရေးမယ်ဆို အတော်ရှည်လျှားတာ ... ပုံကိုကြည့်ပြီးးး.... ! ...။ ..... ...... ။ ............ ။ .... ........ ......... .......:.. ။ ။ ကျန်တာ က ဆက်ရှာဖတ်မနေနဲ့ ကျုပ်လည်း မသိတော့ဘူး .... ခင်ဗျားတို့ မျက်လုံးထဲ လည်း ဗုံ ကို မြင်ပုံ မရပါဘူး ဗျာ ....😊😁😅😂😉 Crd #crd_to_owner Myo Hein !!!