"ယောကျာ်း ရေ မြန်မြန်လာစမ်းပါအုံး..
ကျုပ်ဗိုက်တွေနာလာလို့...
"အား..ကျွတ်..ကျွတ်"..
"ဟေ..လာမယ် ခဏလေးပါ ကွ့.."
"ဗိုက်နာလိုသေတော့မယ်မြန်မြန်လာပါ..."
" ဟေး..ဗိုက်နာရင်လည်း
ပရုပ်ဆီလူးလိုက်လေကွာ...ခဏလေးပါဆို "
ဪ..တော့်မလဲ တစ်နေကုန်
ဒီအရက်တွေဘဲသောက်နေတော့မှာလား??
ကျုပ်ဗိုက်နာတာ ခလေးမွေးချင်လို့နာတာ
ဝမ်းဆွဲဆရာမမြန်မြန်သွားပင့်ပေးစမ်းပါ
တော့်ကိုရှင်းပြနေရတာပိုမောတယ်.."
" ခလေးမွေးချင်လိုဗိုက်နာတာ.ဟုတ်လား
မပူစမ်းပါနဲ့မိန်းမရာ
ငါအဂ်ုလိမာလသုတ် ရွတ်တတ်ပါတယ်.."
" တော်ပါယောက်ကျား ရယ်
တော် ရူးကြောင် မူးကြောင်နဲ့
ပြောင်းပြန်ရွတ်မိလို့
ကျုပ် ပါးစပ်ကနေပြန်မွေးနေပါအုံးမယ်
ဆရာမကိုသာမြန်မြန်သွားပင့်ခဲ့ပါ..."
"အေ.အေ့ပါကွာမိန်းမရာ
ငါအမြန်သွားပင့်ခဲ့ပါမယ်... "
ဒီလိုနဲ့ခဏကြာသောအခါ... ။
"မိန်းမရေ ဝမ်းဆွဲဆရာမ ပင့်ခဲ့ပြီ.
ဆရာမကျွန်တော့်မိန်းမဗိုက်အရမ်းနာနေပြီ
မြန်မြန်လေးမွေးပေးပါ..ဗျာ."
" စိတ်ချပါ..
ကဲ ကျွန်မဆေးအိတ်ပေး
ရှင်က အပြင်မှာနေခဲ့..."
"ဟုတ်ကဲ့ပါ..ဆရာမ
လိုအပ်တာရှိရင်ပြောပါ..ဆရာမ.."
ဒီလိုနဲ.. !
ခဏအကြာတွင် တံခါးဖွင့်သံကြားပြီး
ဝမ်းဆွဲဆရာမက..
"ကျွန်မကို ပလာယာတစ်ချောင်းလောက်
ပေးပါအုံး..မြန်မြန်လေးယူလာခဲ့..
" ခင်များ..ပလာယာတစ်ချောင်းလိုတယ်
ဟုတ်လာ..ဆရာမ.."
" ဟုတ်တယ် မြန်မြန်လေးရှာလာခဲ့ "
" ဪ..ဟုတ်ကဲ့ဆရာမ "
"ပလာယာ ရပါပြီဆရာမ"
" ပေးပေး" ရှင်အပြင်ကဘဲစောင့်နေနော်
ဘယ်မှမသွားနဲ့
ဒီလိုနဲ့ ခဏကြာပြန်သောအခါ..
"ဝက်အူလှည့် တစ်ချောင်းထပ်ပေးပါအုံး"
"ဗျာ့"..ခလေးမွေးတာ ဝက်အူလှည့်လိုလို့လားဗျာ
ကျွန်တော့်မိန်းမ ဘယ်လိုဖြစ်နေလို့လဲ ဗျာ..!!
"ဪ..စကားတွေရှည်လိုတာ
ကျွန်မတောင်းတဲ့ ဝက်အူလှည့်တာမြန်မြန်ပေးပါ"
"ဟုတ်..ဟုတ်ကဲ့ပါ
ဝက်အူလှည့် ရပါပြီ
ပေး မြန်မြန်လေး...
ဆရာမကဝက်အူလှည့်ယူပြီး
အခန်းထဲပြန်ဝင်သွားပြန်တယ်
တစ်အောင့်ကြာတော့
ဆရာမကပြန်ထွက်လာပြီး
"မရတော့ဘူး
ကျွန်မကို တူနဲ့ စို့ တစ်ချောင်းတာရှာပေးပါတော့""
"ဗျာ..ဟို ဟိုကျွန်တော့်မိန်းမဘယ်လိုဖြစ်နေလို့လဲ? မွေးရခက်နေလို့လား ဗျာ..
စိတ်တွေပူလို့ ပါ..
" တော့်မိန်းမကဘယ်လိုမှမဖြစ်ဘူး...
ဖြစ်နေတာက ကျွန်မ..
ကျွန်မဆေးပုန်းကို ဖွင့်မရသေးလို့
ရှင်မိန်းမကို ခု့ချိန်ထိ့ကိုင်ကိုမကိုင်ရသေးတာ
ကဲ..ရှင်းပြီလားးး???..."
" ဟိုက်...!
😏🙁
😁😅😂
😬🤕😭😥😨☹
Crd
CRD: :::
Myo Hein !!!
Comments
Post a Comment