#ကိုယ့်စိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်လိုက်သူခပ်ဆိုးဆိုးကျောင်းသားလေး💚💛


💚စာသင်ခန်းတခန်းလုံးက 

ဝိုင်းဟားတာ ခံခဲ့ရတဲ့ 

လူဆိုးလေး--


တခါတုန်းကကျောင်းဆရာမ 

တယောက်ဟာ 

သူ့အတန်းထဲက ခပ်ဆိုးဆိုး 

ကျောင်းသားလေး တဦးကို 


သားကြီးလာရင် ဘာလုပ်

မှာလဲ " လို့ 

မေးလိုက်တဲ့ အခါ 


ကျောင်းသားလေးက 

မဆိုင်းမတွဘဲ " 


ကျနော် ရုပ်ရှင်မင်းသား

လုပ်မယ်၊ 


ပြီးရင် ဗိုက်ဆာနေတဲ့ 

သူတွေကို 

မုန့်လိုက်ကျွေးမယ် 

လို့ ဖြေလိုက်တယ်။


အဲဒီလိုလည်း ဖြေရော 

အတန်းဖော်တွေက " 

ဒီကောင် စောက်ပေါ " ဆိုပြီး 

သူ့ကို ဝိုင်းဟားကြတယ် ။ 


ဆရာမကလည်း 

မင်းလုပ်ချင်တာတွေက 

အရမ်း စိတ်ကူးယဉ် 

ဆန်လွန်းတယ်၊ 


တခြားအရာတွေကို 

ပြောင်းစဉ်းစားတာ 

ကောင်းလိမ့်မယ်" လို့

ပြောခဲ့တယ်။


နောက် နှစ်ပေါင်း

၂၀ ကျော် ၃၀ ခန့် ကြာတဲ့

အခါ 

အဲဒီ ကျောင်းသားလေးဟာ 

သူပြောခဲ့တဲ့ အတိုင်း 


ကမ္ဘာ့ ရုပ်ရှင်လောကရဲ့ 

ဝင်ငွေ အမြင့်မားဆုံး 

အချမ်းသာဆုံး မင်းသား၊ 


၂၁ ရာစု 

ဥရောပနဲ့ အမေရိက က 

လူတွေ အားလုံးထက် 

သြဇာရှိတဲ့ ပုဂ္ဂိုလ်တယောက် 

ဖြစ်လာခဲ့တယ် ။


သူဟာ အိန္ဒိယနိုင်ငံရဲ့ 

အာဟာရချို့တဲ့သူ ၄ သန်း 

ကျော်နဲ့ 

ကမ္ဘာ့ အိမ်ခြေရာမဲ့တွေ 

အတွက် သူရရှိတဲ့ 

အနုပညာကြေးငွေ 

၇၅ % ကို လှူဒါန်းထား 

ပါတယ် ။ 


ဒါတွေကြောင့်လည်း 

အဂ်လန်ဘုရင်မကြီး 

Elizabeth ကိုယ်တိုင်က 

သူ့ကို ဂုဏ်ထူးဆောင် 

ပရဟိတသမားဆု 

ပေးအပ်ခဲ့ ပါတယ် ။


ထိုသူကား အခြားမဟုတ် 

အချစ်၊ အလွမ်း၊ အဆွေး၊ 

အကြမ်းအရမ်း 

အကုန် ရတဲ့ ကျနော်တို့ရဲ့ 


အသည်းကျော် 

Bollywood ဘုရင်ကြီး 

shah rukh khan 

(ရှရွတ်ခမ်း) ပင် ဖြစ်သည် ။


တခြားလူတွေ မင်းအပေါ်

မြင်တဲ့ အမြင်က 

အရေးမကြီးပါဘူး ။ 


မင်းရည်မှန်းချက်အပေါ် 

ထားတဲ့ မင်းရဲ့အမြင် 

ကသာ အရေးအကြီးဆုံးပါ ။ 


သူတောင်းစားတွေ 

မှာလည်း ရှင်ဘုရင်ဖြစ်ခွင့် 

အိပ်မက် ရှိပါတယ်။ 


မဖြစ်နိုင်ဘူး ဆိုတာ 

တကယ် သေချာပြီလား ?


Credit မူရင်းရေးသားသူ

#တာဇဲ

😁😁

မျှဝေသည်။

Comments

Popular posts from this blog

ချောတယ်လို့