အရက်သောက်ရင် အသက်ရှည်တယ်
===========================
တစ်ခါကပေါ့ .... အရက်သောက်သုံးမှု့ဆန့်ကျင်ရေး အသင်းတစ်သင်းရှိပါတယ်။
သူတို့ဟာအရက်သောက်ရင် အသက်တိုတတ်ကြောင်း အရက်မသောက်တဲ့သူတွေဟာ အသက်ရှည်ကြကြောင်းကို တင်ပြဖို့အတွက် ရွာတွေကို ခရီးထွက်ကြတယ်။
ပထမ ရွာတစ်ရွာ ကိုတွေ့တော့ အသက်ရှစ်ဆယ်ကျော် မိန်းမတွေဘဲ များနေတဲ့ ရွာကိုတွေ့ကြတယ်။
ဒါနဲ့ မေးကြည့်တော့ ယောကျာ်းတွေက အရက်သမားတွေများလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကုန်ကြတယ် ပြောတယ်..ဒါနဲ့ သူတို့အဖွဲ့ကဒီရွာကို မှတ်တမ်းတင်ကြတယ်
....
အရက်သောက်သူတွေဟာ အသက်ရှည်ရှည်မနေရဘူးဆိုတဲ့အကြောင်း..
ဒါနဲ့့့့့့့သူတို့က အရက်မသောက်လို့ အသက်ရှည်ကျန်းမာနေတဲ့ ယောကျာ်းမျိုးတွေတွေ့ဖို့လိုသေးတယ်
ဒါနဲ့နောက်တစ်ရွာဆက်ကြတယ်....
နောက်တစ်ရွာ ရောက်တော့ အသက်ရှစ်ဆယ်ကျော်အဖိုးကြီးတစ်ယောက် အိမ်ရှေ့မှာပေါက်ဆိန်ကြီးတစ်လက်နဲ့ထင်းတွေကိုတခွမ်းခွမ်းပေါက်နေတာ
တွေ့ရတယ်....ဒါနဲ့သူတို့အဖွဲ့က အဖိုးကြီးနားသွားပြီးမေးကြတယ်...
"အဘ အသက်ဘယ်လောက်ရှိပြီလဲ"
"အဘအသက်က ၈၂ နှစ်ပါကွယ် "
"အဘ အရက်သောက်လား"
"မသောက်ပါဘူးကွဲ့"
သူတို့အဖွဲ့ဟာ သူတို့ရှာနေတဲ့သူမျိုးတွေ့ပြီ အရက်မသောက်တဲ့သူဟာ အသက်ရှည်ကျန်းမာတဲ့အကြောင်းလူထုကို ပြလို့ရပြီ လို့ ဝမ်းသာ အားရ နဲ့ .....
ဒါနဲ့ အဖိုးကြီးနဲ့ဝိုင်းပြီး အင်တာဗျူးတွေလုပ်ကြ
ဓာတ်ပုံတွေရိုက်ကြ လုပ်နေကြတုန်း....အဖိုးကြီးရဲ့
အိမ်ပေါ်က ..ဝုန်း ဒိုင်း နဲ့ဆဲသံဆူသံတွေကြားရတော့
ကြောက်လန့်ပြီး အဖိုးကြီးကိုမေးကြတယ်...
"အဘ အိမ်ပေါ်က ဘာဖြစ်တာလဲဟင်"
"မကြောက်ပါနဲ့ ငါ့မြေးတို့ အဲ့ဒါ အဘရဲ့အဖေပါ"
"သူက ..... မူးရင် သွေးဆိုးတယ်ကွဲ့"
:P
:P
creditမင်းလူ
Via..Soelamin
Comments
Post a Comment