#မိန်းမမာယာသဲကိုးဖြာဘုန်းကြီးအလည်နဲ့တွေ့သောအခါ

******************************

#တစ်ခါတုန်းကဘုန်းကြီးတစ်ပါးဟာ

ဆွမ်းခံပျင်းတော့ နေမကောင်းလို့ ခေါင်းမူးလို့

အဲဒီလိုအကြောင်းအမျိုးမျိုးပြပြီး ဒကာမအိမ်မှာ

မကြာခဏဆွမ်းသွားစားတယ်။ခဏခဏဆိုတော့ ဒကာမလည်း သဒ္ဓါတရားပျက်လာတာပေါ့။


တစ်ရက်တော့ ဘုန်းကြီးက

ဗိုက်နာလို့ဆွမ်းခံမထွက်နိုင်ဘူးဆိုပြီး ဆွမ်းစားရအောင်သွားပြန်တယ်။


#ဒီတစ်ခါတော့ဒကာမက 

ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် #ငါ့မာယာနဲ့ ပထုတ်မယ်လို့ကြိမ်းဝါးပြီး

ခုလိုပြောလိုက်တယ်။

#အရှင်ဘုရားတပည့်တော်မအိမ်မှာဆန်ပြတ်နေလို့ဆွမ်းကပ်စရာမရှိဘူး။

ဒါပေမယ့် တစ်ခြားအိမ်မှာရှိလို့ရှိငြား ထွက်ချေးကြည့်ဦးမယ်ဘုရားဆိုပြီး ဗန်းကလေးဆွဲထွက်သွားတယ်။


#ဘုန်းကြီးကအလည်ဆိုတော့

ဒါ ငါ့ကိုညာတာဖြစ်နိုင်တယ်ဆိုပြီး

ဒကာမထွက်အသွားမှာ မီးဖိုချောင်ထဲဝင်ပြီး

ထောက်လှမ်းရေးလုပ်တော့တာပေါ့။

အိုးထဲဖွင့်ကြည့်လိုက်တော့ ငကျွဲဆန်တွေအပြည့်တွေ့ရတယ်။

ပြီးတော့ ဆီ ငါးရံ့ခြောက်ပြား ကြံချောင်းကြီးတစ်ချောင်းကိုတောင် နံရံမှာ ထောင်ထားတာတွေ့သွားတယ်။


#ဒကာမကတော့

သူ့လုပ်ရပ်အပိုင်ပဲဆိုပြီး တစ်ခြားအိမ်က ခဏနေတော့ပြန်လာတယ်။

အိမ်ရောက်တော့ တပည့်တော်မ ဆန်ချေးလို့လည်းမရဘူးဘုရား

ဒါကြောင့် ဒီနေ့တော့ ဆွမ်းမကပ်နိုင်တော့ပါဘူးဘုရားဆိုတော့


#အဲဒီဘုန်းကြီးက ထင်သားပဲ 

ဒါကြောင့် လမ်းမှာ မဟုတ်တာကြီးနဲ့ ကြုံရတာပဲလို့ပြောတော့


#ဒကာမက ဘာမဟုတ်တာကြီးနဲ့ကြုံရတာလဲဘုရားလို့မေးလိုက်တယ်။


#ဘုန်းကြီးက ကျုပ်ဒီအိမ်ကို အလာလမ်းမှာ

မြွေဟောက်ကြီးတစ်ကောင်နဲ့ တွေ့တယ်ဗျာ။

ရှည်လိုက်တာ မပြောပါနဲ့တော့ဆိုတော့


#ဒကာမက ဘယ်လောက်များရှည်လို့တုန်းဘုရားဆိုတော့


#ဒကာမမီးဖိုချောင်ထဲက ကြံချောင်ကြီးလောက်ရှည်တယ်လို့ဖြေလိုက်တော့ ဒကာမလည်း "ဟင်"ဆိုပြီး အံ့သြသွားတာပေါ့။


တစ်ခါဆက်ပြီးပြောတယ် ကျုပ်ကိုမြင်တော့ဗျာ

မြွေဟောက်က ဒေါ်သတကြီးနဲ့ပါးပျဉ်းကြီးကို

ထောင်ပြလိုက်တာ 

အဲဒီပါးပျဉ်းကြီးက ဒကာမကြီး မီးဖိုချောင်ထဲက

ငါးရံ့ခြောက်ပြားကြီးလောက်ရှိတယ်ဆိုတော့

ဒကာမကြီးလည်း ဟောတော့ ဆိုပြီး

အံ့သြသွားတယ်။


တစ်ခါမြွေဟောက်ကြီး ကျုပ်ကိုပေါက်မယ်ဆိုပြီးအစွယ်ကိုဖြီးဖြီးပြတယ်၊အဲဒီအစွယ်က ဒကာမကြီး ဆန်အိုးထဲက

ငကျွဲဆန်စေ့လောက်တော့ရှိတယ်လို့ဆိုလိုက်တော့


# ဒကာမကြီးလည်း

ကဲ ကိုယ်တော်ဘုရား အေးအေးဆေးဆေးပဲနေပါတော့ တပည့်တော်မ ဆွမ်းချက်ကပ်ပါတော့မယ်လို့

လျှောက်လိုက်ရပါတော့တယ်•••••••••••••


အညတရ အရှင်သောပါက မြိုင် 


# ပြန်လည်ကူးယူမျှဝေပါသည်

#လူကြီးမင်း

Comments

Popular posts from this blog

ချောတယ်လို့